Green Channel ဖြင့်ကွန်တိန်နာထုတ်ယူမှု အား မေ ၁၁ ရက်မှစ၍ နံနက်ပိုင်းထုတ်ပေးသည့်စနစ်ကို ကျင့်သုံးလျက်ရှိ

Wed, 05/18/2016 - 07:43 -- admin_ygn

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းအသီးသီး တွင် ရောက်ရှိနေသည့်ကွန်တိန်နာများအား အကောက်ခွန်ရှင်းလင်းရေးလုပ် ငန်းစဉ်ပါ ွGreen Channel ဖြင့် ကွန်တိန်နာထုတ်ယူမှုအား မေ ၁၁ ရက်မှစတင်၍နံနက်ပိုင်း ထုတ်ပေးသည့် စနစ် ကိုစတင်ကျင့်သုံး  လျက်ရှိကြောင်း သိရသည်။ ယခင်ကGreen Channel ဖြင့် ကွန်တိန်နာထုတ်ယူမှုများအား နေ့စဉ် နေ့လယ်ပိုင်းတွင် ထုတ် ပေးခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့ သို့Green Channel များအား နံနက်ပိုင်း ထုတ်ေ ပးသည့်စနစ်ကို ကျင့်သုံးခြင်းအားဖြင့် ဆိပ်ကမ်း များတွင် ကွန်တိန်နာများစုပုံနေခြင်းအား တစ်ဖက်တစ်လမ်းမှ ရှင်းလင်းပေးရာရောက်နို င်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ကွန်တိန်နာသယ်ဆောင်နိုင်သည့် ယာဉ်အစီးရေ ၁၈၀၀ ကျော်ရှိကြောင်းသိရသည်။ သို့သော်ဆိပ်ကမ်း တွင်းသို့ သွင်းကုန်ပစ္စည်းများ ဝင်ရောက်မှုများပြားလျက်ရှိသဖြင့် ဆိပ်ကမးများတွင် ထားစရာမရှိအောင် ကျပ်တည်းနေခြင်း များနှင့်ကြုံတွေ့နေရပြီး ယာဉ်များ အဝင် အထွက်ြ ပုလုပ်၍ မရတော့ဘဲပိတ်ဆို့နေကြောင်း သိရသည်။ယင်းကဲ့သို့သောအခြေအနေများကြောင့် Green Channel ဖြင့်ထုတ်ယူခွင့်ရရှိသည့်ကွန်တိန်နာများအား နံနက်ပိုင်းမှ စတင်၍ ထုတ်ယူခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်သြင်္ကန်ရုံးပိတ်ရက်ကာလများမှစတင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ တင်သွင်းရောက် ရှိ လာသည့် ပြည်ပအဝင်သင်္ဘောကြီးများသည် ရန်ကုန်မြစ်ဝတွင် ၇ ရက်မှ ၁၀ ရက်ခန့်စောင့် ဆိုင်းနေ ရသ ကဲ့သို့ သက်ဆိုင်ရာ ဆိပ်ကမ်းများသို့ ရောက်ရှိသည့်အခါတွင်လည်း ဆိပ်ကမ်းများတွင် ကွန်တိန်နာများ စုပုံနေသဖြင့် ထုတ်ယူရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည် ။                                                                  
 မယ်သီတာ

Local Trade News

Pages