ယခုတစ်ပတ် ပြည်ပွဲရုံများသို့ ကြက်သွန်ဖြူအိတ်တွေ ဆက်တိုက် ဝင်ရောက် နေပြီး ယခင်နှစ်ကာလတူထက် ဈေးကျနေတာတွေ့ရပါတယ်။ ယခင်နှစ်ကာလတူက ကြက်သွန်ဖြူဈေးဟာ တစ်ပိဿာပေါ်တွင် ယခုပေါက်ဈေး ထက် ကျပ် ၁၇၀၀ ပိုများခဲ့ပါတယ်။ တစ်လထက်တစ်လဈေးတွေထပ်ထပ် တက်လာခဲ့တာလည်းတွေ့ရ ပါတယ်။ ဒါပေမယ့် ပြည်စားဖိုဆောင်အရောင်းအဝယ်အဖွဲ့မှ ဈေးနှုန်းကိုထိန်းထား လျက်ရှိကြောင်းလည်းသိရပါတယ်။ ယခု တစ်ပတ် ပွဲရုံပေါက်ဈေးမှာ ကြက်သွန်ဖြူ တစ်ပိဿာလျှင်ရှမ်းစကျပ် ၃၅၀၀၊ ကြူကုတ်ကျပ် ၂၁၀၀ဖြစ်ပြီး ဒေသတွင်း လက်လီ ဈေးများတွင် ရှမ်းစကျပ် ၃၈၀၀မှ ကျပ် ၄၀၀၀ ဖြင့် ရောင်းချနေတာတွေ့ရပါတယ်။ အဝင်များပြီး အရောင်း အဝ
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ သြဂုတ်၅ရက် မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ လေးတန်ကိုတရုတ်နိုင်ငံသို့ လည်းကောင်း၊မြန်မာ-ထိုင်းနယ်စပ်ရှိမြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂၂၁၇၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၃၀ကို ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့ခဲ့သလို တာချီလိတ်ကုန်သွယ်ရေး စခန်းမှလည်း အမေရိကန်ဒေါ်လာ ၂၉၄၀၀၀ တန်ဖိုးရှိ ကြက်သွန် ဖြူတန် ၂၀၀ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က မူဆယ်မှ ကြက်သွန်နီ ၁၆ တန်၊ တာချီလိတ်မှ ကြက်သွန်ဖြူ တန် ၁၅၀ နဲ့ တမူးမှ ကြက်သွန်ဖြူ သုံး
မန္တလေးတိုင်းဒေသကြီး မန်းအခြေပြုကားဂိတ်ဖြစ်သည့် မန်း-လားရှိုး၊ မန်း-ကျောက်မဲ၊ မန်း-တောင်ကြီး၊ မန်း-မော်လ မြိုင်နှင့် မန်း-ရန်ကုန်ကားလိုင်းများ၏ ကားသယ်ခနှုန်းထားများ ဇူလိုင်လဆန်းပိုင်းက သိသာစွာပြောင်းလဲမှု မရှိသော်လည်း၊ ဇူလိုင်လလယ်မှစ၍ မန်း-မူဆယ် ကားလိုင်းတစ်လိုင်းသာ ဈေးနှုန်းကျဆင်းလာတာကိုတွေ့ရပါတယ်။ အတက်ကုန်၊ အဆင်းကုန်နည်းပါးခြင်းကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း အဝေးပြေးကုန်စည်ပို့ ဆောင်ေ ရးဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းမှသိရပြီး သြဂုတ်လ ဒုတိယပတ်ထိ ဆက် လက်ကျဆင်းလျက်ရှိရာ ကုန်ကျစ်/ကုန်ပွတစ်ပိဿာလျှင် ရှစ်ကျပ်ခန့်ဈေးကျလာတာကို တွေ့ရှိရပါတယ်။ ဇူလိုင
မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် လာမည့်နှစ်ပတ်အတွင်း အကျိုးအမြတ်များ ကြီးမားစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ကာလများက အရှုံးပေါ်ခဲ့သည်များကို ပြန်လည်ထေမိစေမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ စားအုန်းဆီနှင့် ဆက်စပ်နေသည့် စားသုံးဆီ ဈေးကွက် ပိုမိုခိုင်မာအားကောင်းလာသည့် အတွက်ကြောင့် ဖြစ်ရကြောင်း စတားအွန်လိုင်းသတင်းတွင် သြဂုတ် ၈ ရက်က ဖော်ပြထားသည်။ ဘာဆာမလေး ရှားကုန်စည်ဒိုင်တွင် အောက်တိုဘာလအတွက် စားအုန်းဆီစံထားဈေးနှုန်းသည် ဈေးပိတ်ချိန်တွင် နှစ်ရာခိုင်နှုန်း မြင့်တက်ပြီး ၂၆၂၆ ရင်းဂစ် (အမေရိကန် ဒေါ်လာ ၆၁၂ ဒသမ ၉၈) နှုန်းရှိခဲ့သည်။ အ
ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၈ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန် သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၀၅ သန်း တန်ဖိုးရှိ နှမ်း ရောင်စုံ ၃၂၃၂ တန်ကျော်ကို တရုတ်နိုင်ငံသို့ လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ် ရှိမြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၆၂၉၇၇ တန်ဖိုး ရှိ နှမ်းရောင်စုံ တန် ၆၀ ခွဲကို ထိုင်း နိုင်ငံသို့လည်းကောင်း အသီးသီး တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က မြဝတီမှ နှမ်းတင်ပို့မှု မရှိဘဲ မူဆယ် နဲ့ ချင်းရွှေဟော်မှ နှမ်းရောင်စုံ ၂၈၆၁ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ် တရုတ်နယ်စပ်မှတစ
ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၅ ရက်အထိ သီတင်းပတ်အတွင်း ပြည်တွင်းသို့ ရေလမ်းမှ ဘိလပ်မြေတန်ချိန် ၁၂၀ ကျော်အဝင်ရှိခဲ့ပြီး ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ တန်ချိန် ၈၃၃၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပ တ်မှာ တန်ချိန် ၈၂၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်မှာ တန်ချိန် ၁၂၁၉၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ် အဝင်မှာ တန်ချိန် ၉၆၂၀ ကျော်ရှိခဲ့တာကြောင့်ဒီတစ်ပတ်မှာ တန် ချိန် ၂၅၆၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ ရေကြောင်းလမ်းမှ အဝင်လျော့ပြီးနယ်စပ်လမ်းမှ အဝင်ပိုခဲ့ပါတယ်။ ရန်ကုန်ဘိလပ်မြေဈေးကွက
ဇူလိုင် ၂၃ ရက်မှ ၂၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၆၀၇၄၂၀ တန်ဖိုးရှိ မြေသြဇာ ၁၅၁၄၂ ဒသမ ၅၀ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဘီလာရုစ်နိုင်ငံမှ ၅၂၂ ဒသမ၅၀ တန်၊ တရုတ်နိုင်ငံမှ ၈၆၃၂ တန်၊ အီရန်နိုင်ငံမှ ၂၀၅၀ တန်၊ ကိုရီးယားနိုင်ငံမှ တန်ချိန် ၁၀၀၊ မလေးရှားနိုင်ငံမှ တန်ချိန် ၁၁၀၊ ပါကစ္စတန်နိုင်ငံမှ ၁၁၇၇ ဒသမ ၅၀ တန်၊ ပိုလန်နိုင်ငံမှ ၁ ဒသမ ၈၀ တန်၊ စပိန်နိုင်ငံမှ ၄ တန်၊ ဆွီဒင်နိုင်ငံမှ ၂ ဒသမ ၇၀ တန်၊ ထိုင်းနိုင်ငံမှ ၂၃၃၂ တန်နဲ့ဗီယက်နမ်နိုင်ငံမှ တန်ချိန်၂၁၀ တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့အမျိုးအစားများမှာ ပိုတက်၊ အ
ဇူလိုင် ၃၀ ရက်မှ သြဂုတ်လ ၅ ရက်အထိ သီတင်းပတ်အတွင်း နနွင်း ၂၈၃ ဒသမ ၉၉၅ တန်ကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါ တယ်။ ဒီတစ်ပတ် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံသို့ တန်ချိန် ၉၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၈၄ တန်၊ သီရိ လင်္ကာနိုင်ငံသို့တန်ချိန်၂၀နဲ့ အိန္ဒိယနိုင်ငံ သို့၈၉ ဒသမ ၉၉၅ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က နနွင်းတစ်တန်သာ တင်ပို့နိုင်ခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နနွင်းတန်ချိန် ၂၈၀ကျော် တင်ပို့မှုပိုခဲ့တယ်လို့ သိရပါ တယ်။ နနွင်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၉၉၇၅၆ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်နှစ်က နနွင်းတစ်တန်ကိုပျမ်း
အောင်ပန်းဈေးကွက်မှာတော့ ချင်းအဝင်ရှိနေပါသေးတယ်။ အရင်လတွေ လောက်အဝင် မများတော့ပေမယ့် ငါးရက်တစ်ဈေးကိုတော့ ပိဿာချိန်တစ်သောင်းခန့် အဝင်ရှိနေပါတယ်။ ဝယ်လက်ကတော့ ပါးနေပါတယ်။ အဓိက ဝယ်ယူနေတာ ကတော့ ရန်ကုန်ဝယ်လက်ရယ်၊ ပြည်တွင်းလက်လီသမားတွေသာ အဝယ်ရှိနေတယ် လို့လည်း သိရပါတယ်။ ရန်ကုန်ဝယ်လက်တွေက ပင်လယ်ရေကြောင်းက တင်ပို့ဖို့ အတွက်နဲ့လှောင်ထားဖို့အတွက် ဝယ်ယူ ထားကြတာလို့ဆိုပါတယ်။ ပြည်တွင်းလက်လီသမားတွေဖြစ်တဲ့ မိတ္ထီလာ၊တောင်သာ၊မကွေး စတဲ့မြို့တွေကတော့ ထိုးချင်းပြုလုပ်ဖို့ အတွက်ဝယ်ယူပြီး၊ တစ်ပတ်ကို ပိဿာချိန် ရာဂဏန်းခန့်သာ ဝယ်ယူတယ်လို့လည်း သိရပါတ ယ်။ အရင်ကတော့ တပ်ကုန်းဝယ်လက
ဇူလိုင် ၂၉ ရက်မှ သြဂုတ်၄ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၈၃၂၀ တန်ဖိုး ရှိ ကြက်သွန်နီ ၁၆ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ ၃၂ တန်နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၁၆ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ မူဆယ်မှာ ကြက်သွန်နီတစ်တန်ကို လိုင်စင်ဈေး အမေရိကန်ဒေါ်လာ ၅၂၀ ရှိတယ် လို့ သိရပါတယ်။ အလားတူ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိ ကန်ဒေါ်လာ ၂၂၀၅၀၀တန်ဖိုးရှိ ကြက်သွန်ဖြူတန် ၁၅၀ ကို ထိုင်းနိုင်ငံသို့လည်း ကောင်း၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခ