ပြည်တွင်းရွှေဈေး အတက်အကျအနည်းငယ်သာရှိပြီး အရောင်းအဝယ်အေးနေ

Fri, 05/05/2017 - 08:02 -- admin_ygn

      မဟာသြင်္ကန်အပြီးတွင် ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး မြင့်တက်လာခဲ့ပြီးနောက် ဈေးပြန် လည်ကျဆင်းလာခြင်းမရှိဘဲ ဈေးအမြင့်ဖြင့်သာ ရှိနေကြောင်း သိရသည်။  ဈေးမြင့်တက်လာသော် လည်း အခွန်ကိစ္စများကြောင့် အရောင်းအဝယ်မှာ ထင်သလောက်ဖြစ်မလာဘဲ အေးလျက်ရှိကြောင်း ဈေးကွက် အတွင်းမှ သိရသည်။''ပြည်တွင်းရွှေဈေးကွက်မှာက ဈေးမြင့်တက်နေပေမယ့် အခွန်ကိစ္စကြောင့် အရောင်းအဝယ်က အေးနေတယ်။ ရွှေဝယ်ရင် အခွန်ဆောင်ရမှာဆိုတော့ အမှန် တကယ်  ရွှေဝယ်စုချင်တဲ့သူတွေက မဝယ်ချင်ကြတော့ဘူး ဖြစ်နေတယ်။ ဝယ် ရောင်းလုပ်နေတဲ့ သူတွေကလည်း ဝယ်ရောင်းလုပ်ဖို့အတွက် တွန့်ကုန်ကြတယ်။ ဒါကြောင့် ရွှေဈေးကွက်က  အေးစက်သွားတဲ့သဘောပါ''ဟု ရွှေကုန်သည် ဦးစံမြင့် က ဆိုသည်။ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ဧပြီ ၂၄ ရက်က  ကျပ် ၉၀၈၀၀၀ ရှိခဲ့ပြီး ဧပြီ ၂၉ ရက်တွင် ကျပ် ၉၀၈၅၀၀ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။  ကမ္ဘာ့ရွှေဈေးကွက်တွင် ဧပြီ ၂၄ ရက်က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၇၆ ရှိခဲ့ပြီး ဧပြီ ၂၇ ရက်တွင် ၁၂၆၆ ဒေါ်လာရှိခဲ့သည်။ ဧပြီ ၂၉ ရက်တွင် ၁၂၆၈ ဒေါ်လာရှိခဲ့သည်။     
                  
  မယ်သီတာ