ပြည်ပဆန်တင်ပို့ မှု တန်ချိန်(၃)သန်း ရောက်ရှိစံချိန်တင်

Fri, 02/16/2018 - 05:04 -- admin_ygn

ယခင်ဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၅၅၄ သန်း၊ တန်ချိန်အားဖြင့်  ၁၇ သိန်းကျော်  ဖြစ်သဖြင့် လယ်ယာကဏ္ဍတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းခန့်အနေဖြင့် လည်းကောင်း၊ ပို့ကုန်ကဏ္ဍတစ်ခုလုံး၏ ၅ရာခိုင်နှုန်းခန့်အနေဖြင့် လည်းကောင်း တင်ပို့နိုင်ခဲ့တာကို တွေ့ရပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဆန်နှင့် ဆန်ကွဲတင်ပို့မှုကို လေ့လာ ကြည့်မည်ဆိုပါက ယခင်ဘဏ္ဍာနှစ်ထက်ဈေးကွက်သစ်အနေဖြင့် နိုင်ငံပေါင်း  ၂၂ နိုင်ငံအား ရှာဖွေတင်ပို့နိုင်ခဲ့ပြီး ဈေးကွက်လက်လွှတ် ဆုံးရှုံးလိုက်ရတဲ့ နိုင်ငံပေါင်း ၁၉ နိုင်ငံရှိပါတယ်။ သို့ရာတွင် ဈေးကွက် သစ်ရရှိသည့် နိုင်ငံများသို့ တင်ပို့ခွင့်ရရှိတဲ့အရေအတွက်က ဈေးကွက် ပျောက်သွားသည့်နိုင်ငံများသို့ တင်ပို့ခဲ့တဲ့အရေအတွက်ထက် ပိုမို တင်ပို့နိုင်ခဲ့တာကြောင့် ဆန်တင်ပို့မှုဈေးကွက်ဟာ ရလဒ်ကောင်းများ ရရှိလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်   (ဧပြီလမှ ဖေဖော်ဝါရီလ ၉ ရက် အထိ) ဆန်နှင့် ဆန်ကွဲကိုပြည်ပသို့  တန်ချိန် သုံးသန်းကျော်တင်ပို့ နိုင်ခဲ့ပြီးဖြစ်ကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ  ၉၄၈ သန်း ရရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူထက် တန်ချိန် ၁ ဒသမ ၇ သန်း ကျော်၊ တန်ဖိုးအားဖြင့်  အမေရိကန်ဒေါ်လာ  ၅၄၃ ဒသမ ၃၇၁ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အများဆုံးတင်ပို့တဲ့  နိုင်ငံများမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အနောက်အာဖရိကနိုင်ငံဖြစ်သည့် အိုင်ဗရီကို့စ်၊ ဘယ်လ်ဂျီယံ၊ ဂါနာ၊ မက်ဒါဂါစကာ၊ သီရိလင်္ကာနှင့် အာဖဂန်နစ္စ တန်နိုင်ငံ၊ ဆီနီဂေါနှင့်  ပိုလန်နိုင်ငံတို့ဖြစ်ပါတယ်။ ယခင်နှစ်တွင် နိုင်ငံပေါင်း ၄၀ သာတင်ပို့နိုင်ခဲ့ပြီး ယခုနှစ်မှာ ၆၂ နိုင်ငံ တင်ပို့ နိုင်ခဲ့ တဲ့အတွက်  ၂၂ နိုင်ငံသို့ဈေးကွက်တိုးချဲ့တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိ ရပါတယ်။
ယခင်ကာလများက ပြည်ပသို့ဆန်စပါးတင်ပို့ရာမှာ တရုတ် နိုင်ငံသို့ ၇၀ရာခိုင်နှုန်းတင်ပို့ခဲ့သော်လည်း ယခုအချိန်တွင် ပင်လယ် ရေကြောင်း ဈေးကွက်သစ်များကို ရှာဖွေတိုးချဲ့နိုင်ခြင်းဖြင့် လယ်ယာ ထွက်ကုန်များကို အဓိကတင်ပို့သော မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတိုး တက်လာသည့်အပြင် ရေရှည်တွင် နိုင်ငံ၏အကျိုးစီးပွားတိုးတက် ဖွံ့ဖြိုးလာစေမှာ ဖြစ်ပါတယ်။
ထိုသို့ ဆန်နှင့်ဆန်ကွဲပြည်ပသို့တင်ပို့နိုင်မှုပမာဏဟာ ၅၅ နှစ် တာကာလအတွင်း  အမြင့်ဆုံးအနေထားသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့တိုးတက်လာခြင်းကြောင့်  မြန်မာနိုင်ငံ၏ ၇၀ရာခိုင်နှုန်း ကျော်ရှိသော တောင်သူလယ်သမားများ၏   စီးပွားရေးတိုးတက်လာ သည့်အပြင် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာ   ဖူလုံရေးကိုလည်း                          အထောက်အပံ့ကောင်းဖြစ်လာမှာဖြစ်ပါတယ်။
မြန်မာ့ဆန်တင်ပို့မှုဈေးနှုန်းအနေဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ဈေးနှုန်းများအရ တစ်တန်လျှင် ဆန်အမျိုးအစားအလိုက် ၃၅၆ အမေရိကန် ဒေါ်လာမှ အမြင့်ဆုံး ၄၂၇ အမေရိကန် ဒေါ်လာ - အမေရိကန်ဒေါ်လာ ၄၃၀ ထိရရှိခဲ့တယ်လို့သိရပြီး တင်ပို့ရာတွင် ဝယ်လိုအားနှင့် ဈေးကွက်ပေါ်မူတည်၍  အချို့ဆန်အမျိုးအစား များက ပင်လယ်ရေကြောင်းဘက်မှ  ဈေးပိုရရှိသည်များရှိသလို အချို့ ဆန် ^ဆန်ကွဲ အမျိုးအစားများက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဘက်မှ ဈေးပိုမိုရရှိတာကိုတွေ့ရှိရပါတယ်။
ပြည်ပတွင်ဖြစ်ပေါ်နေသောဆန်ဈေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ အကျိုးအကြေပါဝင်မှုရာခိုင်နှုန်းများပေါ်မူတည်၍  ထိုင်း တ့ငအန မငခန သည် အနိမ့်ဆုံး ၃၉၈ အမေရိကန်ဒေါ်လာ မှ ၄၃၅ အမေရိကန် ဒေါ်လာ၊ ဗီယက်နမ်ဆန်သည် အမေရိကန်ဒေါ်လာ ၄၁၀ မှ ၄၃၅  အမေရိကန်ဒေါ်လာ၊ ပါကစ္စတန်ဆန်သည် ၃၆၇ အမေရိကန် ဒေါ်လာ မှ ၄၀၂ အမေရိကန်ဒေါ်လာ၊ အိန္ဒိယဆန်သည် အမေရိကန် ဒေါ်လာ ၃၉၀ ပေါက်ဈေးရှိကြောင်း  သိရှိရပါတယ်။FAO Rice Market Monitor  တွင် ဖော်ပြထားသော ခန့်မှန်းသုံးသပ်ချက်များ အရလည်း မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်အတွင်း ဆန်ပိုမိုတင်ပို့နိုင် မည့်နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်သည်ကို တွေ့ရှိရပါတယ်။
ပြည်တွင်းဆန်ဈေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် တွင် ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်၌ ဖြစ်ပေါ်လျက်ရှိ သော ဈေးနှုန်းများအရ  ဆန်တစ်အိတ်လျှင် ဇီယာဆန် ၅ မှတ်ကျပ် ၂၄၈၀၀ မှ ကျပ် ၂၅၀၀၀၊ ဇီယာဆန် ၁၀ မှတ်ကျပ် ၂၄၃၀၀ မှ ကျပ် ၂၄၅၀၀ ၊ ဇီယာဆန် ၂၅ မှတ်ကျပ် ၂၀၃၀၀ မှ ကျပ် ၂၀၅၀၀၊ ဇီယာဆန် ၃၅မှတ်ကျပ် ၁၉၈၀၀ မှကျပ် ၂၀၀၀၀၊ ဧည့်မထဆန် ၅ မှတ်ကျပ် ၂၁၈၀၀ မှ ကျပ် ၂၂၀၀၀၊ ဧည့်မထဆန်၁၀မှတ်ကျပ် ၂၁၃၀၀ မှ ကျပ် ၂၁၅၀၀၊ ဧည့်မထဆန် ၂၅မှတ်ကျပ် ၂၀၃၀၀ မှ ကျပ် ၂၀၅၀၀၊ ဧည့်မထဆန် ၃၅မှတ်ကျပ် ၁၉၈၀၀ မှ ကျပ် ၂၀၀၀၀ ၊ ငစိန်ဆန် ၅မှတ်ကျပ် ၂၁၅၀၀၊ ငစိန်ဆန် ၂၅မှတ် ကျပ် ၂၀၅၀၀၊ ငစိန်ဆန် ၃၅ မှတ်ကျပ် ၂၀၀၀၀၊ ဆန်ကွဲ(B-2/3/4) ကျပ် ၁၆၈၀၀ မှ ကျပ် ၁၇၀၀၀၊ ဆန်ကွဲ (B-1/2)  ကျပ် ၁၇၃၀၀ မှ ကျပ် ၁၇၅၀၀၊ ဆန်ကွဲ(B-1 & Extra)  ကျပ် ၁၇၉၀၀ မှ ကျပ် ၁၈၂၀၀ အသီးသီး ဖြစ်ကြောင်းသိရှိရပါတယ်။ ယခင်လ ဇန်နဝါရီလတွင်ဖြစ် ပေါ်ခဲ့သော ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဆန်တစ်အိတ်လျှင် ပျမ်းမျှကျပ် ၁၀၀၀ ဝန်းကျင်ခန့်ဈေးပိုမိုရရှိလာတာကို တွေ့ရှိရပါတယ်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော    မူဆယ်မြို့တွင် ဖေဖော်ဝါရီ ၉ ရက်၌   ဖြစ်ပေါ်ခဲ့သော   ဈေးနှုန်းများအရ ပြင်ပ ငွေလဲနှုန်းအနေဖြင့်တစ်ယွမ်လျှင် ၂၀၅ ကျပ်နှုန်းရှိပြီး ဧည့်မထဆန် ၂၅ မှတ်တစ်အိတ်လျှင် ၁၁၅ ယွမ်မှ ၁၁၈ ယွမ်ထိ ပေါက်ဈေးရှိ၍  ဆန်ကွဲ (ြ-၂။၃။၄) တစ်အိတ်လျှင်  ၈၉ ယွမ် မှ ၉၆  ယွမ်ရှိကြောင်း သိရှိရပါတယ်။ မန္တလေးမှမူဆယ်သို့  သယ်ယူပို့ဆောင်ခအနေဖြင့် တစ်ပိဿာလျှင် ၅၇ ကျပ်ခန့်ကျသင့်ပြီး အလုပ်သမားအတင်အချခ အနေဖြင့် ၅၀ ကီလို တစ်အိတ်လျှင် ကျပ် ၄၀ ခန့်ကျသင့်ကြောင်း သိရှိရပါတယ်။  ဇန်နဝါရီလအတွင်းတွင် မန္တလေးမှမူဆယ်သို့သယ်ယူပို့ဆောင်ခအနေဖြင့် တစ်ပိဿာလျှင် ၆၉ ကျပ်ထိရှိခဲ့ရာမှ ယခုလ အတွင်းတွင်ဖေဖော်ဝါရီ ၉ ရက် ဈေးနှုန်းများအရ ၅၇  ကျပ်သာ ရှိသဖြင့် သယ်ယူပို့ဆောင်ခဈေးနှုန်း ကျဆင်းသွားသောကြောင့်            ပို့ကုန်လုပ်ငန်းရှင်    ကုန်သည်များအတွက် ကုန်ကျစရိတ်နည်းပြီး  အကျိုးအမြတ်ပိုမိုရရှိလာကြောင်း သိရပါတယ်။
ပြည်တွင်း ဆန်စပါးဈေး အတက်အကျသည် ပြည်ပဆန်စပါး ဈေးကွက်ဖွံ့ဖြိုးလာမှုနှင့်   ဆက်နွယ်လျက်ရှိရာ  ယခုနှစ်အတွင်း ပြည်ပသို့ဆန်တင်ပို့မှု အားကောင်းလာခြင်းနှင့် ဈေးကွက်အသစ်များ နှင့်ချိတ်ဆက်လာနိုင်ခြင်းတို့ကြောင့် ပြည်တွင်းဆန်စပါးဈေးသည် လည်း ဈေးကောင်းရရှိလာပြီး ဆန်စပါးဈေးကွက်ကောင်း မွန်လာ ခြင်းကြောင့် စီးပွားရေးနယ်ပယ်တွင်  ဆန်စပါးလုပ်ငန်းလုပ်ကိုင်မှု မရှိသူများပင်လျှင် ယခုအခါ ဆန်လုပ်ငန်း ကို ပြောင်းလဲလုပ်ကိုင်လာ ကြကြောင်း ဆန်စပါးလုပ်ငန်းရှင်များထံမှ သိရပါတယ်။ ယခုနှစ် အတွင်း အိမ်နီးချင်းနိုင်ငံများဖြစ် သော ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ နိုင်ငံများတွင် ရာသီဥတုဆိုးရွားမှုကြောင့် ဆန်အထွက်နှုန်းနည်း သည့်အတွက် မြန်မာနိုင်ငံမှဆန်များအားဝယ်လိုအားမြင့်တက်ခဲ့ပါတယ်။
USDA  စာရင်းအချက်အလက်များအရ ကမ္ဘာ့ဆန်ကုန်သွယ် မှု ကဏ္ဍကိုလေ့လာကြည့်ပါက ဆန်အများဆုံးတင်ပို့သည့် နိုင်ငံ များဖြစ်သော အိန္ဒိယ၊ ထိုင်း ၊ ဗီယက်နမ်နှင့်  မြန်မာနိုင်ငံသည်ပÍ္စမ မြောက် အများဆုံး ဆန်တင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါ တယ်။ ပြည်ပမှ အများဆုံးဆန်တင်သွင်းလျက်ရှိသည့် နိုင်ငံများမှာ တရုတ်၊ နိုင်ဂျီးရီးယား ၊ ဖိလစ်ပိုင်နိုင်ငံ၊ အီရန်နိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့ဖြစ်ကြောင်း သိရှိရပါတယ်။
မြန်မာ့စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စပါး (မိုးစပါး + နွေစပါး) စိုက်ဧက ၂ ဒသမ ၄၆ ဧကသန်း ရှိပြီး ထွက်ရှိမည့် တင်းလျာထားချက်မှာ  ၁၃၁၇ သန်း ရှိပါတယ်။ စပါးစိုက်ပျိုးရန်အတွက် လိုအပ်သည့် မျိုး၊ အလေအလွင့်၊ စားသုံးမှုမှာ ခန့်မှန်းခြေတင်း ၈၂၆ သန်းရှိသဖြင့် ပိုလျှံမည့် စပါးတင်း ၄၉၂ သန်း၊ စပါးတန်ချိန်အားဖြင့်  ၁၀ သန်းရှိနိုင်ပါတယ်။
သို့ဖြစ်ပါ၍ ယခုနှစ် တွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှာ တန်ချိန်  ၂ ဒသမ ၅ သန်းခန့် တင်ပို့နိုင်မည့် အခြေအနေရှိကြောင်း လေ့လာ သုံးသပ်ခဲ့ကြပြီး ယခုလက်ရှိ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်ထိ မြန်မာနိုင်ငံမှ တင်ပို့ပြီးသည့်စာရင်းများအရ ဆန်တန်ချိန် သုံးသန်း ကျော် တင်ပို့နိုင်ခဲ့တာကြောင့်  မြန်မာ့ဆန်တင်ပို့မှုအတွက် ကောင်း မွန်သောရလဒ်များရရှိပြီး  ယခုဘဏ္ဍာနှစ်၏ကျန်ကာလများတွင် ဆက်လက်၍ ပိုမိုတင်ပို့နိုင်မည်ဟု သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်Value-Added  ပိုင်း တွင်လည်း အားသာချက်များရှိသည့် တရုတ်နိုင်ငံအပြင် မြန်မာ့ထွက် ကုန်များကို အလေးထားစိတ်ဝင်စားမှုပိုမိုလာသည့် ဥရောပနိုင်ငံများ နှင့် အခြားနိုင်ငံများ၏
ဆန်ဈေးကွက်သို့  ထိုးဖောက်ဝင်ရောက်နိုင်ရန် ကြိုးစားခြင်းအပြင် အဆိုပါနိုင်ငံများ၏ ရာသီဥတု အခြေအနေနှင့် စိုက်ပျိုးထုတ်လုပ်နိုင်မှု  အခြေ အနေများအား လေ့လာသုံးသပ်သင့်ပါတယ်။ ဒါမှသာ   ဝယ်လိုအားရှိနိုင်မှု  အခြေအနေများကို သိရှိလာပြီး ဈေးကွက်ထိုးဖောက်မှုများ ပြုလုပ်၍ မိမိနိုင်ငံ၏  ပို့ကုန်ကဏ္ဍ   တိုးတက်ရေးအတွက် အကျိုးရလဒ်ကောင်းများ   ထွက်ပေါ်လာအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ တင်ပို့ရာတွင်လည်း ဠေူကန-ဗိနိ ကုန်စည်အနေဖြင့် တင်ပို့နိုင်ပါက မိမိနိုင်ငံ ကုန်စည်များအတွက် ဈေးကောင်းပိုမိုရ ရှိနိုင်မှာဖြစ်ပါတယ်။
ယင်းသို့ကြိုးပမ်းဆောင်ရွက်တဲ့အခါ  ရရှိ မည့် အကျိုးရလဒ်များနှင့်အတူ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တာကြောင့် လိုအပ်ချက်များစွာ ရှိမှာဖြစ်ပြီး စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့ ရမှာလည်းဖြစ်ပါတယ်။ စိန်ခေါ်မှုများအနက် စပါး မျိုးစေ့ကောင်းမွန်ရေး၊ သွင်းအားစု၊ ကြိတ်ခွဲမှုစနစ်၊ ထုတ်လုပ်မှု ကုန်ကျစရိတ်၊ ခေတ်မီနည်းပညာများ နှင့်လိုက်လျော ညီထွေမှုရှိခြင်း၊ သယ်ယူပို့ဆောင် မှု စနစ်၊ လမ်းပန်းဆက်သွယ်ရေး၊ ငွေကြေးကုန်ကျ စရိတ်မ ပြည့်စုံခြင်းတို့အပြင် ပြည်ပသို့တင်ပို့ရာ တွင်လည်း  Logistic    ဆိုင်ရာ ကိစ္စများအပါအဝင် စိန်ခေါ်မှုများ ရှိနေသည်ကို  လေ့လာတွေ့ရှိရပါ တယ်။
မြန်မာနိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများအနက် အဓိကစိုက်ပျိုးထုတ်လုပ်သည့် ဆန်နှင့် ဆန်ကွဲ သည်     နိုင်ငံတကာဈေးကွက်တွင် ဝယ်လိုအား ရှိသော  ပစ္စည်းဖြစ်သည့်အတွက် အဆိုပါဈေး ကွက်ကို အခြားသောနိုင်ငံများနည်းတူ ထိုးဖောက် ဝင်ရောက်နိုင်ရေးနှင့်  မိမိပို့ကုန်များ၏ အဆင့် အတန်းစံသတ်မှတ်ချက်များ စံချိန်စံညွှန်း ပြည့်မီ ရေးသည် အထူးအရေးကြီးလှပါတယ်။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်  ပို့ကုန် ကဏ္ဍတိုးတက်မြင့်မားရေးအတွက် အဓိကမဏ္ဍိုင် မှရပ်တည်လျက်ရှိသော   ဆန်စပါး အပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများကို စိုက်ပျိုးထုတ် လုပ်တင်ပို့ရာ၌ ''မျိုးစေ့မမှန်၊ ပင်မသန်၊ မျိုးစေ့ မှန်မှ၊ ပင်သန်မည်''ဆိုသကဲ့သို့ မျိုးကောင်းမျိုးသန့် ရရှိရေးသည် လွန်စွာအရေးကြီးလှပါတယ်။
အချုပ်အားဖြင့်  ဆိုရသော် မြန်မာနိုင်ငံ၏ အဓိက  လယ်ယာထွက်ပို့ကုန်ဖြစ်သော မြန်မာ့ ဆန်စပါးဈေးကွက် ပိုမိုကျယ်ပြန့် တိုးမြင့်လာစေ ရေးအတွက် မျိုးကောင်းမျိုးသန့်ထုတ်လုပ်နိုင်ရေး၊ မျိုးစေ့ပြန်လည်ရောင်းချသော ဈေးကွက်တစ်ခု ပေါ်ပေါက်ရေး၊ ဆန်စပါး စိုက်ပျိုးမှုနှင့် ဆက်စပ် သည့် ကျေးရွာ၊ မြို့နယ်များတွင် သိုလှောင်ရုံများ တိုးပွားလာရေး၊ အခြောက်ခံစက်များ   ရရှိရေး၊ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်များကျရောက် ခြင်းမှ ကာကွယ်နိုင်ရေး၊ သွင်းအားစု^စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်မားခြင်း စသော စိန်ခေါ်မှုများအား ရင်ဆိုင်နိုင်ရေး၊ အရည်အသွေး မြင့်ထုတ်ကုန်များ  (Value Added) တိုးမြင့် ထုတ် လုပ်နိုင်ရေးအတွက် လိုအပ်သော ခေတ်မီစက်ကိရိ ယာများ၊ စိုက်ပျိုးရေး နည်းစနစ်များ၊ ရိတ်သိမ်းမှု စနစ်များ၊ ထုတ်လုပ်မှုစနစ်များလိုအပ်ခြင်း စသည့် အခက်အခဲနှင့်  စိန်ခေါ်မှုများအားကျော်လွှားကာ ယခုထက် ပိုမိုအောင်မြင်သောပန်းတိုင်ကိုရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါ တယ်။  
အဆိုပါလိုအပ်ချက်များအား ''ပြိုင်တူတွန်း လျှင် ရွေ့နိုင်သည်'' ဆိုသကဲ့သို့ အစိုးရ၊ ပုဂ္ဂလိက နှင့် သက်ဆိုင်ရာတာဝန်ရှိသူအသင်းအဖွဲ့တို့ လက် တွဲ ညီညီပူးပေါင်း၍ မိမိနိုင်ငံအကျိုးဖြစ်ထွန်းစေရေး ပူးပေါင်းဆောင်ရွက်သွားရမှာ   ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

ဝင်းပပသူ

 

Local Trade News

Pages