နောက်ဆုံးရ သတင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ကြော်ငြာစာအမှတ် (၁/၂၀၁၆)ဖြင့် လျှောက်လွှာခေါ်ယူခဲ့သော အငယ်တန်းစာရေး (၁၁) နေရာအတွက် အရည်အချင်းစစ် ရေးဖြေစာမေးပွဲ စစ်ဆေးခြင်း၊ လက်တွေ့ကျွမ်းကျင်မှု စစ်ဆေးခြင်းနျှင့် လူတွေ့စစ်ဆေးခြင်း ခံခဲ့သူများ အနက် အောက်ဖော်ပြ ပါ ပုဂ္ဂိုလ် (၁၁) ဦးအား ခန့်ထားရန် ရွေးချယ်ခဲကြောင်း ကြေညာအပ်ပါသည်။

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသားများဘဏ် (MCB) အကြား ၂၀၀၇ ခုနှစ်မှ စတင်၍ Online ချိတ်ဆက်ဆောင်ရွက်ပြီး ကုန်သွယ်မှု ဆိုင်ရာ ငွေစာရင်းခေါင်းစဉ်အလိုက် e-payment စနစ်ဖြင့် လက်ခံဆောင်ရွက် ခဲ့ပါ သည်။ ယခုအခါ ကုန်သွယ်မှုဆိုင်ရာ ငွေကြေးပေးသွင်းမှု များ အတွက် မြန်မာနိုင်ငံသားများဘဏ် (MCB) တစ်ခုတည်းမှ မဟုတ်ပဲ MPU (Myanmar Payment Union) စနစ်ဖြင့် ချိတ်ဆက် ထားသည့် ဘဏ်အားလုံးမှ ပေးသွင်းနိုင်သည့် စနစ်ဖြင့် ပြောင်းလဲ အသုံးပြုနိုင် ရန် ပြင်ဆင်ဆောင်ရွက် နိုင်ရေး အတွက် သက်ဆိုင်ရာ ဘဏ်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှု အစည်းအဝေးကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့၊ နေ့လည် (၁၃: ၀၀) နာရီ အချိန်တွင် နေပြည်တော်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ရုံးအမှတ်(၃)တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဘဏ်လုပ်ငန်းအဖွဲ့အစည်းမှ သက်ဆိုင်သူများ တက်ရောက်ခဲ့ ကြသည်။

          အဆိုပါ အစည်းအဝေးတွင် လုပ်ငန်းရှင်များမှ ပေးသွင်းရမည့် ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် ငွေကြေး ခေါင်းစဉ်များကို MPU/ POS စနစ် တို့ဖြင့် လက်ခံဆောင်ရွက် သွားမည်ဖြစ်ပြီး ရုံးချုပ်နှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင်ပါ ကျင့်သုံးနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်လက် ညှိနှိုင်းဆွေးနွေး အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့၊ နံနက် ၁၁း ၃၀ နာရီအချိန်တွင် နေပြည်တော် Park Royal Hotel ၌ ကျင်းပပြုလုပ်သည့် သီလဝါအထူးစီးပွားရေးဇုန်အတွက် Joint Venture Agreement Amendment လက်မှတ်ရေး ထိုးသည့် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြား

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ (၁၀ း၁၅) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့် သည် 2016 IMF Article IV Consultation Mission မှ Mission Chief ဖြစ်သူ Mr. Yongzheng Yang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့ (၁၁ း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်များအား ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

Pages

Subscribe to နောက်ဆုံးရ သတင်း