မြဝတီ၊ ကော့သောင်းနဲ့ မြိတ်နယ်စပ်စခန်းများမှ ရေထွက်ကုန် ကန်ဒေါ်လာ ၁၂ သန်း ကျော် တင်ပို့နိုင်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေး မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မတ်လအတွင်း ကန်ဒေါ်လာ ၁၂ ဒသမ ၁၆၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၁၂၂၈ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ြမဝတီကုန်သွယ်ရေးဇုန်အနေနဲ့ မတ်လအတွင်း ကန်ဒေါ်လာ သုည ဒသမ ၈၁၁ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ တန်၁၃၀ ကျော် ၊ ပုစွန် ၅ တန်ကျော်၊ ကဏန်း ၃၆ တန်ကျော်၊ ကမာခွံ တန် ၇၀၊ ငါးရှဉ့် ၄ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှလည်း ကန်ဒေါ်လာ ၃ ဒသမ ၄၃၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၄၀ဝ၉ တန်ကျော်၊ ပုစွန် ၁၇ တန်ကျော် ၊ ကဏန်း ၁ တန်၊ ပင်လယ်ငါးရှဉ့် ၁၃ တန် နီးပါး၊ရေဘဝဲ ၅ တန်ကျော်၊ကင်းမွန် ၈၉ တန်ကျော် ခရုခွံအနည်းငယ်တင်ပို့နိုင်ခဲ့ပါတယ်။မြိတ်နယ်စပ်စခန်းကတော့ ကန်ဒေါ်လာ ၇ ဒသမ ၉၂၃ သန်း တန်ဖိုးရှိ ရေငန်ပုစွန် ၁၅၇ တန်ကျော် ၊ ကင်းမွန် ၉ တန်နီးပါး၊ ကဏန်းပျော့ ၆၅ တန်၊ ကဏန်းသေးအသေ ၅ တန်နီးပါး၊ ငါးခြောက် ၄ တန်ကျော်၊ ငါးမျိုးစုံ ၅၅၄၇ တန်ကျော်၊ ငါးမှုန့်တန် ၉၈၀ ၊ ပုစွန်ခြောက် ၁၀ တန်ကျော်၊ သဲကဏန်းတန် ၃၀ ကျော်၊ ကဏန်းနီ ၃၅ တန်ကျော်နဲ့ ကင်းမွန်ပြုတ်အနည်းငယ်တင်ပို့နိုင်ခဲ့ပါတယ်။
ခင်မြနွယ် MIRT