မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဖေဖော်ဝါရီလအတွင်းရေထွက်ကုန် တန် ၉၀ဝကျော်တင်ပို့

           ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၁၂ သန်းဖိုးရှိတဲ့ ရေထွက်ကုန် ၁၂၉ တန်ကျော်ကိုတင်ပို့ခဲ့ပါတယ်။တင်ပို့ခဲ့တဲ့ အမယ်တွေကတော့ ပုစွန် ၁၀ တန်၊ ငါးကုန်းညိုခြောက် တန်၃၀၊ ငါးစုံလေးခြောက် ၈၄ တန်နဲ့ကဏန်း     ၅ တန် ဖြစ်ပါတယ်။ပုစွန်ကို တစ်ဖက်နိုင်ငံမှ ပြန်လည်လက်ခံတဲ့အတွက် တင်ပို့နိုင်တာဖြစ်ပြီး ကဏန်းကို ယခုတစ်ပတ်မှတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ယခင်တစ်ပတ်က ရေထွက်ကုန် ၄၂၈ တန်တင်ပို့နိုင်ခဲ့တဲ့တွက် ယခုတစ်ပတ်မှာ ၂၉၉ တန်ခန့်လျော့နည်းခဲ့ပါတယ်။

 

        စစ်တွေနယ်စပ်မှ ယခုရက်သတ္တပတ်မှာ ရေချိုငါးတင်ပို့မှုမရှိခဲ့ပါဘူး၊ ယခင် တစ်ပတ်ကတော့ ငါးမြစ်ချင်းနဲ့ ငါးခေါင်းပွတန် ၇၀ ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ဧရာဝတီတိုင်း မှ ထွက်တဲ့ ရေချိုငါးကို စစ်တွေ မှ တစ်ဆင့် တစ်ဖက်နိုင်ငံကို တင်ပို့တာဖြစ်ပြီး ယခုအခါမှာ ရေချိုငါးကို ပြည်တွင်း စားသုံးမှုမြင့်မား လာတာကတစ်ကြောင်း ၊လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်ပီး နေရာအနှံ့ဖြန့်ချီနိုင် တာကြောင့် ရေချိုငါးများ ဈေးကောင်း ရရှိနေပါတယ်။''ငါးဈေးကလည်းကောင်းနေတယ် ။ပြည်ပပို့ဖို့ထက် ပြည်တွင်း စားသုံးမှု ကိုဖြည့်ပေးနေရတယ်။ အခုလက်ရှိ ငါးစားသုံး မှုမြင့်မားလာ တဲ့အတွက် လမ်းပမ်းဆက်သွယ်ရေး  ကောင်းမွန်ပြီး နေရာတိုင်းကို ပို့နိုင်လို့ ရေချိုငါးဈေးကောင်း ရနေတယ်''လို့ ဧရာဝတီတိုင်း မှ ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်ခု လုံးမှ ဖေဖော်ဝါရီလ အတွင်းကန်ဒေါ်လာ သုည ဒသမ၅၄၃ သန်း ဖိုးရှိရေထွက်ကုန် ၉၀၈ တန်ကျော်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံးဇန်နဝါရီလမှာတော့ တန် ၉၁၀ တင်ပို့နိုင်ခဲ့ ပါတယ်။

 

                                                                     ယဉ်ယဉ်အေး MIRT (DCCA)