ပြည်ကြက်သွန်နီအဝင်နည်း၍ ဈေးအနည်းငယ်ပြန်လည်မြင့်တက်

Fri, 06/15/2018 - 07:16 -- admin_ygn

ပြည်ကြက်သွန်နီဈေးကွက်အတွင်း ယခုတစ်ပတ်၌လည်း ဝင်ရောက်မှုဆက်လက်နည်းသွားတာတွေ့ရပါတယ်။  ယခင် တစ်ပတ်မုန်တိုင်းမိုးကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်ကာ  ကုန်ပစ္စည်းလက်ကျန်နှင့် အရောင်းအဝယ်ဖြစ်ခဲ့သည့် အတွက် ယခုတစ်ပတ်တွင်လည်း  ပစ္စည်းဝင်ရောက်မှုနည်းသဖြင့် ဈေးနှုန်းအနည်း ငယ်မြင့်တက်သွားကြောင်း  သိရပါတယ်။ အရောင်းအဝယ်အနေဖြင့်  ပုံမှန်ဈေးကွက်ဖြစ်သော ဒေသတွင်း ဝယ်လက်များ၊  အိတ်ဆွဲသမားများနှင့်ဧရာဝတီတိုင်း၊ ရခိုင် ပြည်နယ်တို့သို့ နယ်ကျော်တင်ပို့မှုဖြင့်အရောင်း အဝယ် ပုံမှန်ဖြစ်နေတာတွေ့ရပါတယ်။

ဈေးနှုန်းအနေနဲ့ပွဲရုံလက္ကားဈေးတစ်ပိဿာကို အရည်အသွေးအပေါ် မူတည်၍ ကျပ် ၅၀၀၊ ကျပ် ၆၀၀၊ ကျပ် ၇၀၀ စသည် ဖြင့် ခွဲခြားရောင်းချပြီး  လက်လီဈေးများတွင်(ကြီး)ကျပ် ၇၀၀၊ (လတ်)ကျပ် ၈၀၀၊ (သေး)ကျပ် ၆၀၀၊ ကျပ် ၆၅၀နှုန်းတို့ဖြင့် ရောင်းချလျက်ရှိနေတဲ့အတွက် ယခင်တစ်ပတ်ဈေးနှုန်းထက်  တစ်ပိဿာလျှင် လက်လီရော လက်ကားပါ  ကျပ် ၁၀၀ ခန့် မြင့်တက်သွားတာတွေ့ရပါတယ်။ ရာသီဥတုအပေါ် မူတည်၍ ကုန်အဝင်နည်းမှုကြောင့် ဈေးနှုန်းများမှာ  ပြန်လည်မြင့်တက် သွားခြင်းဖြစ်ကြောင်းလည်း ပွဲရုံဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။            

ဝင်းလဲ့ဝါ(ပြည်)

Local Trade News

Pages