ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်အချို့၌ စက်တင်ဘာလ ဒုတိယပတ်တွင် ဧည့်မထစပါး၊ ဆန်ဈေးနှုန်းအနည်းငယ်မြင့်တက်

Fri, 09/22/2017 - 06:11 -- admin_ygn

         ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် အချို့၌ စက်တင်ဘာလ ဒုတိယပတ် တွင် ဧည့်မထစပါး၊ ဆန် ဈေးနှုန်းများမှာ လဆန်းပိုင်းဈေးထက် အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။ စက်တင်ဘာလပထမပတ်က ပုသိမ်၊ သာပေါင်း၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်တို့တွင် ဧည့်မထ မိုးစပါး ၄၆ ပေါင် တင်း ၁၀၀ ကို ကျပ် ၄၈၀၀၀၀ မှ ကျပ် ၅၀၀၀၀၀ ဈေးတွင် ဆန်တစ်အိတ်လျှင် ကျပ် ၂၁၀၀၀ မှ ယခုစပါးဈေး ကျပ် ၅၀၀၀၀၀ မှ ကျပ် ၅၂၀၀၀၀ ဈေးရှိသည့်အချိန်တွင် ဆန် တစ်အိတ်လျှင် ကျပ် ၂၁၅၀၀ မှ ကျပ် ၂၁၈၀၀ ဈေးရှိခဲ့ကြောင်း၊ ဧည့်မထနွေ စပါး ၄၆ ပေါင် တင်း ၁၀၀ ကို ကျပ် ၄၆၀၀၀၀ မှ ကျပ် ၄၇၀၀၀၀၊  ဆန်တစ် အိတ်လျှင် ကျပ် ၂၀၀၀၀ မှ ယခုစပါး ဈေး ကျပ် ၄၈၀၀၀၀ မှ ကျပ် ၄၉၀၀၀၀ ရှိသည့်အချိန်တွင် ဆန်တစ်အိတ်လျှင် ကျပ် ၂၀၅၀၀ မှ ကျပ် ၂၁၀၀၀ ဈေးသို့ အနည်းငယ် မြင့်တက်သွားကြောင်း ဆန်စပါးဈေးကွက်မှသိရသည်။
အလားတူ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်မြို့နယ်တို့တွင် ဧည့်မထ မိုးစပါး ၄၆ ပေါင် တင်း ၁၀၀ ကို ကျပ် ၅၀၀၀၀၀ ကျပ် ၅၁၀၀၀၀ မှ ယခု လက်ရှိ ဈေး ကျပ် ၅၂၀၀၀၀ - ကျပ် ၅၃၀၀၀၀ ဝန်းကျင်၊ ဆန်တစ်အိတ်လျှင် ကျပ် ၂၂၀၀၀ မှ လက်ရှိဈေး ကျပ် ၂၂၅၀၀ မှ ကျပ် ၂၃၅၀၀ ဈေးအတွင်းရှိပြီး စပါးဈေး တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀ ဝန်း ကျင်နှင့် ဆန်တစ်အိတ်လျှင် ကျပ် ၁၀၀၀ ဝန်းကျင်ဈေး နှုန်းမြင့်တက်သွား ကြောင်း၊ မိုးစပါးပေါ်ခါနီး စပါးဟောင်း လက်ကျန်များ လျော့နည်းလျက်ရှိချိန်၌ ဈေးကွက်အရောင်းအဝယ်သွက်သော မြို့နယ်များတွင် ဆန်စပါးဈေးနှုန်းမြင့်တက်လျက်ရှိပြီး အရောင်းအဝယ် ပုံမှန် ရှိသော မြို့နယ်များတွင် ဈေးနှုန်းပြောင်း လဲမှုမရှိကြောင်း ဆန်စပါးဈေးကွက်မှ သိရသည်။       
  မင်းမင်းဦး(ပုသိမ်)

Local Trade News

Pages