၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း နယ်စခန်းများမှ ဆန်တန်ချိန်တစ်သန်းကျော်တင်ပို့

 

          မြန်မာ့ဆန်နဲ့ဆန်ကွဲကို နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တစ်ဖက်နိုင်ငံများသို့ တင်ပို့မှုများမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် ၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်စခန်းများမှ အများဆုံးတင်ပို့ပြီး ကန်ပိုက်တီးစခန်းမှလည်း တင်ပို့မှုရှိပါတယ်။ မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောစခန်းများမှလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်စခန်းမှ လည်းကောင်း ဆန်တင်ပို့ခဲ့ပါတယ်။ ဘဏ္ဍာနှစ်တစ်နှစ်လုံးအနေနဲ့ မြန်မာ့ဆန်တင်ပို့မှုမှာ အဆိုပါစခန်းများမှ ကန်ဒေါ်လာ ၄၁၆ ဒသမ ၃၇ သန်းဖိုး ရှိတဲ့ဆန်တန်ချိန် ၁၁၂၆၉၇၄ တန်ကျော်တင်ပို့ခဲ့ကြောင်းစာရင်းများအရ သိရှိရပါတယ်။

          ဆန်ကွဲတင်ပို့မှုမှာလည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကန်ဒေါ်လာ ၇၇ ဒသမ ၃၅၇ သန်းဖိုးရှိ ဆန်ကွဲတန်ချိန် ၂၃၅၄၈၂ တန်ကျော်တင်ပို့ထားခဲ့ပါတယ်။

                                                                        ယဉ်ယဉ်အေး MIRT