မွန်ပြည်နယ်တွင် ရော်ဘာသစ်မှ အိမ်သုံးပရိဘောဂထုတ်စက်ရုံဖွင့်လှစ်

Thu, 05/12/2016 - 09:10 -- admin_ygn

    ဒေသထွက် ရော်ဘာသစ်ကုန်ကြမ်းမှ စားပွဲ၊ ကုလားထိုင်၊ ဘီဒို၊ ဆက်တီကုလားထိုင်၊ ကုတင်၊ နံရံကပ်ဘီဒိုအစရှိတဲ့ လူ့အသုံးအဆောင်ပစ္စည်းထုတ်စက်ရုံကို ဧပြီ ၂၉ ရက်ကမွန်ပြည်နယ်၊  မော်လမြိုင်မြို့ရိုးရိုးရွာမှာ ဖွင့်လှစ်လိုက်ြ ပီလို့ သတင်းရရှိပါတယ်။ဒေသခံမိုးမြချယ်ကုမ္ပလီမိတက်နဲ့ ဂျပန်နိုင်ငံမှ OJC Forest & Products Co.,Ltd Sumitomo Forestry Co.Ltd တို့ ပူးပေါင်းကာ MOS Lumber Products ကုမ္ပဏီအနေနဲ့ တန်ဖိုးမြှင့်ထုတ်ကုန် များအဖြစ် ပရိဘောဂပစ္စည်းများ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ရော်ဘာပင်အိုများအစေးထွက်နှုန်း ကျဆင်းလာတဲ့အခါခုတ်လှဲပြီး ထင်းအဖြစ်သုံးကြပါတယ်။ ယခုအခါ ရော်ဘာသစ်ကို ကုန်ကြမ်းအဖြစ်မှတန်ဖိုးမြှင့် ပရိဘောဂကု န်ချောထုတ်စက်ရုံကိုဖွင့်လှစ်လိုက်ခြင်းဖြင့် ဒေသခံများအတွက်အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာပါတယ်။ ရော်ဘာစိုက်တောင်သူများလည်း ရော်ဘာသစ်ရောင်းချရာမှ ယခင်ထင်းအဖြစ်ခုတ်လှဲမှု ထက် ဈေးနှုန်းပိုမိုရရှိလာ မှာဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာ ရော်ဘာစိုက်ဧက ၁၄ သိန်းကျော်ရှိတဲ့ အနက် မွန်ပြည်နယ်မှာ စိုက်ဧက လေးသိန်းရှစ်သောင်းကျော်ရှိပါတယ်။

MIRT

Local Trade News

Pages