ကုန်သွယ်မှု ဆိုင်ရာ ငွေကြေးပေးသွင်းမှုများ အတွက် MPU (Myanmar Payment Union) စနစ်နှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ

Mon, 10/24/2016 - 07:17 -- dotadmin

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသားများဘဏ် (MCB) အကြား ၂၀၀၇ ခုနှစ်မှ စတင်၍ Online ချိတ်ဆက်ဆောင်ရွက်ပြီး ကုန်သွယ်မှု ဆိုင်ရာ ငွေစာရင်းခေါင်းစဉ်အလိုက် e-payment စနစ်ဖြင့် လက်ခံဆောင်ရွက် ခဲ့ပါ သည်။ ယခုအခါ ကုန်သွယ်မှုဆိုင်ရာ ငွေကြေးပေးသွင်းမှု များ အတွက် မြန်မာနိုင်ငံသားများဘဏ် (MCB) တစ်ခုတည်းမှ မဟုတ်ပဲ MPU (Myanmar Payment Union) စနစ်ဖြင့် ချိတ်ဆက် ထားသည့် ဘဏ်အားလုံးမှ ပေးသွင်းနိုင်သည့် စနစ်ဖြင့် ပြောင်းလဲ အသုံးပြုနိုင် ရန် ပြင်ဆင်ဆောင်ရွက် နိုင်ရေး အတွက် သက်ဆိုင်ရာ ဘဏ်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှု အစည်းအဝေးကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့၊ နေ့လည် (၁၃: ၀၀) နာရီ အချိန်တွင် နေပြည်တော်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ရုံးအမှတ်(၃)တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဘဏ်လုပ်ငန်းအဖွဲ့အစည်းမှ သက်ဆိုင်သူများ တက်ရောက်ခဲ့ ကြသည်။

          အဆိုပါ အစည်းအဝေးတွင် လုပ်ငန်းရှင်များမှ ပေးသွင်းရမည့် ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် ငွေကြေး ခေါင်းစဉ်များကို MPU/ POS စနစ် တို့ဖြင့် လက်ခံဆောင်ရွက် သွားမည်ဖြစ်ပြီး ရုံးချုပ်နှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင်ပါ ကျင့်သုံးနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်လက် ညှိနှိုင်းဆွေးနွေး အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နောက်ဆုံးရသတင်းများ

Pages