ရှောင်ကွင်းလမ်းမှာ စုပုံထားတဲ့ အိမ်ဆောက်ပစ္စည်းများ ကျပ်သိန်း ၆၀ ကျော်သိမ်းဆည်းရမိ
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် စခန်းထုတ်နုတ်အင်အား Mobile Team မှ ဒုတိယညွှန်ကြားရေးမှူးဦးစီးတဲ့အဖွဲ့သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တရားမဝင်ကုန်သွယ် မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်စဉ် ရှောင်ကွင်းလမ်းမှာစုပုံထားတဲ့ အထပ်သား၊ သွပ်ဆူးကြိုးခွေလိပ်နဲ့ အိမ်ရိုက်သံများကို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ အဆိုပါသိမ်းဆည်းရမိ အိမ်ဆောက်ပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၆၄ သိန်း ခန့်ဖြစ်ပြီး အဖွဲ့စုံဖြင့် မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံကာ အကောက် ခွန်အမှုတွဲဖွင့်လှစ်ပြီးဖြစ်ပါတယ်။
DCCA