သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၅၅၁ တန်ဖိုး ရှိလက်ဖက်ခြောက်၁၈ တန်တင်ပို့ခဲ့ရာ ယ ခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ ၅ တန်နဲ့ နှိုင်းယှဉ်ပါက ၁၃ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။ အလားတူ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန် သွယ်ရေးစခန်းမှလည်း အမေရိကန် ဒေါ်လာ ၁၅၅၂၂ တန်ဖိုး ရှိ လက်ဖက်ခြောက်တန် ၄၀ နီးပါးကို ထိုင်းနိုင်ငံသို့ တင်ပို့ ခဲ့ပါတယ်။ ယခင်တစ်ပတ်က တာချီလိတ်မှ လက်ဖက် ခြောက် တင်ပို့နိုင်ခြင်း မရှိတာတွေ့ရပါတယ်။
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း အမေ ရိကန် ဒေါ်လာ ၁၇၃၈၀၀ တန်ဖိုးရှိ ငွေချည်-၆ဝါ ၇၉ တန်တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ ၁၂၉ တန်နဲ့ နှိုင်းယှဉ်ပါက တန်၅၀ လျော့နည်းခဲ့ သလို အမေရိ ကန်ဒေါ်လာ ၁၄၀၀၀ တန်ဖိုးရှိပိုးအိမ် ၄ တန် တင်ပို့ရာမှာ လည်း ယခင်တစ်ပတ်က ၈ တန် တင်ပို့ ခဲ့တဲ့အတွက် ၄ တန်လျော့နည်း တင်ပို့ ခဲ့တာတွေ့ရပါတယ်။
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းသုံးခုမှ သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၁၇၉ သန်းတန်ဖိုးရှိ Re -Export သကြား ၁၇၁၉၈ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၁၆၆၅၀ တန်ကျော်၊ လွယ် ဂျယ်မှ ၆၅ တန်နဲ့ ချင်းရွှေဟော်မှ ၄၈၃ တန်ဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က အဆိုပါ စခန်းသုံးခုပေါင်းမှ ၁၈၅၁၃ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၁၃၁၄ တန်လျော့နည်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခုရက်သတ္တပတ်အတွင်း သကြားတစ်တန်ဈေးကျပ် ၇၃၁၆၄၀ ဖြစ်ပြီ
ယခုတစ်ပတ် မုံရွာဈေးကွက်မှာ မတ်ပဲဈေးဆက်လက် တက်ရိပ်ပြခဲ့ပေမယ့် ပဲတီစိမ်းလုံးကြီးက ဈေးဆက်လက် ကျဆင်းခဲ့ကြောင်းသိရပါတယ်။ ယခင်တစ်ပတ်က မတ်ပဲတစ်ပိဿာ ၁၂၆၅ ကျပ်အထိဈေးမြင့်ခဲ့သလို ယခု တစ်ပတ်မှာလည်း တစ်ပိဿာ ၁၃၇၅ ကျပ် (တစ်တန်ကျပ် ၈၄၂၀၃၀) နဲ့ ဆက်လက် ဈေးမြင့်ခဲ့ပါတယ်။ မြို့ခံပဲခွဲစက်များသာမက ရန်ကုန်ဝယ်လက်များကပါ ဝယ်လိုအားရှိတာကြောင့် မတ်ပဲအရောင်းအဝယ်ဖြစ်မှုများကြောင်း သိရ ပါတယ်။ အလားတူ ကုလားပဲဖြူလုံးကြီးကလည်း ယခင်တစ်ပတ်က တစ်ပိဿာ ၂၂၃၇ ကျပ်နဲ့ဈေးမြင့်ခဲ့သလို ယခု တစ်ပတ်မှာလည်း တစ်ပိဿာ ၂၃၁၆ ကျပ်(တစ်တန်ကျပ် ၁၄၁၈၂၉၀) အထိ ဆက်လက်ဈေးမြင့်ခဲ့ပါတယ်။ ယ ခင်တစ်ပတ် က ပဲတီစိမ်း
ယခုတစ်ပတ်မှာလည်း လားရှိုးဈေးကွက်မှာ ပြောင်းဈေး အတက်အကျမရှိခဲ့ဘဲ ယခင်တစ်ပတ်ဈေးအတိုင်း ရက်သတ္တသုံးပတ်ဆက်တိုက် ဆက်လက်ဈေးငြိမ်နေခဲ့ကြောင်း သိရပါတယ်။ ပြောင်းဈေးအနေနဲ့ တစ်ပိဿာ ကျပ် ၅၀၀ (တစ်တန်ကျပ် ၃၀၆၁၉၀)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခင်တစ်ပတ်က ပိဿာချိန် ၃၀၄၄၈၀၀ရှိခဲ့ပြီး ယခုတစ်ပတ်မှာ ပိဿာချိန် ၂၈၀၃၃၆၀ သာရှိတာကြောင့် ယခင်တစ်ပတ်ထက် လျော့ နည်းပြီး အရောင်းအဝယ်အေးနေ ကြောင်း သိရပါတယ်။ သယ်ယူပို့ဆောင်ခအနေနဲ့ လားရှိုးမှ မူဆယ်အထိ ပြောင်းတစ်ပိဿာ ၂၉ ကျပ်ရှိကြောင်းလည်း သိရပါတယ်။
သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၁၄ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၃၈၃ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ နှမ်းနက်တစ်မျိုးတည်းသာ တန် ၄၀ ကျော် တင်ပို့ခဲ့ပြီး ချင်းရွှေဟော်မှ နှမ်းနက် ၁၄၁၆ တန်ကျော်၊ နှမ်းဖြူ ၄၂၉ တန်ကျော်၊ နှမ်းဖြူ(အခွံချွ တ်) ၂၂၁ တန်နဲ့ နှမ်းညို ၂၇၄ တန်ခွဲ ဖြစ်ပါတယ်။ ယခင်တစ်ပတ်က အဆိုပါစခန်းနှစ်ခုမှ ၃၂၃၂ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ၈၄၉ တန်လျော့နည်း တင်ပို့ခဲ့တာ တွေ့
သြဂုတ်လ ၅ ရက်မှ ၁၂ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ် လာ ၉၁၁၈၈၀တန်ဖိုးရှိ နို့ဆီ ၆၅၆ဒသမ ၆၃၉တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီ တစ်ပတ် အိုကေနို့ဆီ၂၁၈ဒသမ ၈၇၉နဲ့ ဒွန်းနို့ဆီ ၄၃၇ ဒသမ ၇၆ တန်တင်သွင်း ခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်း ပတ်က တင်သွင်းခဲ့တဲ့ နို့ဆီတန်ချိန်၂၆၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန် ချိန် ၃၉၀ ကျော် တင်သွင်းမှုပိုခဲ့တယ်လို့ သိရတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာနယူး ဇီလန်နိုင်ငံမှ ၅၀ ဒသမ ၂၀ တန်၊မလေး ရှားနိုင်ငံမှ ၂၈ဒသမ၉၆၂တန်နဲ့စင်ကာပူ နိုင်ငံမှ ၁ ဒသမ ၂၈၈ တန်၊ စုစုပေါင်း ၈၀ ဒသမ ၄၅ တန် တင်သွင်းခဲ့တယ်လိ
သြဂုတ်လ ၆ ရက်မှ ၁၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၃၆၈၉၀တန်ဖိုးရှိ ဘိလပ်မြေ ၈၂၄၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ ၃၂၅ တန်နဲ့ မလေးရှား နိုင်ငံမှ၇၉၂၀တန်တင်သွင်းခဲ့ပါတယ်။ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ဘိလပ်မြေ တန်ချိန် ၁၂၀ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန် ၈၁၀၀ ကျော် အဝင်ပိုခဲ့ တယ်လို့သိရပါတယ်။
သီတာဝင်း (DOT)
သြဂုတ်လ ၆ ရက်မှ ၁၂ ရက်အထိ သီတင်းပတ်အတွင်း မန်ကျည်း ၁၂၂တန် ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မလေးရှား နိုင်ငံသို့ မန်ကျည်းသီး(သစ်) ၇၂တန်နဲ့ စင်ကာပူနိုင်ငံသို့ မန်ကျည်း သီး(၂၀၁၆)တန် ၅၀တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ မန်ကျည်း ၄၄ တန်နဲ့နှိုင်းယှဉ်ရင် ၇၈တန် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်းသီး(သစ်)က တစ်တန်ကို ပျမ်းမျှအမေရိကန်ဒေါ်လာ ၉၅၀ ဝန်းကျင်ရရှိခဲ့ပြီး မန်ကျည်းသီး (၂၀၁၆)က တစ်တန်ကို ပျမ်းမျှအမေရိကန်ဒေါ်လာ ၂၈၅ ရရှိခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၂၆၅၀ ဝင်ငွေရရှိ
သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၇၂၉၀ တန်ဖိုးရှိ ချင်းခြောက် ၁၄ တန်ကို တရုတ်နိုင်ငံသို့ လည်းေ ကာင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၁၄၉၇၄ တန်ဖိုးရှိ ချင်းခြောက် ၁၂တန်ကျော်ကို ထိုင်းနိုင်ငံသို့ လည်းကောင်း တင်ပို့ခဲ့ပါတယ်။ယခင် တစ်ပတ်က မြဝတီမှ ချင်းတင်ပို့မှု မရှိဘဲမူဆယ်မှ ချင်းခြောက် ၁၆ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။