မဏိပူရပြည်နယ်အစိုးရမှ စက်မှုနှင့် ကုန်သွယ်ရေးကော်မရှင်နာနဲ့အဖွဲ့ တမူးနယ်စပ်ကုန်သွယ်ရေးသို့လာရောက်

 

          မဏိပူရပြည်နယ် အစိုးရအဖွဲ့မှ စက်မှုနှင့် ကုန်သွယ်ရေးကော်မရှင်နာ Vivek Kumar Dewangan  ဦးဆောင်သော ကိုယ်စားလှယ် ၁၀ ဦးပါ အဖွဲ့သည် ၂၀၁၅ ခုနှစ် မတ်လ ၁ ရက်နေ့ ၁၃ း ၃၀ ချိန်တွင် တမူး နယ်စပ်ကုန်သွယ်ရေး စခန်းသို့ ရောက်ရှိလာပြီး OSS အဖွဲ့ဌာနတာဝန်ခံများ၊ နယ်စပ်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ပါသည်။

         တွေ့ဆုံပွဲတွင် မဏိပူရပြည်နယ်၊ စက်မှုနှင့် ကုန်သွယ်ရေးကော်မရှင်နာမှ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုရေးနယ်စပ်သို့ လာရောက်လေ့လာရင်း ၎င်းတို့ဘက်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှ Integrated Check Point (ICP) ဌာနစုံပါဝင်သည့် စစ်ဆေးရေးစခန်း တည်ဆောက်နေမှုကို လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း၊ မိုရေးနယ်စပ်တွင် FDA ရုံးတည်ဆောက်နိုင်ရေး ကိုလည်း စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ လစဉ်နှစ်နိုင်ငံ ခရိုင်အဆင့် ဌာနဆိုင်ရာ များဖြင့် ကုန်သွယ်ရေးနှင့်ပတ် သက်သည့် ဆွေးနွေးပွဲများ ကိုလည်း ပြုလုပ် လိုကြောင်း နှင့် မိုရေးနယ်စပ်တွင် တရား မဝင် ကုန်သွယ်မှုများ ပပျောက်အောင်လည်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်းအား ပြောကြား ခဲ့ပါသည်။

         စခန်းတာဝန်ခံမှ မိုရေးနယ်စပ်ရှိ အိန္ဒိယ အကောက်ခွန်ဌာန၏ ဂိုဒေါင်မှာတန်၂၀ဝခန့်သာဆန့်သဖြင့် ထပ်မံတိုးချဲ့ဆောက်လုပ်ရန် လိုအပ်လျက် ရှိကြောင်း၊ မိုရေး-အင်ဖာ ကုန်သွယ်မှု လမ်းကြောင်းမှာ မကြာခဏ ပိတ်ဆို့ နေသည့်အတွက် ကုန်သွယ်မှုလျင်မြန်ချောေ မွ့စေရေး၊ ကုန်သွယ်မှုတိုးတက်ရေးတို့အတွက် များစွာထိခိုက်မှုများ ရှိနေသဖြင့် ကုန်သွယ်မှုလမ်းကြောင်းအား ပုံမှန်သွားလာနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လစဉ်နှစ်နိုင်ငံ ခရိုင်အဆင့်ဌာန များဖြင့်ကုန်သွယ်မှုနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများပြုလုပ်နိုင် ရန်အတွက် အထက်ဌာနသို့ တင်ပြပေး မည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ်လူဝင်/လူထု Border Passed (BP) /Temporary Border (TBP)  စနစ်ဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

         မဏိပူရပြည်နယ်၊ စက်မှုနှင့်ကုန်သွယ်ရေးကော်မရှင်နာနှင့် အဖွဲ့သည် ၁၄ း ၁၀ နာရီအချိန်တွင် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။

                                                                                  

 

    နေထက်မင်း (တမူး)