အရသာကောင်း၊ ဈေးကောင်းတဲ့ ကယားမြေက ဆီးဘူးငရုတ်

Thu, 07/28/2016 - 03:38 -- admin_ygn

ကယား xxxx  ကယား xxxxx ကယားဌာနေ xxxxxx ကယား တို့ဌာနေ ထထထ ငွေတောင်ဆည်ဒီမောဆို ခေါင်ရည်ချို သောက် မယ် xxxxx ဟေ့ xxxxxx၁၉၉၅-၉၆ ခုနှစ်က ကယားပြည် နယ်ရဲ့   ကျောင်းသား အားကစား ပွဲ တော်မှာ အကော်ဒီယံနဲ့တီးခတ်ထားတဲ့ ကယားပြည်နယ်ရဲ့ သီချင်းတစ်ပုဒ်ပါ      ငွေတောင်ဆည်နဲ့  ရိုးရာခေါင်ရည်ဟာကယားလူမျိုး တို့ရဲ့ အထင်ကရ နေရာ နဲ့ရိုးရာဖြစ်သလို  ...ဟိုး ...ရှေးနှစ် ပေါင်းများစွာကတည်းက  လူတွေ မသိရှိ သေးတဲ့ ကယားတို့ရဲ့ဒေသထွက်ကုန် တစ်ခုကိုလည်း  မိတ်ဆက်ပေးပ ရစေ...အဲဒါကတော့ ဆီးဘူး ငရုတ် သီးပါ။ ကျွန်မတို့  ကယားပြည်နယ် တစ်ခုလုံးမှာ  ''ဆီးဘူး''လို့ခေါ်တဲ့ ကယားရွာ တစ်ရွာမှာပဲ   စိုက်ပျိုးတဲ့ ငရုတ်သီးဟာ    ကယားဈေးကွက်မှာ အလွန်နာမည်ကြီးပါတယ်။ဆီးဘူးငရုတ်ဆိုတာနဲ့  နောက် တစ်ခါပြန်ထပ်မကြည့်ရအောင် စိတ်ချ ရပါတယ်။ အရောင်ကတော့ လိမ္မော် ရောင်နဲ့ အဝါရောင် ရောစပ်ထားတဲ့ အသွင် ရှိပါတယ်။ အသီးအရွယ် အစား ကတော့ မိုးမျှော် ငရုတ်သီးထက်ငယ်ပြီး လက်မဝက်ခန့်ရှိပါတယ်။ တစ်နှစ်ကို နှစ်ခါ မိုးဦးနဲ့ ဆောင်း ရာသီမှာစိုက်ပျိုး ကြပါတယ်...ဆီးဘူးငရုတ်သီးဟာ ရေများ တာကိုမနှစ်သက် ပါဘူး.. ကုန်းစောင်း၊တောင်ယာလယ်ကွက်တွေထဲမှာစိုက်ပျိုးကြ ပါတယ်..ခရမ်း ပင်၊  ချဉ်ပေါင်ပင်၊  ရုံးပတီပင်များနဲ့ အတူ ရောစိုက်ကြပါတယ်..အပင် အကွာအဝေးကတော့ တစ်ပေ ပတ် လည် စိုက်ပျိုးရပါတယ်..သက်တမ်း ကတော့ တစ်နှစ်အထိရှိပါတယ်။ စိုက် ပျိုးပြီး သုံးလမှ လေးလအတွင်း အသီး စခူးလို့ရပါပြီ။တစ်ဧကကို အကောင်းဆုံး ထွက် နှုန်းပိသာ ၄၀ ခန့်မှ ၅၀ အထိ ထွက်ရှိ ပါတယ်။  အစို   တစ်ပိသာခွဲကို အခြောက်လှမ်းပါက  အခြောက် တစ်
ပိသာ ၁၀ ကျပ်သားရရှိပါတယ်။ ဈေး နှုန်းကတော့ တစ်ပိသာကို ကျပ် ၁၀၀၀၀ မှ ၁၄၀၀၀ အထိရှိပါတယ်။ အနံ့၊ အရ သာနဲ့အစပ်ကတော့ ကျွန်မတို့ပြည် နယ် ကထွက်တဲ့မှဲ့ခါသီး(ခေါ်)မာကတ် သီးနဲ့ များတွဲစားလိုက်ရင်  လျှာရည် လည်သွားပါ့မယ်။ဆီးဘူး   ငရုတ်သီးဟာ   ဈေး ကောင်းသလိုသဘာ၀ မြေသြဇာနဲ့သာ စိုက်ပျိုးထားတဲ့အတွက် ယုံကြည် စိတ်ချစွာ စားသုံးနိုင်ပါတယ်။ ငရုတ် သီးအစပ်ကို နှစ်သက်တဲ့ မိသားစုများ အတွက် သတင်းကောင်း တစ်ခုေ ဝမျှရ သလိုအခြား တိုင်းဒေသကြီးနဲ့ ပြည်နယ် များမှာ ရှိတဲ့ ကုန်သည်များနဲ့ကျွန်မတို့   ပြည်နယ်မှာရှိတဲ့ကုန်သည်များအ တွက်ဈေးကွက် သစ်တစ်ခုရှာဖွေနိုင် ပါတယ်။ကျွန်မတို့ကယားပြည်နယ်၊ ကန္ဒာရဝတTrade Center  မှာလည်း ဒေသထွက်ကုန်တစ်ခုအနေနဲ့ ပြသ   ထားတဲ့အတွက်လုပ်ငန်းရှင်များနဲ့ မိဘပြည်သူမျာ းလာရောက်လေ့လာ နိုင်ပါတယ်။Export ဆောင်ရွက်ချင်တဲ့ ကုန်သည်များအနေနဲ့လည်း  ၇ လမ်း နဲ့ ၈ လမ်းကြား ၊ နောင်ယား(က) ရပ်ကွက်၊ ကန္ဒာရဝတီTrade Center    ၊  ဖုန်း ၀၈၃-၂၁၀၀၅ မှာ  ဆက်သွယ်စုံ စမ်းမေးမြန်းနိုင်ပါကြောင်းသတင်း ကောင်းပါးအပ်ပါတယ်။ ကဲ…ကယားကိုအလည်လာချင် တဲ့ အမျိုးတို့ရေ...ကယားကို တစ်ခါ လောက်များ အလည်လာခဲ့ရင် ရိုးရာခေါင်ရည်ရယ်၊ ကယားဝက်အူ ချောင်းရယ်၊ ဆီးဘူးငရုတ်သီးပါဝယ် ပြီးမှ ပြန်ဖို့မမေ့ပါနဲ့နော်....

နော်ကြူကြူ (လွိုင်ကော်)