ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းသုံးခုစလုံးမှ ရေထွက်ကုန် တင်ပို့မှုလျော့ကျ

       မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇွန် ၁၀ ရက်မှ ၁၆ ရက် အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၃၂ သန်း တန်ဖိုးရှိ  ရေထွက်ကုန် ၂၂၁၁ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ၃၁၇၄ တန် ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၉၆၃ တန်ကျော် လျော့နည်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေး စခန်း သုံးခုစလုံးမှ ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှုကျဆင်းခဲ့ တဲ့အတွက် ဖြစ် တယ်လို့ သိရပါတယ်။
         တင်ပို့မှုကိုကြည့်ပါက မြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၇၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံနဲ့ ကဏန်းတို့ကို တန် ၇၀ နီးပါး၊ ကော့သောင်း ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကဏန်း၊ ပုစွန်၊ ကင်းမွန်၊ ရေဘဝဲနဲ့ အခြားရေထွက်တို့ကို ၁၁၄၂ တန်ကျော်နဲ့ မြိတ် ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၀၃ သန်း တန်ဖိုးရှိ ငါးမျိုးစုံ၊ ကင်းမွန်၊ ရေငန်ပုစွန်၊ အေးခဲကင်း မွန်၊ ပြည်ကြီး ငါးနဲ့ သဲကဏန်းတို့ကို ၉၉၈ တန်ကျော် တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ