ပြည်ပဲဈေးကွက်မှာ ပဲလွန်းဖြူဈေးကောင်းရ

Wed, 09/20/2017 - 08:27 -- admin_ygn

 ပြည်ပဲဈေးကွက်မှာ စက်တင်ဘာလလယ်အတွင်း  လက်လီအရောင်း အဝယ်ဖြစ်နေတဲ့ ပဲများကတော့ အိတ်လက်ကျန်အနည်းငယ်ရှိမှုအပေါ်နေ့စဉ် အိတ်အနည်းငယ်စီရောင်းချနေခဲ့ကြပါတယ်။ ပဲလွန်းဖြူသီးနှံဟာ ပြည်ခရိုင် အတွင်း စိုက်ပျိုးမှုလည်းနည်းသလို ပဲဝင်ရောက်မှုမှာ ပဲထွက်ပေါ်ချိန်ကာလ များတွင်သာ အဝင်များပြီး လက်လီ၊လက်ကားရောင်းဝယ်ကြလို့ ဒေသတွင်း သာအရောင်းအဝယ်ဖြစ်ခြင်းမျိုးမဟုတ်ဘဲ ရန်ကုန်ဝယ်လက်များလည်း ဝယ် ယူကြတယ်လို့သိရပါတယ်။  ယခုကာလများမှာတော့   ပဲအဝင်မရှိတော့ဘဲ လက်ကျန်လှောင်ပဲအနည်းငယ်ဖြင့်သာ ရောင်းဝယ်ကြရတာဖြစ်ပါတယ်။ ပဲဈေးမှာ ယခုနှစ်အတွင်း တစ်တင်းကျပ် ၃၇၀၀၀ အထိရရှိလို့ အခြားလက်လီ ပဲများဖြစ်သော ဘိုကိတ်၊ ပဲနီပြား၊  ထောပတ်ပဲများထက်ပင် ဈေးကောင်းရနေ ကြောင်းသိရပါတယ်။                    
      ခင်ဆွေဝင်း

Local Trade News

Pages