မြန်မာ့အလှကုန်ဈေးကွက်ကို မြှင့်တင်နိုင်ဖို့ ကိုရီးယားအလှကုန်ဈေးကွက်ကို အတုယူစို့

Wed, 05/18/2016 - 07:28 -- admin_ygn

အာဆီယံSMEs လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်အာဆီယံ-ကိုရီးယားစင်တာမှ  ကြီးမှူး၍  အာဆီယံ  ကိုရီးယားနည်းပညာပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ (အလှကုန်ပစ္စည်း ကဏ္ဍ)ကို တောင် ကိုရီးယားနို င်ငံ  ဆိုးလ်မြို့တွင် ဧပြီ ၂၅ ရက်မ ၂၉ ရက်အထိ ကျင်းပပြုလုပ်ရာ  အာဆီယံနိုင်ငံများမှ အလှကုန်ပစ္စည် လုပ်ငန်းရှင်တစ်ဦးနှင့်   အစိုးရဘက်မှ တစ်ဦးစီတက်ရောက်ခဲ့ကြပါ တယ် ။ ဒီအလုပ်ရုံ ဆွေးနွေးပွဲရဲ့  ရည်ရွယ်ချက် ကေ တာ့ အလှကုန် ပစ္စည်းထုတ်လုပ်မှု၊  ဈေးကွက်ထိုးဖောက်နိုင်မှုနှင့်   ထုပ်ပိုးမှုနည်း ပညာများကို မျှဝေဖလှယ်နိုင်စေရန်နှင့် အာဆီယံနှင့်  ကိုရီးယားနို င်ငံ အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တည်ဆောက်နိုင်စေရန်ဖြစ် ပါတယ် ။ တောင်ကိုရီးယားနိုင်ငံအနေနဲ့ ဒီနှစ်မှာ  အဓိကကဏ္ဍအဖြစ် အလှကုန်ကဏ္ဍကို ရွေးချယ်ထားကြောင်း၊AEC  ကို စတင်အကောင် အထည်ဖော်နေပြီဖြစ်ရာ  အာဆီယံစီးပွားရေးအသိုက်အဝန်းရဲ့  ထုတ်လုပ်မှုကိုအခြေခံတဲ့ တစ်ခု တည်းသော  ဈေးကွက်မှတစ်ဆင့် အခြားကမ္ဘာ့ဈေးကွက်ကြီးများသို့  ထိုးဖောက်နိုင်အောင် ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။အာဆီယံ-ကိုရီးယားစင်တာဟာ အာဆီယံနဲ့ ကိုရီးယားနိုင်ငံအချင်းချင်း ကုန်သွယ် မှုနှင့်  ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်စေရန်၊  ခရီးသွား လုပ်ငန်းနဲ့  ယဉ်ကျေးမှုများ  ကူးသန်းဆက်ဆံရေးတိုးမြှင့်စေရန် ရည် ရွယ်ဆောင်ရွက်လျက်ရှိပါတယ်။  ဒီခရီးစဉ်မှာ  ဆွေးနွေးပွဲ၊ ကုန်စည် ပြပွဲတက်ရောက်ခြင်းနဲ့  သက်ဆိုင်ရာ  လုပ်ငန်းများသို့  လေ့လာရေး သွားရောက်ခြင်းတို့  ပါဝင်ပါတယ်။ ဆွေးနွေးပွဲမှာ ကိုရီးယား ပညာ ရှင်နဲ့ လုပ်ငန်းရှင်များက  သူတို့ရဲ့အတွေ့အကြုံ အလှကုန်နှင့် ပတ် သက်သည့်သမိုင်းကြောင်း၊  အရေးပါမှု  အခြေအနေများကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသည့်အာဆီယံအဖွဲ့ဝင်နိုင်ငံ အသီးသီး ကလည်း မိမိတို့နိုင်ငံရဲ့ အလှကုန်ပစ္စည်းထုတ်လုပ်ရောင်းဝယ်မှု လုပ် ငန်းဆိုင်ရာနှင့် မိမိထုတ်ကုန်ရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းအားတွေကို မျှဝေရှင်း လင်းေ ဆွးနွေး ခဲ့ကြပါတယ်။
ကိုရီးယားလူမျိုးများက အလှအပနှင့် ပတ်သက်ပြီး စိတ်ဓာတ် ပြင်းထန်သူများဖြစ်သဖြင့် ရုပ်ရှင်ဂီတမှ တစ်ဆင့် AEC  ကို ကမ္ဘာတစ်ဝန်း နာမည်ကျော်ကြားအောင် ကြိုးပမ်းလိုကြောင်း၊ အာရှ ရဲ့ အလှဖန်တီးရှင်များဖြစ်လိုကြောင်း၊  လူကြီး လူငယ်  ကျား၊မ ခွဲခြား ကာ  အရွယ်အလိုက်ကြိုက်နှစ်သက်တဲ့  အမျိုးအစားများကို  လေ့လာ ခွဲခြားထုတ်လုပ်ကြောင်း၊ ဖြန့်ဖြူးရမည့် ဈေးကွက်နိုင်ငံရဲ့အကြိုက်ကို လည်း စနစ်တကျလေ့လာ၍ ဖြန့်ဖြူးတင်ပို့ကြကြောင်း၊ ထုတ်လုပ်ရာတွင် သုံးစွဲသည့်ပါဝင်ပစ္စည်းများကိုလည်း  သဘာဝအပင်ပစ္စည်း၊ အဆင့်မြင့် ဓာတုပစ္စည်း၊ တိရစ္ဆာန်နှင့် အစားအသောက်အခြေခံပစ္စည်း များကို သုတေသနပြုလုပ်၍ ကုန်ကြမ်းအဖြစ်သုံးစွဲကြောင်း၊ လိမ်း ခြယ်ရန် အလှပြင်ပစ္စည်းကိရိယာများကိုလည်း  အသစ်အဆန်းများ တီထွင်ထုတ်လုပ်ကြောင်း အလှအပရေးရာ ပါမောက္ခတစ်ဦးက K Beauty နဲ့ ပတ်သက်ပြီး ပြောကြားပါတယ်။ယနေ့ခေတ်မှာBrand MarketCompetitionတွေအရမ်းများ လာပြီဖြစ်တာကြောင့် ကိုယ်လုပ်မယ့် လုပ်ငန်းဟာလည်း  ဈေးကွက် ထိုးဖောက်ယှဉ်ပြိုင်နိုင်ဖို့အတွက်  နာမည်ကြီး   အမှတ်တံဆိပ်ဖြစ်ဖို့ လိုအပ်လာပါတယ်။  ကိုရီးယားရဲ့ Branding  Strategies အကြောင်း ရှင်းပြ ရာမှာ  အမှတ်တံဆိပ်တစ်ခုအောင်မြင်ဖို့ ဖြန့်ချိရေးနည်းလမ်း၊ ဈေးနှုန်း၊ ယုံကြည်မှုအပေါ်မူတည်ပြီး ရာသီအလိုက် နွေရာသီအတွက် တစ်မျိုး ဆောင်းရာသီအတွက် တစ်မျိုးထုတ်လုပ်ခြင်း၊ တစ်ခုတည်းနဲ့ အမျိုးမျိုးအဖုံဖုံအသုံးပြုနိုင်အောင်  ထုတ်လုပ်ခြင်းတို့  ဆောင်ရွက် ကြောင်းသိရပါတယ်။ထုပ်ပိုးမှုနည်းစနစ်ပိုင်းမှာတော့   အဓိကအနေနဲ့   ပစ္စည်းရဲ့ ဓာတ်မပျက်အောင်ကာကွယ်ဖို့ရယ်၊ အသုံးပြုကိုင်တွယ်ရတာ လွယ် ကူအောင်ရယ်၊ ဖြန့်ဖြူးရောင်းချရာမှာလည်း  အဆင်ပြေတဲ့ပုံစံမျိုး ထုတ်လုပ်ကြရတာဖြစ်ကြောင်း၊ နိုင်ငံတကာကို  ထိုးဖောက်ဖို့ဆိုရင် တော့  အကုန်အကျခံကာ  အဆင့်မြင့်ပြီး  ဆွဲဆောင်မှုရှိတဲ့  ထုပ်ပိုးမှု ပုံစံမျိုးဖြစ်မှ  မိမိပစ္စည်းကို  ယုံကြည်မှုရှိပြီး ဈေးကွက်ဝင်ရော က်နို င် မှာဖြစ်ကြောင်း  သိရပါတယ်။ကိုရီးယားနိုင်ငံ  ဆိုးလ်မြို့  မြောင်ဒုံးဈေးရှိ   အလှကုန်ပစ္စည်း ဈေးကွက်ကိုလေ့လာရာမှာ  အမှတ်တံဆိပ်သီးသန့်အမည်နဲ့  ဖွင့်လှစ် ရောင်းချတဲ့ ဆိုင်များကိုတွေ့ရပြီး   အလှကုန်ပစ္စည်းအမျိုးမျိုးကို  တစ် မျိုးချင်းစီအလိုက် စမ်းသပ်နိုင်ရန်  နမူနာတစ်ခုစီဖွင့်ဖောက်ပြသထား လေ့ရှိကာ  အရောင်းမြှင့်တင်နိုင်ရန်  ဈေးလျှော့ရောင်းချခြင်း၊ နမူနာ လက်ဆောင်ပေးခြင်းများကို ဆောင်ရွက်ကြပါတယ်။  ကိုရီး ယားနိုင်ငံ ရဲ့ နာမည် ကြီး   အလှကုန်ကုမ္ပဏီများဟာ အမှတ်တံဆိပ်အမည် နာမအမျိုးမျိုးနဲ့ ထုတ်လုပ်တာကိုတွေ့ရှိရပါတယ်။  နာမည်တစ်ခုတည်း နဲ့ ဇောက်ချလုပ်တာထက်အမည်အမျိုးမျိုး ဈေးနှုန်း အမျိုးမျိုးနဲ့ ဈေးကွက်ဝေစုကို ပိုမိုရရှိစေ ရန် ဆောင် ရွက် တာတွေ့ရပါတယ်။ဆိုးလ်မြို့   COEX Hall တွင် ဧပြီ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်တဲ့Seoul International Cosmetics & Beauty and Health Expo 2016ကိုသွားရောက်ရာ ကိုရီးယားနိုင်ငံ မှာ အလှ ကုန်ပစ္စည်း ထုတ် လုပ်တဲ့  ကုမ္ပဏီများစွာရှိပြီး ပြပွဲမှာ  အလှကုန်နှင့် ကျန်းမာရေးပစ္စည်း  ပြခန်းပေါင်း ၁၀၀၀ ကျော်   ခင်းကျင်း ပြသထား ပါတယ်။ရောင်းချခြင်းအပြင် ပြပွဲများ၊ လက်တွေ့ဆောင် ရွက်ပေးခြင်း နဲ့ ဈေးကွက်ချိတ် ဆက်နိုင် ရန် ဆွေးနွေးပွဲများကို ပြခန်းတိုင်းတွင် တွေ့ရှိရပြီး  လက်ကမ်းကြော်ငြာများ၊  လိပ်စာကတ်များ အပြန်အလှန် လဲလှယ်ကြတာတွေ့ရပါတယ်။ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အလှကုန်ကုမ္ပဏီများဖြစ်တဲ့ AMORE Pacific ကုမ္ပဏီ၊LG  ကုမ္ပဏီနှင့်  Coreana  ကုမ္ပဏီများသို့ လေ့လာခဲ့ရပါတယ်။ သင်တန်းပေးသလို နည်းပညာအသေးစိတ်တော့ သင်ကြားပြသပေးခြင်းမျိုးမဟုတ်ပါ။  သူတို့မှာလည်း  ပါရဂူဘွဲ့၊ မာစ တာဘွဲ့ ပညာရှင်များကို ခန့်ထားရကြောင်း၊ သုေ တ သနနဲ့နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း  အဆက်မပြတ်လုပ်နေရကြောင်း သိရ ပါတယ်။  လေ့လာခဲ့ရတဲ့ ကုမ္ပဏီအားလုံးရဲ့  တူညီတဲ့အချက်တွေကတော့ သူတိ့ုရဲ့ နောက်ခံသမိုင်းကြောင်းတွေ၊  မှတ်တမ်းမှတ် ရာေ တွ ၊ စိတ်ခံစားချက်နဲ့  တွန်းအားဖြစ်ပေါ်လာမှုအခြေအနေ၊  ခံယူချက် ဆောင်ပုဒ်လေးတွေ ၊ ထုတ်လုပ်ထားတဲ့ပစ္စည်းအဆင့်ဆင့် ပြောင်းလဲ လာတဲ့မှတ်တမ်းများ၊  ကုန်ကြမ်းအတွက်  ဂျင်ဆင်း၊ ပန်းစိုက် ခင်းများ၊ အောင်မြင မှုရရှိေ အာင်   ဆောင်ရွက်လာတဲ့   အတွေ့အကြုံများကို ပြခန်းများ ဗီဒီယိုများနဲ့ ရှင်းလင်းပြသပါတယ်။မြန်မာနိုင်ငံမှဆွေးနွေးတဲ့ ရွှေပြည်နန်းကုမ္ပဏီလုပ်ငန်းရှင်ကလည်း ပုဂံမြို့တွင် သနပ်ခါး Museum & Resort ဖွင့်လှစ် ထား ကြောင်း ၊ မြန်မာနိုင်ငံမှာအဓိက သုံးစွဲကြတာ သနပ်ခါးဖြစ်ကြောင်း၊ သနပ်ခါးအခြေခံ အလှကုန်ပစ္စည်းထုတ်လုပ်မှုအခြေအနေ၊ တင်ပို့ တဲ့နိုင်ငံများ၊   တင်သွင်းတဲ့နိုင်ငံနဲ့ အလှကုန်ပစ္စည်းများကို ရှင်းလင်း ဆွေးနွေးခဲ့ကာ    ကိုရီးယား အလှ ကုန်များကိုလည်း မြန်မာနိုင်ငံမှ ကြိုက်နှစ်သက်ကြကြောင်း ဆွေးနွေးပါတယ်။ ကိုရီးယားနိုင်ငံအနေ နဲ့ အလှကုန်အတွက် ပန်းမျိုးစုံ  ကုန်ကြမ်းပေါများကြောင်း တွေ့ရပြီး မိမိတို့နိုင်ငံမှ  သနပ်ခါးကုန်ကြမ်းကို ဝယ်လိုခြင်း မရှိ ဘဲ အခြား  အာဆီယံအဖွဲ့ဝင် နိုင်ငံများကတော့  စိတ်ဝင်စားကြောင်း တွေ့ရပါ တယ်။ ယခုလိုဖိတ်ကြားဆောင်ရွက်ခြင်းဖြင့်  ကိုရီးယားအလှကုန် ပစ္စည်းများကို   အာဆီယံနိုင်ငံများသို့ ကြော်ငြာမိတ်ဆက်ပေးတဲ့ သဘောလည်း ပါဝင်ပါတယ်။ ကိုရီးယားအလှကုန်ပစ္စည်းထုတ်လုပ် ခြင်းရဲ့  အားသာချက်များကတော့  အခြေခံ အဆောက်အအုံများ ကောင်းမွန်ခြင်း၊  နည်းပညာများရှိခြင်းနဲ့  ကမ္ဘာ့ဈေးကွက်ကို ဝင် ရောက်နိုင်ခြင်းတို့ဖြစ်ပါတယ်။ အာဆီ ယံနိုင်ငံေ တွအတွက် ထုတ်လုပ် မှုနဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းအား မြင့်မားလာစေရေးအတွက်  သင့်တော်တဲ့ နည်းပညာတွေကို သိရှိနားလည်ရန် အရေးပါနေပါတယ်။ကိုရီးယားနိုင်ငံအနေနဲ့  သူ့နိုင်ငံရဲ့ အလှကုန်ပစ္စည်းဈေးကွက်ကို ကမ္ဘာအနှံ့ထိုးဖောက်နိုင်အောင် ကြိုးစားနေကြသလို  သူတို့ရဲ့ အလှ ကုန်ပစ္စည်းအမှတ်တံဆိပ်အမျိုးမျိုးကလည်း  အရည်အသွေးရှိရှိနဲ့ ဈေးကွက်သို့  ထိုးဖောက်လာတဲ့အတွက် ကမ္ဘာ့အဆင့်တစ်နေရာ ကို ရောက်ရှိလာတာတွေ့ရ ပါတယ်။  သဘာဝကုန်ကြမ်းပစ္စည်းတွေကို ခေတ်မီဓာတုကုန်ကြမ်းပစ္စည်းများနဲ့  ပေါင်းစပ်ပြီး  အရည်အသွေး ပြည့်ဝတဲ့ အလှကုန်  ပစ္စည်းဈေးကွက်ဟာ  အာဆီယံနိုင်ငံတစ်ဝန်း ထိုးဖောက် ဝင်ရောက်နေ ပြီဖြစ်ပါတယ် ။ဒါကြော င့်  မြန်မာနိုင်ငံက  အလှကုန်ပစ္စည်းထုတ်လုပ်သူတွေ အနေနဲ့ မိမိတို့ရဲ့  အလှကုန်ပစ္စည်း ဈေးကွက်ကို  အာဆီယံနိုင်ငံ များဆီသို့  ဈေးကွက်ထိုးဖောက်ဝင်ရောက်နိုင်ဖို့၊   အမှတ်တံဆိပ်၊ အရည်အသွေးကို အဓိကထားပြီး ထုတ် လုပ်တင်ပို့နိုင်အောင် ကြိုးစား ကြခြင်းဖြင့်  ပို့ကုန်ကို မြှင့်တင်ကြပါစို့လို့  တိုက်တွန်းရေးသားလိုက် ပါတယ်။

င်္ရီလင်းထွဋ်(မုံရွာ)

Local Trade News

Pages