မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီ စျေးနှုန်းစျေးကွက်

Wed, 06/21/2023 - 07:23 -- comsumer

     မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီစျေးနှုန်းမှာ ကျေးရွာပေါက်စျေးတစ်ပိဿာလျှင် (၁၈၀၀-၂၂၀၀)ကျပ်၊ မြို့ပေါ်စျေးနှုန်း တစ်ပိဿာ(၂၂၀၀-၂၃၀၀)ကျပ်ဖြင့် ယခင်တစ်ပတ်စျေးနှင့် ကွာခြားမှု မရှိဘဲ စျေးငြိမ်နေကြောင်း သိရသည်။ စျေးကွက်အနေဖြင့် ဇွန်လ(တတိယပတ်)အတွင်း မိတ္ထီလာမှ ရန်ကုန်သို့ (၁၂)ဘီးကား(၃)စီးဖြင့် အခြားကုန်များနှင့်ရော၍ ကုန်ချိန်ပိဿာ(၁၀၀၀၀)ခန့်၊ ပဲခူးသို့ တစ်ရက်လျှင် (၆)ဘီးကားတစ်စီးဖြင့် အခြားကုန်များနှင့်ရော၍ ကုန်ချိန်ပိဿာ(၃၀၀၀၀)ခန့်၊ မူဆယ် သို့ တွဲကား(၂)စီးဖြင့် ကုန်ချိန်(၆၄)တန်၊ မြဝတီသို့ (၁၂)ဘီးကား(၆)စီးဖြင့် ကုန်ချိန်(၁၀၂)တန် တင်ပို့ခဲ့ကြောင်း သိရသည်။ ကုန်တင်ခအနေဖြင့် တစ်ပိဿာလျှင် မိတ္ထီလာ-ရန်ကုန် (၁၁၀)ကျပ်၊ မိတ္ထီလာ-ပဲခူး (၁၁၀)ကျပ်၊ မိတ္ထီလာ-မူဆယ် (၂၀၀)ကျပ်နှင့် မိတ္ထီလာ-မြဝတီ (၁၅၀)ကျပ်ရှိကြောင်း သိရသည်။

DOCA (မန္တလေးတိုင်း)

Local Trade News

Pages