ထိုင်းနိုင်ငံရဲ့ ပို့ကုန်ကျဆင်းလျက်ရှိ

 

   ထိုင်းနိုင်ငံရဲ့ ပို့ကုန်ဟာ ဇန်နဝါရီလမှာ မျှော်မှန်းထားသည်ထက် ပိုမိုကျဆင်းလျက်ရှိနေပြီး ၅ လအတွင်းမှာ အနိမ့်ဆုံး ပမာဏထိ ရောက်ရှိခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် အရှေ့တောင်အာရှရဲ့ ဒုတိယစီးပွားရေး အကောင်းဆုံး အဆင့်ကိုလည်း စွန်လွှတ် လိုက်ရပြီဖြစ်ပါတယ်။ အစိုးရအနေနဲ့ အခြေခံအဆောက်အဦ စီမံကိန်းများမှာ ပိုမိုသုံးစွဲနေချိန်မှာ ပို့ကုန်ဆောင်ရွက်နိုင် မှုလျော့နည်း လာတဲ့အပြင် ပြည်တွင်းသုံးစွဲမှု ဟာလည်း ကျဆင်းလာ လျက်ရှိပါတယ်။

    ပြည်ပပို့ကုန်ပမာဏဟာ ပြည်တွင်းထုတ်လုပ်မှုစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကျော်ရှိပြီး ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလထက် ၃ ဒသမ ၄၆ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာဆိုလျှင် အဆိုးရွာဆုံးသော ကျဆင်းမှုဖြစ်ပြီး ဩဂုတ်လ နောက်ပိုင်းမှာ အကြီးမားဆုံးသော ကျဆင်းမှုဖြစ်ပါတယ်။ ဒီဇင်ဘာလ ကုန်သွယ်မှုပမာဏကို ကြည့်လျှင် ပို့ကုန်  ၁ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း သွင်းကုန်က ၈ ဒသမ ၇ ရာခိုင်နှုန်းလျော့နည်းကျဆင်းခဲ့ပါတယ်။

  ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသို့ တင်ပို့မှုဟာ ၂၀ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံသို့ တင်ပို့မှုက ၇ ဒသမ ၅ ရာခိုင်နှုန်းထိကျဆင်းခဲ့ပြီး ယခုကဲ့သို့ ကျဆင်းရခြင်းမှာ လယ်ယာထွက်ကုန်ဈေးများ ကျဆင်းခြင်းကြောင့်  လို့ ဝေဖန်ထောက်ပြကြပါတယ်။ အထူးသဖြင့် ရော်ဘာဈေးဟာ ၄၁ ရာခိုင်နှုန်းထိကျဆင်းခဲ့တဲ့အတွက်လို့ သိရပါတယ်။

        ၂၀၁၃ ခုနှစ် နိုင်ငံရေးပြဿနာများ၊ ခရီးသွားလုပ်ငန်း၊ ပြည်တွင်းသုံးစွဲမှုများကို ထိခိုက်စေလျက်ရှိ ပါတယ်။ ၂၀၁၃၊ ၂၀၁၄ နှစ်များမှာ ပို့ကုန်သိသိသာသာကျဆင်းခဲ့ပြီး စီးပွားရေးပြန်လည်နလန်ထူရန် အဟန့်အတား ဖြစ်စေခဲ့ပါတယ်။

                                                                                တိမ်ကင်းစင်