admin_ygn

       အေမေရိကန်နိုင်ငံ ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့ နှင့် တရုတ်နိုင်ငံဒါလီယံဈေးကွက်တွင် ပဲပုပ်ဆီဈေးကျဆင်း မှုကြောင့် မလေးရှားစားအုန်းဆီဈေးလည်း မေ ၂၄ ရက်က တစ်ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ရာ ရက်သတ္တသုံး ပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း မလေးရှားစတားအွန် လိုင်းသတင်းတွင် ဖော်ပြသည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) တွင် သြဂုတ်အတွက် စာချုပ်ချုပ်ဆို သော အခြေခံစံထားဈေးးနှုန်းမှာ မေ ၂၄ ရက်ဈေးပိတ်ချိန်တွင်  ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၅၈၁ ရင်းဂစ် (အမေရိကန်ဒေါ်လာ  ၆၀ ၁ ဒသမ ၄၉ ) နှုန်းသို့ ရောက်ရှိကာ

admin_ygn

       မေ ၁၄ ရက်မှ ၂၀ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၄၀၂၇၃၆၀ တန်ဖိုးရှိ ဒီဇယ် ၇၃၁၁၈ ဒသမ ၇၄၉ တန်နဲ့ အမေရိကန်ဒေါ်လာ ၂၃၆၂၇၂၃၇ တန်ဖိုးရှိ ဓာတ်ဆီ ၄၃၁၀၄ ဒသမ ၂၈၇ တန်၊စုစုပေါင်း ဓာတ်ဆီ ၊ ဒီဇယ် ၁၁၆၂၂၃ ဒသမ ၀၃၆ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၆၁၆၀၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဒီဇယ်တန်ချိန် ၁၁၅၀၀ ကျော် အဝင်ပိုခဲ့သလို ယခင်သီတင်းပတ် ဓာတ်ဆီအဝင် တန်ချိန် ၃၃၃၀၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဓာတ်ဆီတန်ချိန် ၉၈၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့် ဒီတစ် ပတ်မှာ ဓာတ်ဆီရော ဒီဇယ်ပါ အဝင်ပိ

admin_ygn

         မေ ၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းပတ်အတွင်း   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၆ သန်း တန်ဖိုးရှိ ကြက်သွန်နီ ၁၄၀၁ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ ရာ  ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၆၈၉ တန်နဲ့ နှိုင်းယှဉ်ပါက ၇၁၂ တန်ပိုမိုတင်ပို့ ခဲ့တာ တွေ့ရပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းကတော့   အမေရိ ကန်ဒေါ်လာ ၄၆၉၁၇ တန်ဖိုးရှိ ကြက်သွန်နီ ၁၂၅ တန်နဲ့ အမေရိကန်ဒေါ်လာ ၂၅၀၇၅၀တန်ဖိုးရှိ ကြက်သွန်ဖြူ တန် ၁၇၀ ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တာချီလိတ်မှ ကြက်သွန်နီ

admin_ygn

ထိုင်းနိုင်ငံတွင်  ရော်ဘာစိုက်ပျိုး ရေးနှင့် ရော်ဘာပစ္စည်း အမျိုးမျိုးကို  ထုတ်လုပ်လျက်ရှိသည့် Sri Trang Agro-Industry Plc (STA)  သည် ရော်ဘာပစ္စည်း ထုတ်လုပ်မှုအပိုင်း (Midstream Rubber Production)  ကို မြှင့်တင်ရန်အတွက် ဘတ်နှစ်ဘီလီယံ တိုးချဲ့ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် မေ ၆ ရက်မှ ၁၂ ရက်အထိ ရက်သတ္တပတ် အတွင်း အမေရိကန်ဒေါ်လာ ၄၅၃၉၀ တန်ဖိုးရှိ ကော်ဖီစေ့ ၅၁ တန်ကျော်ကို  တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၃၃ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၁၈ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။

admin_ygn

ပြည်(ပွဲရုံ) ဈေးကွက်အတွင်းသို့ ကြက်သွန်ဖြူအသစ်တွေ ဝင်ရောက်လာတာတွေ့ရပါတယ်။ အစိုဓာတ်ရှိနေပေမယ့် ဈေးကွက်ဝင်  အရွယ်အစားရှိပြီး၊ ဈေးနှုန်းကျဆင်းတာကြောင့်လည်း အရောင်းအဝယ်ကျ မသွားဘဲ ပုံမှန်ရောင်းဝယ်နေတာတွေ့ ရပါတယ်။ ကြူကုတ်စရော၊ ရှမ်းစပါ အသစ်တွေချည်း ဝင်ရောက်လာတာ တွေ့ရပါတယ်။ယခုတစ်ပတ် ကြက်သွန်ဖြူဈေးတွေကတော့ ပြည်(ပွဲရုံဈေး) လက်ကားတစ်ပိဿာလျှင် ရှမ်းစ ကျပ် ၃၃၀၀ မှ ကျပ် ၃၅၀၀ ထိရှိပြီး၊ ကြူကုတ်စ တစ်ပိဿာ  ကျပ် ၅၇၀၀ တို့ဖြစ်ပါတယ်။ လက်လီဈေးများတွင်တော့ ရှမ်းစ ကျပ် ၄၅၀၀ နှင့် ကြူကုတ်စ ကျပ် ၆၈၀၀ ဈေးတို့ဖြင့် ရောင်းချလျက်ရှိပါတယ်။ အဝင်အနေဖြင့် ပြည်ဈေးကွက်အတွင်း မှာ ကြက်သွန်ဖြူအဟောင်းလက်ကျန် ကိုသာ ရော

admin_ygn

ပဲခူးတိုင်းဒေသကြီး၊   ပြည်ခရိုင်အတွင်း သစ်သီးဝလံ ဈေးကွက်သို့ မေလဆန်းမှစ၍ သရက်သီးမှည့်များ စတင် ဝင်ရောက်လာတာကို တွေ့ရပါတယ်။ ပြည်ခရိုင်၊ ပြည်မြို့နယ် တွင် မြကျောက်၊ ရင်ကွဲ၊ မချစ်စု၊ ဘုတ်ဆုံသီး စသည်ဖြင့် အမျိုးအစားများစွာရှိသော်လည်း   မြကျောက်သရက်သီး အထွက်ပိုများလို့ ပြည်ဒေသရဲ့  ဒေသထွက်လက်ဆောင်တစ်ခု အဖြစ်ပါဝင်နေခဲ့ပါတယ်။  ပြည်အနီးတစ်ဝိုက်နှင့် ပြည်တစ် ဖက်ကမ်း၊ ရွှေဘုံသာမုနိ ဘုရား အနီး ကျေးရွာများမှလည်း မြကျောက်သရက်သီးများ ထွက်ရှိတာကြောင့် ရွှေဘုံသာမုနိ ဘုရားကြီး၏ ဈေးတန်းတစ်လျှောက်မှာ ယခုလိုအချိန် ကာလ များတွင် သရက်သီးအရောင်းဆိုင်များ ပြည့်နှက်လျက်ရှိကြ ကာ အနယ်နယ်အရ

admin_ygn

ကသာခရိုင်အတွင်းရှိ   ကသာ၊ ထီးချိုင့်၊ အင်းတော် မြို့နယ်များမှာ   လိုင်ချီးသီးခေါ်  တရုတ်ဆီးသီးများ အများ အပြား စိုက်ပျိုးကြတဲ့အနက် ကသာမြို့နယ်မှာ အများဆုံးစိုက် ပျိုးတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီမှာ ဖူးပွင့်ပြီး  မေမှာမှည့် ပါတယ်။ စားသုံးမှုများလို့   ရောင်းအားကောင်းပါတယ်။ မန္တလေး၊ မုံရွာ၊ ရန်ကုန်၊ ရွှေဘိုမြို့ကြီးများသို့ တင်ပို့ရောင်းချ နေတာတွေ့ရပါတယ်။ကုန်သည်များက အပင်အောက်ဈေးနဲ့ ဝယ်ယူပါတယ်။ အလုံးတစ်ရာပါတစ်တွဲ  တစ်ထောင်ကျပ်နဲ့ ရောင်းရပါတယ်။ အပင်ကြီးတစ်ပင်မှ ပုံမှန်အတွဲတစ်ရာကျော်ရပါတယ်။အခြား မြို့ကြီးဈေးကွက်မှာ တစ်တွဲကျပ် ၂၅၀၀ ၊ ၃၀၀၀ အထိ ရောင်း ရတယ်

admin_ygn

အောင်ပန်းဈေးကွက်မှာ  ချင်း (စို)  အဝင်နည်းသွားပါတယ်။ တောင်သူတွေ ထံမှာလည်း အနည်းငယ်သာ ကျန်ရှိတော့တယ်လို့သိရပါတယ်။  ဒီနှစ်ထွက်တဲ့   ချင်း(စို) က ပြည် တွင်း/ပြည်ပမှာအဝယ်လိုက်နေလို့ အရောင်းသွက်နေ တယ်လို့လည်း သိရပါတယ်။ ဧပြီလမှာ ပြည်ပဝယ်လက်တွေရှိခဲ့လို့ ဖြုန်းအား  အနည်းငယ်ကောင်း ခဲ့ပါတယ်။ဧပြီလအကုန်မှာတော့ ပြည်ပဝယ်လက်တွေက  နားသွားလို့ ပြည်တွင်းသုံး   ချင်းထိုး သမားတွေသာ အဝယ်ရှိတော့ တယ်လို့လည်း သိရပါတယ်။  မေလဆန်း မှာတော့  အောင်ပန်းဈေးကွက်မှာချင်းကို ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ဖို့အတွက် ဝယ် လက်အချို့က ပြန်ပြီး  ဝယ်ယူနေကြပါတယ်။ ဒါပေမယ့် ချင်း(

admin_ygn

  မြဝတီကုန်သွယ်ရေးဇုန်ရဲ့ ဧပြီလ အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၄၆ သန်း၊ သွင်းကုန် အမေရိ ကန်ဒေါ်လာ ၃၈ ဒသမ ၆၇၅ သန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၄၂၁ သန်း ဆောင်ရွက်နိုင်ခဲ့ပါ တယ်။ ဧပြီလုပ်ငန်းဆောင်ရွက်မှုကို ကာလတူဖြစ်တဲ့ ၂၀၁၆ ခုနှစ် ဧပြီ ဆောင်ရွက်နိုင်မှုနဲ့ နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၈၁၁ သန်းနဲ့ သွင်းကုန်အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၇၀ သန်းပိုမို ခဲ့သဖြင့် ကုန် သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၈၁ သန်းပိုမိုခဲ့တယ်လို့ မြဝတီ ကုန်သွယ်ရေးဇုန်မှ သိရပါတယ်။