မြန်မာနိုင်ငံသားများဘဏ်၏ရှယ်ယာဈေးနှုန်းများအမြင့်ဆုံးဈေးအဖြစ် ကျပ် ၁၃၅၀၀ သို့မြင့်တက်

Thu, 09/08/2016 - 07:13 -- admin_ygn

ပြီးခဲ့သည့်တစ်ပတ်က ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင်ခဲ့ သည့် မြန်မာနိုင်ငံသားများဘဏ်၏ ရှယ်ယာဈေးနှုန်းမှာ ယခုတစ်ပတ်တွင်  အမြင့်ဆုံးဈေးနှုန်းအဖြစ် ကျပ် ၁၃၅၀၀ သို့ မြင့်တက်ခဲ့ကြောင်းရန်ကုန်စတော့ အိတ်ချိန်း၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။မြန်မာနိုင်ငံသားများဘဏ်၏ရှယ် ယာဈေးနှုန်းများ မြင့်တက်ခဲ့သော် လည်း  ကျန်စာရင်းဝင် ကုမ္ပဏီနှစ်ခု၏ ရှယ်ယာ ဈေးနှုန်းများမှာမူ အတက် အကျ အနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများဘဏ်သည် စာရင်းစတင်ဝင်သည့်  တစ်ပတ်က မူရင်းဈေးထက် ကျပ်တစ်ထောင်ခန့် သာ မြင့်တက်ခဲ့သော်လည်း ယခုတစ် ပတ် သြဂုတ် ၃၀ ရက်တွင်  ကျပ် ၉၈၀၀ သို့ မြင့်တက်ခဲ့ပြီး သြဂုတ် ၃၁ ရက်တွင် ကျပ် ၁၁၀၀၀ သို့ ဆက်လက် မြင့်တက်ခဲ့သည်။စက်တင်ဘာ ၁ ရက်တွင် ဆက် လက်မြင့်တက်ခဲ့ပြီး ကျပ် ၁၃၅၀၀ သို့ ရောက်ရှိခဲ့သော်လည်း စက်တင်ဘာ ၂ ရက်တွင် ကျပ် ၉၆၀၀ သို့ ပြန်လည်ကျ ဆင်းခဲ့သည်။

Local Trade News

Pages