ပြည်ပဲလွန်းဖြူလက်ကျန်ဈေးမြင့်လာသော်လည်း လက်လီ သာအရောင်းအဝယ်ဖြစ်

Wed, 05/11/2016 - 08:12 -- admin_ygn

မေလဆန်းပြည်ပဲဈေးကွက်မှာ ပြည်ပဝယ်လက်ပဲများ ဈေးပြန်လျော့ သွားပေမယ့် လက်လီပဲအချို့ကတော့ ဈေးမြင့်တက်လာခဲ့တာကို တွေ့ရပါ တယ်။ ဧပြီလကုန်ရက်က ပဲဈေးကွက်မှာ လက်လီဝယ်လက်ဝယ်ယူမှု လောက် သာရှိတော့တဲ့ပဲလွန်းဖြူသီးနှံဟာ တစ်တင်း ၂၀၀၀၀ ကျပ်ဖြင့်သာ   ဈေးငြိမ်ခဲ့ ရာမှ ယခုမေလဆန်းမှာ တစ်တင်း ၂၄၀၀၀ ကျပ်ဖြင့် ဈေးမြင့်တက်လာခဲ့ပါ တယ်။သို့သော်လည်း ပဲအဝင်မရှိတော့ဘဲ လက်ကျန်ပဲသာရှိခဲ့လို့ လက်လီသမား အနည်းငယ်အဝယ်ရှိခဲ့ပါတယ်။ ပဲပေါ် ချိန်၊ ပဲအထွက်လှိုင်ချိန်များတွင်သာ လက်လီသမားအပြင်၊ ရန်ကုန်ဝယ်လက် ဝယ်ယူမှုရှိခဲ့ကြောင်း သိရပါတယ်။

ခင်ဆွေဝင်း-ပြည်

 

Local Trade News

Pages