မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းသုံးခုမှ ဇွန်လ ၂၄ ရက်မှ ၃၀ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၇၄၅ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၉၄၂၈ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၁၃၈၅၀တန်၊ လွယ်ဂျယ်မှ ၅၀၂၆ တန်နဲ့ ချင်းရွှေဟော်မှ ၅၅၂ တန်ကျော် ဖြစ်ပါတယ်။ ယခင် တစ်ပတ်က အဆိုပါ စခန်းများမှ ပြောင်းတန်ချိန် ၁၇၈၂၅ တန်ကျော် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၁၆၀၃ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဇွန်လ တစ်လ လုံး တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ပြောင်း
ဇွန် ၂၄ ရက်မှ ၃၀ ရက်ထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၃၅၃ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း အမယ်ရှစ်မျိုး၊ တန်ချိန်အားဖြင့် ၃၁၂ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၄၆၅ တန်ကျော်နဲ့ နှိုင်းယှဉ် ပါက ယခုတစ်ပတ်မှာ ၁၅၃ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေး အမယ်များမှာ ကွမ်းစားဂမုန်း၊ နနွင်းတက်၊ တောချင်း၊ ဆီးဆန်၊ မာလာဥခေါင်း၊ နေလဲစေ့၊ ကြောင်လျှာစေ့နဲ့ မိကျောင်းကွမ်းဖတ်စေ့တို့ ဖြစ်ပါတယ်။ ယခုတစ်ပတ် မာလာဥခေါင်း တင်ပို့မှုလျော့နည်းခဲ့ပြီး မာလာဥတင်ပို့မှု
မြန်မာ-တရုတ် နယ်စပ်ရဲ့ အဓိကကုန်သွယ်ဖက်ဖြစ်တဲ့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုညဒသမ ၀၉၇ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ ၁၆ တန်ကျော်ကို တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှု မရှိခဲ့ဘဲ ယခုတစ်ပတ်မှသာ ပြန်လည်တင်ပို့ လာတာတွေ့ရပါတယ်။မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း ယခုတစ်ပတ်မှာ သီဟိုဠ်စေ့တင်ပို့မှုမရှိပေမယ့် ယခင်တစ်ပတ်က တန် ၂၀ ကျော် တင်ပို့ခဲ့တာ တွေ့ရ ပါတယ်။ ယခုတစ်ပတ်မှာ တရုတ်နဲ့ ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်များမှ သာမက အိန္ဒိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ သုညဒသမ ၀၁၁
ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၃၁၅၀၀ တန်ဖိုးရှိ ပျားရည် ၄၅ တန်ကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်ရက် သတ္တပတ်က ၁၅ တန် တင်ပို့ခဲ့တာ ကြောင့် ယခုတစ်ပတ်မှာ တန် ၃၀ ပိုမို တင်ပို့ခဲ့တာ တွေ့ရ ပါတယ်။ပျားရည်ကို ပြည်တွင်းမှာ ဆေး ဝါးအဖြစ်သာ အသုံးပြုကြပြီး ပြည်ပ နိုင်ငံများတွင် သကြားအစား ပျားရည် စားသုံးခြင်းနှင့် အအေးပိုင်းနိုင်ငံများမှာ ပျားရည်ကို အဓိကထား၍ အများ အပြား သုံးစွဲနေတာကြောင့် ယခုလို ပြည်ပဈေးကွက်သို့ တင်ပို့နေကြောင်း၊ မူဆယ်မှာ ပျားရည်တစ်တန်ကို
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၃၁ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၀၉ တန်ခွဲကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ ပါတယ်။ တင်ပို့ ခဲ့တဲ့ နှမ်းအမျိုးအစားတွေကတော့ နှမ်းနက် ၉၇ တန်၊ နှမ်းဖြူ ၁၇ တန်ခွဲနဲ့ နှမ်းညို ၉၅ တန် ဖြစ်ပါတယ်။ ယခင်တစ်ပတ်က နှမ်းနက် ၃၃ တန်သာ တင်ပို့ခဲ့လို့ ယခုတစ်ပတ် မူဆယ်မှ နှမ်း ၁၇၆ တန်ခွဲ ပိုမို တင်ပို့ခဲ့တာတွေ့ရပါတယ်။
မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၈၄ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၆၈၆ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၁၃ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၈၈၈ တန် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ တန်ချိန်အားဖြင့် ၂၀၂ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုညဒသမ ၁၂၉ သန်းလျော့နည်း တင်ပို့ခဲ့ပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇွန် ၁၇ ရက်မှ ၂၃ အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၄၃၁ သန်း တန်ဖိုးရှိ ကွမ်းသီး ၅၂၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈၇၀ တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၃၄၂ တန် လျော့နည်းတင်ပို့ခဲ့တယ် လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီးပိုမို တင်ပို့ခဲ့ပေမယ့် ရိဒ်ကုန်သွယ်ရေးစခန်းမှ လျော့နည်းတင်ပို့ခဲ့တဲ့အတွက် ယခုကဲ့သို့ လျော့နည်းရခြင်းဖြစ်တယ်လို့ သိရ ပါတယ်။
ဇွန် ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၉၀၀၇၂ တန်ဖိုးရှိ ဘိလပ်မြေ ၄၉၃ ဒသမ ၈၉၅ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တရုတ်နိုင်ငံမှ ၁၉၄ ဒသမ ၈၄ တန်၊ ကိုရီးယားနိုင်ငံမှ သုည ဒသမ ၆၇ တန်၊ စပိန်နိုင်ငံမှ သုည ဒသမ ၀၄၅ တန်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၂၈၀ နဲ့ ယူဂိုဆလားဗီးယားနိုင်ငံမှ ၁၈ ဒသမ ၃၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ တန်ချိန် ၈၂၃၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၇၇၀၀ ကျော် အဝင်လျော့ခဲ့တယ် လို့သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉၁၀ သန်းတန်ဖိုးရှိ Re-export သကြား ၂၁၄၇၆ တန် ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၁၈၅၆၄ တန်နဲ့ ချင်းရွှေဟော်မှ ၂၉၁၂ တန်ကျော်ဖြစ်ပါတယ်။ ယခင်တစ်ပတ်က အဆိုပါစခန်းနှစ်ခု မှ သကြားတန်ချိန် ၂၀၄၅၀ တန်ကျော်တင်ပို့ခဲ့လို့ ယခုတစ် ပတ်မှာ တရုတ်နိုင်ငံသို့သကြား ၁၀၂၆ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ သကြားတစ်တန်ကို ကျပ် ၇၇၂၂၀၀ ရှိပြီး တစ်ဖက်နို
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီ ကုန်သွယ်ရေး စခန်းစုံမှ ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၈၄ သန်း တန်ဖိုးရှိပြောင်းဖူးစေ့ ၁၇၆၀၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်း အလိုက် တင်ပို့မှုမှာ မူဆယ်မှ ၁၂၈၆၇ တန်ကျော်၊ လွယ်ဂျယ်မှ ၃၇၄၅ တန်၊ ချင်းရွှေဟော်မှ ၉၇၆ တန်ခွဲနဲ့ ကန်ပိုက်တီမှ တန် ၂၀ ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်စခန်းသုံးခုမှ ပြောင်းဖူးစေ့ ၂၀၁၉၄ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၅၈၅ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။