ပြည်စားတော်ပဲ လက်လီဈေးကွက်မှာ ဈေးအမြင့်ဆုံးရ

Tue, 05/03/2016 - 05:05 -- admin_ygn

ပြည်ဈေးကွက်မှာစားတော်ပဲသီးနှံဝင်ရောက်မှုက ယခုလကုန်ပတ်အတွင်းအိတ်၂၀၊ ၃၀ခန့်သာဝင် ရောက်ခဲ့ပါတယ်။ ဧပြီလဆန်းပိုင်းအတွင်း  တစ်ရက်အိတ် ၁၀၀ကျော်ဝင်ရောက်ပြီး၊ လက်လီသမားများ နဲ့ နေ့စဉ်အရောင်း အဝယ်ဖြစ်ခဲ့သလို ပဲဈေးမှာ တစ်တင်း ၃၂၀၀၀ကျပ်ဖြင့် မတ်လကဈေးနှုန်းအတိုင်းဈေးငြိမ်နေပြီး ယခုသြင်္ကန်ပြီးကာလ ဧပြီလကုန်ပတ်မှာတော့ ပဲဈေးနှုန်းကတစ်တင်း ၃၇၀၀၀ကျပ်ရရှိလာပြီး  ဈေးမြင့်တက်လာ ကာလက်လီ သမားများသာ အဝယ်ရှိခဲ့ပါတယ်။ လက်လီပဲဈေး ကွက်မှာ ဈေးအမြင့်ဆုံးရတဲ့ပဲဖြစ်သလို နှစ်စဉ်ဈေးကောင်းရနေတဲ့ ပဲသီးနှံဖြစ်ခဲ့ပါတယ်။
     ခင်ဆွေဝင်း-ပြည်

 

Local Trade News

Pages