မင်းလှမြို့နယ်ထွက် ကီလိုမာလကာသီးဈေးကွက်

Thu, 07/04/2024 - 09:47 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၌ ကီလိုမာလကာသီးများကို စီးပွားဖြစ်သော်လည်းကောင်း၊ တစ်နိုင်တစ်ပိုင်ဖြင့်သော်လည်းကောင်း ဥယျာဉ်ခြံများနှင့် အိမ်ခြံဝင်း များ၌ စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် အပင်ရေ ၃၀၀ ကျော် စိုက်ပျိုးနိုင်ပြီး မျိုးအနေဖြင့် ကိုင်းကူးမျိုးများကို ကျောက်ပန်းတောင်းမြို့မှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး သုံးလအကြာ တွင် အသီးများ စတင်သီးပြီး အသီးများအား တစ်ရက်ခြားလျှင် တစ်ကြိမ်ခူးဆွတ်ရကြောင်း၊ ဈေးနှုန်း အနေဖြင့် ကီလိုမာလကာသီး အလုံးအကြီးအသေးအပေါ် မူတည်၍ ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှ-သရက်နှင့် မင်းလှ-မလွန်လမ်းဆုံရှိ သစ်သီးဆိုင်များသို့ တင်ပို့ရောင်းချ ကြကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages