ပြည်စားတော်ပဲဈေးတရိပ်ရိပ် တက်လျက်ရှိ

Wed, 05/11/2016 - 08:11 -- admin_ygn

မေလဆန်း  ပြည်ဈေးကွက်မှာ ပဲအချို့ဈေးလျော့နည်းခဲ့သော်လည်း လက်လီပဲအချို့  ဈေးမြင့်တက်ခဲ့ရာ စားတော်ပဲသီးနှံဈေးကလည်း သြင်္ကန်ပြီး ကာလမှစ၍ ဈေးတရိပ်ရိပ် တက်ခဲ့တာကြောင့်  မေပထမပတ်မှာ တစ် တင်း ၄၀၀၀၀ ကျပ်အထိ  ရရှိခဲ့တာကို တွေ့ရပါတယ်။ ဧပြီလကုန်မှာ တစ်တင်း ၃၇၀၀၀ ကျပ်ရရှိပြီး လက်လီပဲဈေးကွက်မှာ ဈေးအမြင့်ဆုံးရနေသလို ယခုတစ် ပတ်မှာ တစ်တင်းကျပ် ၃၀၀၀ ခန့်ပိုရလာ လို့  ပြည်ပပဲဈေးကွက် တင်ပို့မှုရှိတဲ့ ပဲဈေးများကဲ့သို့ ဈေးကောင်းရလာပြီး  တစ်ရက်အိတ် ၃၀ ကျော် ၄၀ အထိ           လက်လီအဝယ်ရှိနေခဲ့ပါတယ်။   စားတော်ပဲသီးနှံရဲ့ နေ့စဉ်ဈေးနှုန်းများအရ အခြားပဲများနှင့် နှိုင်း ယှဉ်ကြည့် လျှင် ပြည်တွင်းဝယ် လက်ပဲထဲမှာ နှစ်စဉ်ဈေး ကောင်းရတဲ့ပဲဖြစ်ခဲ့တာကို တွေ့ရပါတယ်။

 ခင်ဆွေဝင်း-ပြည်

 

Local Trade News

Pages