admin_ygn

  ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှာ မတ်လပထမပတ်အတွင်းက ကျင်းပပြုလုပ်ခဲ့တဲ့ ''Knowledge for Border Trade'' ဆွေးနွေးပွဲမှာ ထိုင်း-မြန်မာယဉ်ကျေးမှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအသင်း (Thai-Myanmar Cultural and Economic Cooperation Association-TMCECA) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ချက်သာသာနာဂျာရိုက ထိုင်းမြန်မာ ကုန်သွယ်မှုမြင့်တက်လာလိမ့်မယ်လို့မျှော်မှန်းကြောင်းပြောကြားခဲ့ပါတယ်။

admin_ygn

   အေးရှားဝေါလ်တိုးဂိတ်အနီး စစ်ဆေးရေးနဲ့စားသုံးသူအကာအကွယ်ပေးရေးတာဝန်ထမ်းဆောင်နေသော မူဆယ်ထုတ်နုတ် Mobile Team အဖွဲ့ဟာ မတ်လ ၁၀ ရက် ၁၅း၄၀ ချိန်မှာ  Asia World Toll Gate အနီးပြည်ထောင်စုလမ်းမကြီးမှာ 5B/xxxx  စိတ်ကြိုက်မှန်လုံယာဉ်ပေါ်မှ တမလန်းလို့ ယူဆရတဲ့သစ်တုံး ၁၀၀၊ သစ်ကြမ်းခင်းပြားအသေး ၃၁၉ ပြားကို စစ်ဆေးတွေ့ရှိရပါတယ်။ အဆိုပါပစ္စည်းနဲ့ ပစ္စည်းတင်ယာဉ်တို့အားသိမ်းဆည်းထားတယ်လို့သိရပါတယ်။ အဖွဲ့စုံဖြင့်အသေးစိတ်စစ်ဆေးပြီးနောက် သက်ဆိုင်ရာဌာန များသို့ လွှဲပြောင်းအပ်နှံသွားမယ်လို့သတင်းရရှိပါတယ်။

DCCA

admin_ygn

   တာချီလိတ် Mobile Team မှ ဦးစီးအရာရှိနှင့်အဖွဲ့သည် မတ်လ  ၆ ရက်နေ့  ၁၂ း ၀၀ နာရီတွင် တာလေတိုးဂိတ်အနီး၌ တာဝန်ထမ်းဆောင်စဉ် တာချီလိတ်ဘက်မှ မောင်းနှင် လာသော ဒိုင်နာယာဉ်အမျိုးအစား  5F/ xxxx  ပေါ်တွင် တရားမဝင်အကောက်ခွန်မဲ့တင်ဆောင်လာတဲ့ ခြင်္သေ့ခေါင်းတံဆိပ် ပြောင်းမျိုးစေ့အိတ် ၅၀ ခန့်ကို စစ်ဆေးတွေ့ရှိသိမ်း ဆည်းရမိခဲ့ပါတယ်။ အဆိုပါ သိမ်းဆည်းရမိ ခြင်္သေ့ခေါင်းတံဆိပ် ပြောင်းမျိုးစေ့အိတ်များအား Mobile Team အဖွဲ့စုံဖြင့် စနစ်တကျစစ်ဆေး၍ တာချီလိတ်အကောက်ခွန်မြို့နယ်ရုံး တွင် အကောက်ခွန်အမှုတွဲဖွင့်လှစ်ခဲ့ပါတယ်။ ပြောင်းမျိုးစေ့ အိတ်များရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်းခြောက်ဆယ်

admin_ygn

   ITC ကတ်နဲ့ လုပ်ငန်းဆောင်ရွက်လျက်ရှိတဲ့ နယ်စပ်စခန်းများအနက် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလအတွင်းမှာ ITC ကတ်တစ်စောင်ထုတ်ပေးနိုင်ခဲ့ပြီး  လုပ်ငန်းဆောင်ရွက်မှုအနေနဲ့ ကျပ် ၆ သိန်းဖိုးရှိတဲ့ ကြိမ်တစ်တန် တင်ပို့နိုင်တာတွေ့ရပါတယ်။  ယခင်ဇန်နဝါရီလက ဖရဲသီးကီလို  ၁၈၀၀၀ ခန့်တင်ပို့နိုင်ပြီး ဖေဖော်ဝါရီလမှာတော့ တရုတ်နိုင်ငံရဲ့ နှစ်သစ်ကူးအခါသမယဖြစ်တဲ့အတွက်ကြောင့် တင်ပို့မှု လျော့နည်းရခြင်းဖြစ်ပါတယ်။ လွယ်ဂျယ်စခန်းမှ ITC ကတ်ကို စတင်ခွင့်ပြုချိန်မှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အထိ ITC ကတ်ပြုလုပ်သူ ခြောက်ဦးရှိပြီး ပို့ကုန်တန်ဖိုး ကျပ်သန်းပေါင်း ၆၃၃ ဒသမ ၄၁၃ ခန့် ကုန်သွယ်ပြီး

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်း၊ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီ လ ၂၈ ရက်နေ့ မှမတ်လ ၆ ရက် အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၀၃၅ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၃၂၆၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

   နယ်စပ်စခန်းများအလိုက်တင်ပို့နိုင်မှုများမှာ မြဝတီကုန်သွယ်ရေးဇုန် မှ ကန်ဒေါ်လာသုည ဒသမ ၁၀၅ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၅၅ တန်ကျော်၊ ကဏန်း ၈ တန်ကျော်နဲ့ ပုစွန် ၂ တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။

admin_ygn

  မတ်လ ပထမပတ်အတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်စခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၄၃၁သန်းဖိုးရှိတဲ့ ဆန် တန်ချိန် ၁၄၈၄၂ တန်ကျော်ကို တစ်ဖက် တရုတ်နိုင်ငံ ကို တင်ပို့ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်ထက် ၄၆၂ တန်  ပိုမိုတင်ပို့ထားနိုင်ပြီးမူဆယ်မှငစိန်ဆန် ၇၉၅၈တန်ခန့်၊ ဧည့်မထ ဆန် ၃၈၈၄ တန်ကျော်နဲ့လွယ်ဂျယ်မှ တန် ၃၀၀၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။

admin_ygn

   နောင်ချိုမြို့ အေးရှားဝေါ တိုးဂိတ်အနီးအခြေပြုတဲ့ Mobile Team (လရ-၁) အဖွဲ့သည်  ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင် မူဆယ်မှမန္တလေးသို့မောင်းနှင်လာပြီး ဝင်ရောက်စစ်ဆေး ခံတဲ့ ခရီးသည်တင်ယာဉ်အား စစ်ဆေးရာယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာတဲ့ FDA ထောက်ခံချက်မပါရှိတဲ့ တစ်ဖက်နိုင်ငံထုတ် အကောက်ခွန်မဲ့ကြက်အူချောင်းများကိုသိမ်း ဆည်းရမိခဲ့ပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၂၄ ရက် နေ့တွင်လည်း မတ်တူးယာဉ်ပေါ်မှ တစ်ဖက်နိုင်ငံထုတ် အကောက်ခွန်မဲ့ ကြက်အူချောင်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ပါ တယ်။ သိမ်းဆည်းရမြိကက်အူချောင်းများကို အကောက်ခွန်အမှုတွဲဖွင့်လှစ်ကာစားသုံးရန်မသင့်တဲ့အတွက် အဖွဲ့စုံဖြင့် မီးရှို့ဖျက်ဆီးမယ်လို့သိ

admin_ygn

   မူဆယ်-မန္တလေးကုန်သွယ်မှုလမ်းကြောင်းတွင်စားသုံးသူအကာအကွယ်ပေးရေးနှင့်တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ဆောင် ရွက်နေစဉ် ဖေဖော်ဝါရီ ၂၆ ရက် က ထွန်စက်နှစ်စီးတင်ဆောင်လာတဲ့ ၁၂ ဘီးယာဉ် ၆ခ/xxxx ဝင်ရောက်စစ်ဆေးခံရာမှာ ကျောက်မဲမြို့ စက်မှုလယ်ယာမှထွန်စက်နှစ်စီးအားပြင်ဆင်ရန် မန္တလေးမြို့ သို့သယ်ဆောင်လာခြင်းအားဖြတ်သန်းသယ်ယူခွင့်တင်ပြလာပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်ပေါ် လိုက်ပါလာသူများအား စာရွက်စာတမ်း အထောက်အထားများတောင်းခံခြင်း၊ အခြေအနေကို မေးမြန်းခြင်းတို့ ပြုလုပ်ရာမှာတော့ စာရွက်စာတမ်း အထောက်အထားပြသနိုင်မှုမရှိတဲ့အပြင် စက်မှုလယ်ယာဦးစီးဌာနပိုင်မဟုတ်ဘဲ မူဆယ် မော်တောင်းရွာ အနီးမှ အခက

admin_ygn

   မတ်လ ၃ ရက်နေ့ ၀၆း၁၀ချိန်မှာ သတင်းအရတာချီလိတ် မိုဘိုင်းတင်းမှဒုဦးစီးမှူးဦးစီးသော အဖွဲ့သွားရောက်စစ်ဆေးရာမှာ ဝှေ့ရဲဂိတ်အလွန်ကားရေဆေးခုံအနီး မိုးဆတ်သို့ ပို့ဆောင်ရန်လမ်းဘေးမှာ အသင့်စုပုံထားသော  Leo Beer ဖာများကိုတွေ့ရှိခဲ့ရတဲ့အတွက် သိမ်းဆည်းခဲ့ကြောင်းနှင့်ဖွင့်ဖောက်စစ်ဆေးပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့သတင်းရရှိပါတယ်။

DCCA

 

 

admin_ygn

   မတ်လ ၃ ရက်နေ့ ၀၀း၄၅ ချိန် ဝေါမြို့နယ်လုံခြုံရေးတာဝန်ထမ်းဆောင်နေသော အဖွဲ့လှည့်လည်စစ်ဆေးနေစဉ် အဗျား-စစ်တောင်းတံတားသစ် ကြားအရောက်မှာ စစ်တောင်း တံတားသစ်မှ ရန်ကုန်ဖက်သို့ထွက်ခွာသွားသော လိုက်ထရပ်ယာဉ်နှစ်စီးညောင်ခါးရှည်ရွာဘက်သို့ ဝင်ရောက် သွားကြောင်းလရ ၂ သို့ သတင်းပေးပို့တဲ့အတွက် မိုဘိုင်းတင်းမှ လက်ထောက်ညွှန်ကြားရေးမှူးဦးစီးတဲ့ အဖွဲ့ဟာ အဗျားဘက်မှ ညောင်ခါးရှည်-လက်ပံ သုံးပင်-ပန်းပဲစု-ဘုရားပျို-အဗျား ရှောင်ကွင်းလမ်းအားပိတ်ဆို့တားဆီးရန် ည ၂ နာရီ မိနစ် ၂၀အချိန်တွင် စေလွှတ်ခဲ့ရာမှာ အဗျားရွာလယ်နောက်ကွင်း လမ်းအတိုင်းဝင်ရောက်စဉ် လိုက်ထရပ်ယာဉ်နှစ်စီးမှ ယာဉ်မောင်းများ ကိုယ်လွတ်ရုန်းထွက်ပြေး သွား