တွေ့ကြုံလာတဲ့အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းကြမှသာ ရလဒ်ကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်မည်
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ယခုလကုန်သွယ်မှုပမာဏလျာထားချက်ပေါ် ၉၉ ရာခိုင်နှုန်းနီးပါးဆောင်ရွက်နိုင်ခြင်း၊ ဘဏ္ဍာနှစ် ၁၀လတာကာလမှာ လျာထား ချက်ကို ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ခြင်းတို့ဟာ ကုန်သည်လုပ်ငန်းရှင်များနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာများ အတူတကွ ပူးပေါင်းဆောင်ရွက် မှုကြောင့်အောင်မြင်ခြင်းဖြစ်ကြောင်း၊ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်အောင်ဌာနဆိုင်ရာများ၊ ဒေသနေပြည်သူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များအားလုံး ဝိုင်းဝန်းဖော်ဆောင်ကြရ မှာဖြစ်ကြောင်း၊ ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နယ်မြေဒေသလည်းပိုမိုအေးချမ်းတည်ငြိမ်လာမှာဖြစ်ကြောင်း မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးက ဇန်နဝါရီလ ၃၁ ရက်နေ့ကပြုလုပ်တဲ့ မောင်တောနယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပါတယ်။
နယ်စပ်ကုန်သည်ကြီးများအသင်းနဲ့ ကုမ္ပဏီလုပ်ငန်းရှင်များ တစ်ဦးနဲ့တစ်ဦး အချင်းချင်းအပြန်အလှန်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြပြီး တွေ့ကြုံလာတဲ့ အခက်အခဲများကို ဖြေ ရှင်းနိုင်ပြီးလုပ်ငန်းအောင်မြင်မှုများရနိုင်မှာဖြစ်ကြောင်း၊ ယခုကဲ့သို့ ရလဒ်ကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်အောင်အတူ အားထုတ်ကြိုးပမ်းဆောင်ရွက်သွားကြရန်နဲ့ ကုန်သွယ်မှုလုပ်ငန်းများယခုထက်ပိုမိုတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။
ဂန္ဓမာ