admin_ygn

       ဇူလိုင်လ ၂၃ ရက်မှ ၂၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၆၁၂၄၅တန်ဖိုးရှိ  ဘိလပ်မြေ ၈၃၃၆ ဒသမ ၄၀ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် နယ်သာလန်နို င်ငံ မှ ၅၀ ဒသမ ၄၀ တန်၊ တရုတ်နိုင်ငံမှ ၃၃၆ တန် နဲ့ မလေးရှားနိုင်ငံမှ ၇၉၅၀ တန် တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဘိလပ်မြေ  တန်ချိန် ၈၃၀၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ၃၆ တန်ေ ကျာ် ပိုမိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။

 

သီတာဝင်း (DOT)

admin_ygn

       ဇူလိုင်လ ၂၃ ရက်မှ  ၂၉ ရက် အထိ သီတင်းပတ်အတွင်း မန်ကျည်း ၂၂၄တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ် ပတ် ထိုင်းနိုင်ငံသို့ တန် ၅၀၊ ပါကစ္စတန် နိုင်ငံသို့ တန် ၅၀၊ ဘင်္ဂလားဒေ့ရှ်နို င်ငံသို့ တန်ချိန် ၁၀၀နဲ့  ဗီယက်နမ်နိုင်ငံသို့ ၂၄ တန်တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ယခင် သီတင်းပတ်က တင်ပို့မှု ပျောက်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှ ပြန်လည်  တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။မန်ကျည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၄၉၇၀၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ် ဆိုရင် ဇူလိုင်လအတွင်း  မန်ကျည်း တန်ချိန် ၄၄၀တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ

admin_ygn

         ရှမ်းချင်းကတော့ အရောင်းအဝယ်ဖြစ်နေတယ်လို့ဆိုရုံပါပဲ။ အောင်ပန်း ဈေး ကွက်မှာတော့ ဥမတွေကို ထိုးချင်းအတွက်ဝယ်ယူနေပြီး၊ ပြည်တွင်းဝယ်လက်တွေ သာ အဝယ်ရှိနေပါတယ်။ မိုးရာသီဖြစ်တာကြောင့် လမ်းပန်း ဆက်သွယ်ရေး အနည်း ငယ် အခက်အခဲရှိနေတာကြောင့် ဝယ်လက်တွေက ဝယ်ယူဖို့ အမှာစာပို့ထားပြီး၊ ကားတစ်စီးစာရမှ သယ်ယူကြပါတယ်။ စစ်တွေ၊ တောင်ကုတ် ဝယ်လက်တွေကလည်း ဒီအတိုင်းပဲ သယ်ယူနေတယ်လို့ သိရပါတယ်။ အလုံးအရင်းအလိုက် မရောင်းရပေမယ့် နည်းနည်းချင်းစီတော့ ရောင်းနေရတယ်လို့လည်း သိရပါတယ်။ အောင်ပန်းဈေး ကွက်မှာတော့ ချင်းအဝင်ကလည်းနည်းနေပါပြီ။ ငါးရက်တစ်ဈေးမှာ ပိဿာချိန် ရာဂဏန်းခန့် သာ အဝင်ရှိ

admin_ygn

         မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ ဇူလိုင်တတိယပတ်တွင် အမေရိကန်ဒေါ်လာ သုည ဒသမ ၂၂၃ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၁၈ တန်ကိုတရုတ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းေ ရာင်စုံတွေကတော့ နှမ်းနက် ၆၁ တန်၊ နှမ်းဖြူ ၂၅ တန်ခွဲနဲ့ နှမ်းညို ၁၃၁ တန်ခွဲဖြစ် ပါတယ်။ ဇူလိုင်ဒုတိယပတ်က မူဆယ်မှ နှမ်းညို ၁၃၆ တန်ခွဲ တစ်မျိုးတည်းသာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ နှမ်း ၈၁ တန်ခွဲကိုပိုမိုတင် ပို့ခဲ့တာ တွေ့ရပါတယ်။

admin_ygn

         မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးသည် ဇူလိုင် ၂၅ ရက် ညနေပိုင်းက နှစ်လအတွင်း သုံးရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ဇူလိုင်လအတွင်း စားအုန်းဆီထုတ်လုပ်မှု ကျဆင်းလာမည်ဟု ခန့်မှန်းထားခဲ့ကြသဖြင့် ယခုကဲ့ သို့ စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ကြောင်း၊ စားအုန်းဆီနှင့် ဆက်စပ်လျက်ရှိသည့် ပဲပုပ်ဆီဈေးနှုန်းသည် လည်း မြင့်တက်လာသဖြင့် ယခုကဲ့သို့  စားအုန်းဆီဈေးနှုန်း များမြင့်တက်လာရခြင်းဖြစ်သည်ဟု  ချီကာဂိုဘုတ်အဖွဲ့၏ ထုတ်ပြန်ကြေညာချက်ကို ကိုးကား၍ စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ဘာဆာမလေးရှားကုန်စည်ဒိုင်က  ထုတ်ပြန်ခဲ့သည့် အောက်တ

admin_ygn

       ဇူလိုင်လ ၁၆ ရက်မှ ၂၂ ရက် အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၅၇၆၀၈၀ တန်ဖိုးရှိ  နို့ဆီ ၄၀၈ ဒသမ ၈၆၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ ၁၂၁ ဒသမ ၂၉၆တန်၊ မလေးရှားနိုင်ငံမှ ၄၆ ဒသမ ၈၀ တန် နဲ့စင်ကာပူနိုင်ငံမှ ၂၄၀ ဒသမ ၇၆၈တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့ တံဆိပ်များမှာ ဒွန်းနို့ဆီ၊ My Boy နဲ့ Tea Pot တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ် က တင်သွင်းခဲ့တဲ့ နို့ဆီတန်ချိန် ၃၅၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ၅၈ တန်ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။ နို့မှုန့် ကဒီတစ်ပတ်မှာ ယူကေမှ သုညဒသမ ၆၃၆ တန်၊ နယူးဇ

admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ် ဆင့် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ  ၇၉၂၉၀ တန်ဖိုးရှိ ကော်ဖီစေ့ တန် ၉၀ ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှုမရှိဘဲ ဇွန်လနောက်ဆုံးပတ်က ၂၉ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။

admin_ygn

မြန်မာ-တရုတ်       နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှ တစ်ဆင့်  ဇူလိုင် ၁၅ ရက်မှ ၂၁ ရက် အထိ  သီတင်းပတ်အတွင်း တရုတ် နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၅၈၄၀၀ တန်ဖိုးရှိ ဝါဂွမ်း ၇၂ တန် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန် ၅၀ နဲ့ နှိုင်းယှဉ်ပါက ၂၂ တန် ပိုမိုတင်ပို့ခဲ့ ပါတယ်။ ဝါဂွမ်းအပြင် အမေရိကန် ဒေါ်လာ ၂၈၀၀၀ တန်ဖိုးရှိ  ပိုးအိမ် ၈ တန်ကိုလည်း တင်ပို့ခဲ့တာ တွေ့ရပါ တယ်။ဝါတင်ပို့ခွင့် ကို   နှစ် ၂၀ ကျော် ကြာ  ရပ်ဆိုင်းထားပြီး ၂၀၁၄ ခုနှစ် မတ် ၃ ရက်မှ ပြန်လည်တင်ပို့ခွင့်ပြု ခဲ့ ကြောင်း၊ ယခင်က ပြည်ပတင်ပို့ခွင့် မရှိလို့  ဝါ

admin_ygn

     ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၂၄ သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၉၅၀၉ စီးကို တင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၈၉၆၁ စီးတင်သွင်းခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၅၄၈ စီး လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ ယခုတစ်ပတ်မှာ ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ လျော့နည်းတင်သွင်းခဲ့ပေမယ့် မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တမူး ကုန်သွယ်ရေးစခန်းများမှ ပိုမို တင်သွင်းခဲ့တဲ့အတွက်  ယခုလိုပိုမိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။