ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်သျှူးငှက်ပျော၊ ပြောင်းနဲ့ ကြိမ်တို့ယမန်နှစ်ကာလတူထက် ပိုမိုတင်ပို့
မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ဇန်နဝါရီလအဓိကပို့ကုန်များမှာ တစ်သျှူးငှက်ပျော၊ ပြောင်းနဲ့ ကြိမ်တို့ဖြစ်ကြပါတယ်။ အဓိကသွင်းကုန် ကတော့ ဆောက်လုပ်ရေးပစ္စည်းများနဲ့ ယာဉ်ယန္တရားများဖြစ်ကြပါတယ်။ ဇန်နဝါရီ လမှာ ပို့ကုန် ကန်ဒေါ်လာ ၁ ဒသမ ၀၈၂ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၈ ဒသမ ၃၈၃ သန်းဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၉ ဒသမ ၄၆၅ သန်း ဆောင်ရွက်နိုင်သဖြင့် ယမန်နှစ်အလားတူကာလထက် ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၈၃၇ သန်းနဲ့ သွင်းကုန် ကန်ဒေါ်လာ ၅ ဒသမ ၈၈၆ သန်းပိုမိုဆောင်ရွက်နိုင်ခဲ့တယ်လို့ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှသိရပါတယ်။ ပို့ကုန်ပိုင်းမှာ ယမန်နှစ် ကာလ တူထက် ပိုမိုရခြင်းမှာ တစ်သျှူးငှက်ပျောပိုမိုတင်ပို့နိုင်ခြင်းကြောင့်ဖြစ်ပြီး သွင်းကုန်ပိုင်းမှာလည်း ယာဉ်ယန္တရားနဲ့ ဆောက်လုပ်ရေးပစ္စည်းများပိုမိုတင်သွင်းနိုင်ခဲ့တဲ့အတွက်လို့ သိရပါတယ်။
အနီးစပ်ဆုံးကာလနဲ့ နှိုင်းယှဉ်ရာမှာတော့ ကုန်သွယ်မှုပမာဏအနည်းငယ်ကျခဲ့ပါတယ်။ ထိုကဲ့သို့ကျဆင်းရခြင်းကတော့ ဇန်နဝါရီလတွင် ဖားကန့်ဒေသမှာ တိုက်ပွဲများဖြစ် ပွားနေမှုကြောင့် ယာဉ်ယန္တရားများနဲ့ လူသုံး/အိမ်သုံးပစ္စည်းများသွားလာရန် ခက်ခဲတဲ့အတွက်လို့သိရပါတယ်။ ပို့ကုန်ပိုင်းမှာလည်း သတ္တုတင်ပို့နိုင်ခြင်းမရှိဘူးလို့လည်းသိရပါ တယ်။
MIRT (DCCA)