မြန်မာတရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းဟာ ဖေဖော်ဝါရီလမှာ ပို့ကုန်ကန်ဒေါ်လာ ၁ဒသမ ၀၃၀ သန်း၊ သွင်းကုန်ကန်ဒေါ်လာ ၇ ဒသမ ၃၀၅သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၈ဒသမ ၃၃၅ သန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် ၁ဒသမ ၇၅၆ သန်းပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန် စခန်းထုတ်နုတ်အင်အား Mobile Team မှ ဦးစီးအရာရှိဦးစီးတဲ့အဖွဲ့သည် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ၁၂ ဘီး ယာဉ်ပေါ်မှ ID ထက် ပိုမိုတင်ဆောင်လာတဲ့ Samsung အမှတ်တံဆိပ် Ear Phone များကို သိမ်းဆည်းရမိခဲ့ပါတယ်။ အလားတူ ၈ ရက်နေ့တွင်လည်း ၆ ဘီး ဂျူတီယာဉ်အား စစ်ဆေးရာယာဉ်ပေါ်မှ ID ထက်ပိုမိုတင်ဆာင်လာတဲ့ ခြင်ရိုက်တံ (180 U) နဲ့ ID ဆောင်ထားခြင်းမရှိတဲ့ သစ်သီးဖျော်စက် (24U) အား သိမ်းဆည်းရမိခဲ့ပါတယ်။ အဆိုပါ ယာဉ်နှစ်စီးပေါ်မှ သိမ်းဆည်းရမိ ပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၁၀ သိန်းကျော်ခန့်ဖြစ်ပြီး အဖွဲ့စုံဖြင့် မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့အပ်နှံပြီ
မဏိပူရပြည်နယ်ထုတ် The Sangai Express သတင်းစာမှာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တစ်ဝှမ်းရှိ ပြည်နယ်အစိုးရသတ်မှတ်ထားတဲ့နေရာများမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့များ ကဂိတ်ဖွင့်လှစ်ပြီး ကုန်သွယ်ရေးယာဉ်များထံက ငွေကြေးတောင်းခံမှုများပြုလုပ်နေကြောင်း၊ အဆိုပါဂိတ်များ အမြန်ဆုံးပိတ်သိမ်းပေးရန် ပြည်နယ်ဒုတိယဝန်ကြီးချုပ် ရိုင်ခန့်ဂန် က တောင်းဆိုခဲ့ကြောင်း၊ အစိုးရလုံခြုံရေးတပ်ဖွဲ့များ တောင်ပေါ်ခရိုင်များမှာ ငွေကြေးတောင်းခံမှုများကြောင့် ဆန္ဒပြမှုများဖြစ်ပွားလာနိုင်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။
နေထက်မင်း (တမူး)
အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားနေကြောင်း၊ အဆိုပါတုပ်ကွေးရောဂါကြောင့် လူဦးရေ ၇၀၀ကျော် သေဆုံးခဲ့ ပြီး ရောဂါပိုးကူးစက်သူ ၁၁၉၅၅ ဦးရှိတယ်လို့ မဏိပူရပြည်နယ်ထုတ် The Sangai Express သတင်းစာမှာ ဖော်ပြထားပါတယ်။ မြန်မာနယ်စပ်နဲ့ ထိစပ်နေတဲ့အိန္ဒိယအရှေ့မြောက်ပြည်နယ်များမှာလည်း တုပ်ကွေးရောဂါကူးစက်မှုအလွန်ကြီးမားနေတယ်လို့သိရှိရပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မောင်တောစခန်းမှ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၃၄ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၅၀၀ ကျော်တင်ပို့နိုင်ပါတယ်။ စစ်တွေစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၇၁ သန်း ဖိုးရှိ ငါးမြစ်ချင်း ၅၅ တန်၊ ငါးခေါင်းပွ ၁၅ တန်နဲ့ ငါးနီ တူခြောက် ၂ တန် တင်ပို့ခဲ့ပြီး မောင်တောစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၂၆၃ သန်းဖိုးရှိ ငါးကုန်းညိုခြောက် တန် ၃၀ ၊ ငါးနီတူခြောက် တန် ၇၀ နဲ့ ငါးစုံ လေးခြောက် ၃၂၈ တန်ကျော်တင်ပို့ခဲ့ပါတယ်။
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ထုတ်နုတ် Mobile Team အဖွဲ့က စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးတာဝန်ထမ်းဆောင်နေစဉ် ဇန်နဝါ ရီလ ၂၆ ရက် ညနေ ၄နာရီ မီနစ်၂၀ ခန့်က (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဂျူတီဆောင်ပြီး ထွက်ခွာလာတဲ့ ၆ ဘီး ယာဉ်အားစစ်ဆေးရာမှာ အမယ်လွဲတင်ဆောင်လာတဲ့ နိုင်လွန်ဇာ ၈၂၈ ကီလိုဂရမ် (၁၉ ထုပ်) အားစစ်ဆေးတွေ့ရှိခဲ့ရပြီး ခန့်မှန်းတန်ဖိုးမှာ ကျပ် ၁၂ ဒသမ ၈၈၅ သိန်းရှိတယ်လို့သိရပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်လှစ် သိမ်းဆည်းထားတယ်လို့သတင်းရရှိပါတယ်။
DCCA
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် စခန်းထုတ်နုတ်အင်အား Mobile Team မှ ဒုတိယညွှန်ကြားရေးမှူးဦးစီးတဲ့အဖွဲ့သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တရားမဝင်ကုန်သွယ် မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်စဉ် ရှောင်ကွင်းလမ်းမှာစုပုံထားတဲ့ အထပ်သား၊ သွပ်ဆူးကြိုးခွေလိပ်နဲ့ အိမ်ရိုက်သံများကို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ အဆိုပါသိမ်းဆည်းရမိ အိမ်ဆောက်ပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၆၄ သိန်း ခန့်ဖြစ်ပြီး အဖွဲ့စုံဖြင့် မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံကာ အကောက် ခွန်အမှုတွဲဖွင့်လှစ်ပြီးဖြစ်ပါတယ်။
DCCA
ဖေဖော်ဝါရီလ တတိယပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၂၃၄ သန်းတန်ဖိုး ရှိတဲ့ နှမ်းရောင်စုံ ၁၂၄ တန်ခွဲတင်ပို့ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်တာ သီတင်းပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ ဘိုစား ပဲသီး တန် ၅၀ ကို အမယ်သစ်အဖြစ်စတင်တင်ပို့ခဲ့ပါတယ်။
ဗန်းမော်ခရိုင် ဝင်းပနေခြည်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမလီမိတက်နဲ့ ယူနန်ပြည်နယ်ပေါက်စမ်းခရိုင်၊ လုံမောက်စိုက်ပျိုးရေးကုမ္ပဏီလီမိတက်တို့မှ ကချင်ပြည် နယ်အစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်ဖြင့် အကျိုးတူပူးပေါင်းပြီး အကြောအမျှင်မဲ့တိုင်ထောင်ဘိုစားပဲစိုက်ပျိုးခဲ့ကြပြီး ပိုလျှံဘိုစားပဲသီးတောင့် (အစို)များအား တစ်ကီလိုလျှင် ၂၀၀ ကျပ်နှုန်းဖြင့် တင်ပို့ခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်မှာ ယာယီအခြေပြု၍ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးဆောင်ရွက်နေသော Mobile Team လရ-၂အဖွ့ဲဟာ ဖေဖော်ဝါရီလ၃ ရက်မှ ၆ ရက်ထိလေးရက်တာကာလအတွင်းမှာ မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်းပေါ်မှ ၆ဘီး၊ ၁၂ ဘီး၊၂၂ဘီး သွင်းကုန် Duty ယာဉ်များအား စစ်ဆေးစဉ် ယာဉ် ၁၂ စီးပေါ်မှ ID ထက်ပိုမိုသယ်ဆောင်လာသော စားသောက်ကုန်နဲ့ အိမ်သုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများကိုးစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ID ထက်ပိုမိုသယ်ဆောင်လာတဲ့ စားသောက်ကုန်များမှာ နာနတ်ဖျော်ရည်၊ Soy Milk၊ Oyster Sauce၊ Sponsor အချိုရည်၊ ကြာဆံခြောက်၊ ငံပြ