ကမ္ဘာ့ရော်ဘာရက်သတ္တပတ်ကို စင်ကာပူနိုင်ငံက ၂၀၁၅ မတ်လမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

 

          ကမ္ဘာ့ရော်ဘာ ရက်သတ္တပတ် (World  Rubber Week ) ကို မတ်လ၂၄ ရက်မှ၂၆ ရက်ထိ ၃ရက်ကြာ စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသွားမယ်လို Global  Rubber  Market News အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။ ရော်ဘာလုပ်ငန်း ကဏ္ဍ အသီးသီးမှ လူ၆၀ဝ၀ ခန့် တက်ရောက်မယ်လို့ ခန့်မှန်း ထားပါတယ်။

          World  Rubber Week ကို SingEx Exhibitions စင်ကာပူပို့ကုန် ကုန်စည်ပြပွဲများ ဌာနကကြီးမှူးပြီး IE Singapore နဲ့ ပူးတွဲကျင်းပသွားမှာဖြစ်ပါတယ်။ှ Singapore Expo Convention & Exhibition Centre  မှာကျင်းပမယ်လို့သိရပါတယ်။ World Rubber Week ကိုကျင်းပတဲ့အခါ World Rubber Summit 2015 (WRS) ကို အပြည်ပြည်ဆိုင်ရာ ရော်ဘာလေ့လာရေး အဖွဲ့ (International Rubber Study Group-IRSG)ကပါဝင်ဆွေးနွေးမှာဖြစ်တဲ့အပြင် The Rubber Exchange Forum (REF) ကိုလည်းကျင်းပ သွားမယ်လို့ သိရပါတယ်။ Singpore Exchange (SGX) ကလည်းအလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို  တစ်ရက်ထည့်သွင်းကျင်းပ သွားမှာဖြစ်ပါတယ်။

  လတ်တလောမှာ ကမ္ဘာ့ရော်ဘာ လုပ်ငန်းများ အနေနဲ့ ဈေးနှုန်း အတက်အကျ ၊ ထုတ်လုပ်မှုနဲ့ လိုအပ်ချက်၊ ဈေးနှုန်းနည်း လွန်းမှု၊ရေနံစိမ်းဈေး စသည်တို့ ရင်ဆိုင်ကြရပါတယ်။ ယခု World Rubber Week ကို ကျင်းပကြတဲ့အခါ ရော်ဘာ လုပ်ငန်းများ ရင်ဆိုင်နေကြရ တဲ့ပြဿသနာများကို ဖြေရှင်းနိုင်ရေး၊ ဖြေရှင်းရမဲ့ နည်းလမ်း စတာတွေကို ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။

  Singex Holdings ရဲ့အမှုဆောင် အရာရှိချုပ် Aloysius Arlandou World Rubber Week ကိုတက်ရောက်ရန် နိုင်ငံတကာက ရောက်ရှိလာကြမဲ့ ရော်ဘာ လုပ်ငန်းများမှ အကြီးအကဲများ၊ ကျွမ်းကျင်သူများက ကြုံတွေ့နေရသော အခက်အခဲ ၊ပြဿနာ စိန်ခေါ်မှုများ ကို ဆွေးနွေးပေးသွားနိုင် မှာဖြစ်ကြောင်းနဲ့ ကိုယ်စားလှယ်တော် ကြီးများအနေနဲ့ ရော်ဘာလုပ်ငန်း ကဏ္ဍရဲ့ အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ အတွင်းကျကျ ဂဃနဏ ထဲထဲဝင်ဝင် ဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။

         

                                                                                CMK