မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဖေဖော် ဝါရီလ ၇ ရက်မှ ၁၃ ရက်တာ သီတင်းပတ်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၂၇ သန်းတန်ဖိုးရှိ လဲမှို့ တန် ၂၇၀ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၀၉၁ တန် တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်မှာ လဲမှို့တင်ပို့မှု ၈၂၁ တန် လျော့နည်းသွားခဲ့သလို ဝါဂွမ်းတင်ပို့မှုမှာလည်း ယခင်သီတင်းပတ်က ၂၀၂ တန်ခွဲတင်ပို့နိုင်ခဲ့ပြီး ယခုတစ်ပတ်မှာတော့ ၁၂ တန်သာတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုဝါစေ့နဲ့ ဝါဂွမ်းဈေးများလျော့ကျပြီး မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ဝါပွဲရုံတွေနဲ့ ဝါကြိတ် စက်များမှာ အမြတ်ရရှိမှုနည်းပြီး ဝင်ငွေလည်း လျော့ကျခဲ့ကြောင်း၊ ကုန်ချေ
ချန်ဒယ်ခရိုင်မှာ ဇန်နဝါရီလနှောင်းပိုင်းက အာသံတပ်ဖွဲ့ရဲ့မှားယွင်းစွာပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံးမှုကို ပြည်နယ်အစိုးရက လက်ရှိအချိန်ထိ ကူညီဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ကူကီးလူ မှု အဖွဲ့အစည်းများက ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ လမ်းပိတ်ဆန္ဒပြမှုများကို ပြည်နယ် တစ်ဝန်းမှာ ငါးရက်ကြာပြုလုပ်ပြီး ကုန်သွယ်ရေးကို အဓိက ထားလမ်းပိတ်ဆန္ဒပြမယ်လို့သိရတဲ့အတွက် စီးပွားရေးလုပ်ငန်း ရှင်များအနေနဲ့ ယာဉ်သွားလာမှုကို ရပ်ဆိုင်းပေးရန်နဲ့ ပြည်သူများအနေနဲ့ ဆန္ဒပြမှုကို ဝိုင်းဝန်းထောက်ခံပါဝင်ပေး ရန် ကူကီးလူမှုအဖွဲ့အစည်းက တိုက်တွန်းထားတယ်လို့ မဏိပူရပြည်နယ်ထုတ် The Sangai Express သတင်းစာမှာဖော်ပြထားပါတယ်
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်နဲ့လွယ်ဂျယ်စခန်းမှ ကန်ဒေါ်လာ ၆ဒသမ ၉၄၇ သန်းဖိုးရှိ ဆန် ၁၈၈၀၉ တန်ကျော်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၅ ရက်နေ့ထိမှာ တစ်ဖက်နိုင်ငံကို တင်ပို့ခဲ့ပါတယ်။မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၁၀၉၇၇ တန် ၊ ဧည့်မထဆန် ၅၅၃၂ တန်နဲ့ လွယ်ဂျယ်မှ တန်၂၃၀၀ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တင်ပို့မှုထက် ၃၂၃၄ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၈ ရက် နံနက် ၅ နာရီခွဲမှာ ရှေ့တန်းအမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးမှ တံတားကျိုးဂိတ်တွင် မြဝတီမှ ကော့ကရိတ်သို့သွားရောက်မယ့် ခရီးသည် ယာဉ်များနဲ့ ကုန်တင်ယာဉ်အားလုံးကို စစ်ဆေးပြီး တံတားကျိုးရှောင်ကွင်းလမ်းနဲ့ နားခိုနိုင်တဲ့နေရာများမှာ တပ်အင်အားချ ထားပိတ်ဆို့ တားဆီးစစ်ဆေးခဲ့ရပါတယ်။ နံနက် ၁၀ နာရီမှာ စစ်ဆေးတဲ့ နေရာသို့ဝင်ရောက်လာခြင်းမရှိဘဲ လမ်းဘေးမှာရပ်ထားသဖြင့် စိစစ်ရာမှာ ဂျူတီ/လိုင်စင်မပါသောယာဉ်များဖြစ်နေတဲ့အတွက် မြဝတီကုန်သွယ်ရေးဇုန် သို့ ဆက်သွယ်အကြောင်းကြားပြီး မြဝတီကုန်သွယ်ရေးဇုန် OSS ပူးပေါင်းအဖွဲ့မှ အကောက်ခွန်ဦးစီးဌာန တာဝန်ခံအဖွဲ့နဲ့အတူ အမှတ်
တစ်ဖက်နိုင်ငံမှ တရားမဝင်အကောက်ခွန်မဲ့တင်သွင်းထားသော ကုန်ပစ္စည်းများ၊ ကန့်သတ်တားမြစ်ကုန်များအား သထုံ-ကျိုက်ထို-ပဲခူး-ရန်ကုန်လမ်းကြောင်း အတိုင်း ဒေသ ထွက်အဖြစ်ကြေညာပြီး တရားမဝင်သယ်ဆောင်မှုများရှိနေကြောင်းသတင်းများရရှိတဲ့အတွက် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကွပ်ကဲမှုရုံး (ရန်ကုန်) ရဲ့ ညွှန် ကြားချက်အရ ပဲခူးတိုင်း၊ ဝေါမြို့နယ် ညောင်ခါးရှည်မှာ ယာယီအခြေပြု၍ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးတာဝန်ဆောင်ရွက်နေသော Mobile Team လရ-၂ အဖွဲ့ဟာ စနစ်တကျစစ်ဆေးမှုများကိုပြုလုပ်လျက်ရှိနေပါတယ်။
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အား Mobile Team မှ ဒုတိယညွှန်ကြားရေးမှူးဦးစီးတဲ့အဖွဲ့သည် ဇန်နဝါရီလ ၂၁ နဲ့ ၂၂ ရက်နေ့များ တွင်မော်တောင်းကျေးရွာအနီး ရှောင်ကွင်းလမ်းမှာ စုပုံထားတဲ့ နာရီမျိုးစုံ၊ ဂဏန်းပေါင်းစက်၊ အရက်ဖာ၊ မူလီနဲ့မူလီခေါင်း၊ ဖုန်းအင်တာနာတိုင်၊ မော်တော်ဆိုင် ကယ် ဆောင်းဘောက်စ်၊ ကားခြေနင်း၊ EVD၊မော်တော်ကားစပီကာ၊ ကားကူရှင်အစွပ်၊ ဖုန်းအားသွင်းစက်၊ Motor Car Stereo Cover Solar၊ ကားရှေ့မီးကာဗာ၊ ကားတံခါး၊ လက်ကိုင်ကာဗာ၊ ကားဘန်ဘာထိပ်၊ ကားမှန်နေကာ၊ Solar with Power Bank၊ Engine Cleaner၊ နားကြပ် နှင့် အားသွင်းကြိုးခေါင်း၊ Leather Polish Sprayစတဲ့ တရားမဝင်အကေ
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဒုညွှန်မှူးဦးစီးတဲ့အဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် နံနက် ၀၆း၃၅ ချိန်တွင် မူဆယ်(၁၀၅) မိုင်ကုန် သွယ်ရေးဇုန်ရှဲလ်ဆီဆိုင်အနီး ရှောင်ကွင်းလမ်းမှ ဖိနပ်အိတ် (ကျား/မ လူကြီးကလေးဆိုဒ်စုံ) ၊ စောင်ထုပ်၊ အထည်မျိုးစုံ၊ ဓာတ်ဘူး၊ ကြွေပုဂံလုံးနဲ့ ကြွေပန်းအိုးစတဲ့ လူသုံးအိမ်သုံး ပစ္စည်း ၃၄ မျိုးတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ သိမ်းဆည်းရမိအကောက်ခွန်မဲ့ လူသုံးအိမ်သုံးပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၄၂ ဒသမ ၂၄၆ ခန့်ဖြစ် ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့်အရေးယူထားတယ်လို့သိရပါတယ်။
အေးရှားဝေါလ်တိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၀၆း၃၀ ချိန်တွင် မူဆယ် Mobile Team အဖွဲ့မှ ဦးစီးအရာရှိဦးစီးတဲ့အဖွဲ့သည် Hiace မှန်လုံယာဉ်အမှတ် (8J/xxxx) အားစစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်ပိုင်ရှင်မဲ့တင်ဆောင်လာတဲ့တရုတ်နိုင်ငံထုတ်အပင် ပိုးသတ်ဆေး၊ အပင်အားဆေး၊ ပိုးသတ်ဆေးနဲ့ အထည်ထုပ်စုစုပေါင်း ၁၉ မျိုး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၈ ဒသမ ၇၆၅ ခန့် ကို သိမ်းဆည်းရမိတဲ့အတွက် အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့်အရေးယူထားတယ် လို့သိရပါတယ်။
DCCA
ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀နာရီ ၁၅မိနစ်ခန့်မှာ မန္တလေး Mobile Team ရွှေကြက်ယက်ဆိပ်ကမ်းနယ်မြေမှာတာဝန်ထမ်းဆောင်လျက်ရှိသော Mobile Team မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုရဲမှူးဦးဆောင်သောအဖွဲ့ဟာ ဆိပ်ကမ်းတစ်လျှောက်လှည့်လည်စစ်ဆေးစဉ် ဂေါ်ဒန်ဆိပ်ကမ်းနံဘေးမှာ မသင်္ကာဖွယ်ရာစုပုံထားတဲ့ ကျောက်အိတ်များတွေ့ရှိရကြောင်း သတင်းပေးပို့ချက်အရ Mobile Team မန္တလေးတာဝန်ခံ ညွှန်ကြားရေးမှူးဦးစီးတဲ့အဖွဲ့သွားရောက်စစ်ဆေးခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ဇန်နဝါရီလအဓိကပို့ကုန်များမှာ တစ်သျှူးငှက်ပျော၊ ပြောင်းနဲ့ ကြိမ်တို့ဖြစ်ကြပါတယ်။ အဓိကသွင်းကုန် ကတော့ ဆောက်လုပ်ရေးပစ္စည်းများနဲ့ ယာဉ်ယန္တရားများဖြစ်ကြပါတယ်။ ဇန်နဝါရီ လမှာ ပို့ကုန် ကန်ဒေါ်လာ ၁ ဒသမ ၀၈၂ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၈ ဒသမ ၃၈၃ သန်းဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၉ ဒသမ ၄၆၅ သန်း ဆောင်ရွက်နိုင်သဖြင့် ယမန်နှစ်အလားတူကာလထက် ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၈၃၇ သန်းနဲ့ သွင်းကုန် ကန်ဒေါ်လာ ၅ ဒသမ ၈၈၆ သန်းပိုမိုဆောင်ရွက်နိုင်ခဲ့တယ်လို့ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှသိရပါတယ်။ ပို့ကုန်ပိုင်းမှာ ယမန်နှစ