ဂေါ်ဒန်ဆိပ်ကမ်းနံဘေးမသင်္ကာဖွယ်ရာ စုပုံထားတဲ့ ကျောက်အိတ်များတွေ့

   ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀နာရီ ၁၅မိနစ်ခန့်မှာ မန္တလေး Mobile Team ရွှေကြက်ယက်ဆိပ်ကမ်းနယ်မြေမှာတာဝန်ထမ်းဆောင်လျက်ရှိသော Mobile Team မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုရဲမှူးဦးဆောင်သောအဖွဲ့ဟာ ဆိပ်ကမ်းတစ်လျှောက်လှည့်လည်စစ်ဆေးစဉ် ဂေါ်ဒန်ဆိပ်ကမ်းနံဘေးမှာ မသင်္ကာဖွယ်ရာစုပုံထားတဲ့ ကျောက်အိတ်များတွေ့ရှိရကြောင်း သတင်းပေးပို့ချက်အရ Mobile Team  မန္တလေးတာဝန်ခံ ညွှန်ကြားရေးမှူးဦးစီးတဲ့အဖွဲ့သွားရောက်စစ်ဆေးခဲ့ပါတယ်။

  ထိုသို့ စစ်ဆေးရာမှာ ပီနန်အိတ် ကိုးအိတ်နဲ့ ထည့်သွင်းထားတဲ့ ကျောက်စိမ်းလို့ယူဆရတဲ့ ရေမဆေးကျောက် ၃၃၀ ကီလိုခန့်အား  စစ်ဆေးတွေ့ရှိတဲ့အတွက် မန္တလေးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှတစ်ဆင့် လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲများဖွင့်လှစ်ရန် မန္တလေးမြို့နယ်အကောက်ခွန်ဦးစီးဌာနသို့အပ်နှံပြီးဖြစ်တယ်လို့ သတင်းရရှိ ပါတယ်။ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်စိမ်းတုံးများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၃၃ ဒသမ ၆၀၀ သိန်းရှိတယ်လို့သိရပါတယ်။

DCCA