ရှမ်းပြည်နယ်(တောင်ပိုင်း)ထွက် နာနတ်သီးများ ဈေးကွက်ရောက်ရှိ

Tue, 07/09/2024 - 04:10 -- mocadmin

   နာနတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်၊ နမ့်စန်၊ မိုင်းကိုင်၊ မိုင်းပန်မြို့များ၌ ဧက ၁၀၀၀ ကျော် စိုက်ပျိုးထားရှိကြောင်း၊ နာနတ်သီးစိုက်ပျိုးရာတွင် အသီးပေါ်ရှိ အပင်အား စိုက်ပျိုးလျှင် ၃ နှစ်အကြာတွင်လည်းကောင်း ပင်စည်မှထွက်ရှိလာသော အတက်များကို စိုက်ပျိုးလျှင် ၂ နှစ် အကြာတွင်လည်းကောင်း အသီးများစတင်ခူးဆွတ်နိုင်ပြီး ဇွန်လနှင့်ဇူလိုင်လများတွင် နာနတ်သီးများ ထွက်ပေါ်လေ့ရှိကြောင်း သိရသည်။ နာနတ်အပင်၏ သက်တမ်းမှာ ၇ နှစ်ရှိပြီး “နှစ်လတ်” သီးနှံဖြစ် ကြောင်း၊ နာနတ်ပင် တစ်ကြိမ်စိုက်ပျိုးပြီး ကျန်နှစ်များတွင် ပေါင်းများ/ မြက်များ ရှင်းလင်းခြင်းနှင့် အပင်ပြုစုခြင်းအတွက်စရိတ်သာကုန်ကျပြီး နှစ်စဉ်ဝင်ငွေရရှိသဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။

   နာနတ်သီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၄,၀၀၀ လုံးခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် နာနတ်သီးစတင်ထွက်ရှိချိန်တွင် နာနတ်သီး(ဒေသသီး) တစ်လုံးလျှင် ငွေကျပ် ၂၀၀၀ ဖြင့်လည်း ကောင်း၊ ပျားနာနတ်တစ်လုံးလျှင် ငွေကျပ် ၃၅၀၀ ဖြင့် လည်းကောင်း ရောင်းချရပြီး နာနတ်သီး (ဒေသသီး)နှင့် ပျားနာနတ်တို့၏ ဈေးနှုန်းများမှာ အရည်အသွေးအပေါ်မူတည်၍ ရောင်းချရကြောင်း၊ ဈေးကွက် အနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် (Value Added)ထုတ်လုပ်ရန် ဝိုင်လုပ်ငန်းရှင်များ၊ ဖျော်ရည်လုပ်ငန်း ရှင်များနှင့် ယိုလုပ်ငန်းရှင်များမှလည်း ခြံပြတ်လာရောက်ဝယ်ယူလျက်ရှိကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ထွက်ရှိလာသော နာနတ်သီးများအား ဒေသတွင်းနှင့် နေပြည်တော်၊ ရန်ကုန်မြိုတို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်နာနတ်သီးဈေးနှုန်းများမှာ ယခင်နှစ်များ ထက် ဈေးပိုမိုရရှိ နိုင်သဖြင့် နာနတ်သီးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA (ရှမ်း)

Local Trade News

Pages