သြင်္ကန်ကာလ နီးကပ်လာ၍ ပြည်တွင်းငွေလဲနှုန်း များ ကျဆင်း

Thu, 04/07/2016 - 06:18 -- admin_ygn

မြန်မာတို့၏ ရိုးရာသြင်္ကန် ကာလ နီးကပ်လာ သဖြင့် ပြည်တွင်းငွေ လဲနှုန်းများ ကျဆင်းလာ ခဲ့ကြောင်း ငွေလဲဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ''သြင်္ကန်ကာလလည်း နီးလာတော့ ဈေးကျမယ်လို့ ခန့်မှန်းထားတဲ့အတွက် ပြန်ထုတ်ရောင်းတဲ့ သူတွေများ လာတယ်။ ကားတင်သွင်းတဲ့ သူတွေ လည်း နည်းသွားတဲ့ အတွက် ဈေးကွက်ထဲမှာ ဝယ်လိုအား နည်းလာပြီးရောင်းလိုအားက များလာတဲ့အတွက် ဈေးကျလာရတာပါ။ သြင်္ကန်ရောက်ဖို့က တစ်ပတ်ပဲလိုတော့တာ ဆိုတော့တချို့လုပ်ငန်းတွေ ရပ်ဖို့စိုင်းပြင်းနေကြပြီ။ အစိုးရသစ်ရဲ့ပြုပြင် ပြောင်းလဲ မှုတွေကို စောင့်ကြည့်နေကြတဲ့သူတွေ ရှိနေတော့ ဈေးကွက်ထဲမှာ အဝယ်နည်းသွားတယ်။ အဲဒါကြောင့် ဈေးကျလာရတာပါ။ သြင်္ကန်ပြီးတဲ့ အ ထိ ဈေးကျနေ မှာပါ''ဟု ငွေလဲကောင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ရန်ကုန်မြို့၏ ငွေလဲကောင်တာများတွင် မတ် ၂၈ရက်က ရောင်းဈေး ၁၂၁၁ ကျပ်၊ ဝယ်ဈေး ၁၂၀၇ ကျပ်ရှိခဲ့ပြီး မတ် ၃၀ ရက်တွင် ရောင်းဈေး ၁၂၀၇ကျပ်၊ ဝယ်ဈေး ၁၂၀၄ကျပ်သို့ ကျဆင်းခဲ့သည်။ ထို့နောက် မတ် ၃၁ ရက်တွင် ဆက်လက် ကျဆင်းလာခဲ့ပြီးရောင်းဈေး  ၁၂၀၁ ကျပ်၊ ဝယ်ဈေး ၁၁၉၇ကျပ်ရှိခဲ့ သည်။ ဧပြီလ ၁ရက်တွင် ရောင်းဈေး ၁၁၉၈ ကျပ်၊ ဝယ်ဈေး ၁၁၉၄ကျပ်သို့ ဆက်လက်ကျ ဆင်း ခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages