ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် ၃၀၀၀ နီးပါးဝင်

Thu, 09/08/2016 - 07:34 -- admin_ygn

သြဂုတ် ၂၁ရက်မှ၂၇ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၉၈ ဒသမ ၆၆၅ တန်ဖိုးရှိ ဒီဇယ် ၂၁၃၁ ဒသမ ၈၆၂ တန်နဲ့ ကန်ဒေါ်လာ ၃၂ဒသမ ၁၇၆ သန်းတန်ဖိုး ရှိ ဓာတ်ဆီ ၇၁၄ ဒသမ ၁၂၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ် မှုလမ်းမှ စုစု ပေါင်းတန်ချိန်မှာ ၂၈၄၅ဒသမ၉၉တန် တင်သွင်းခဲ့ပါတယ်။  ယခင်သီတင်းပတ် ဓာတ်ဆီအဝင်မှာ၂၉၅ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၄၁၀ ကျော်  ပိုမိုတင်သွင်းနိုင် သလို  ယခင်သီတင်းပတ်  ဒီဇယ်အဝင်မှာ တန်ချိန် ၁၄၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင်  တန်ချိန် ၁၉၈၀ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီတစ်ပတ်နယ်စခန်းများဖြစ်တဲ့ တာချီလိတ်စခန်းမှ ကန်ဒေါ်လာ၅၄၂၄၆၈ တန်ဖိုးရှိဒီဇယ် ၁၂၆၁ တန်နဲ့ ကန်ဒေါ်လာ ၃၉၆၃၈၉ တန်ဖိုးရှိ ဓာတ်ဆီ၈၂၅တန် တင်သွင်းခဲ့သလို မြိတ်စခန်းမှ ကန်ဒေါ်လာ၃၂၇၄  တန်ဖိုးရှိ အင်ဂျင်ဝိုင် ၂ဒသမ ၄၈၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာရောင်းချနေတဲ့  ဒီဇယ်ဈေးနဲ့ ၉၅ ဈေး အနည်းငယ်မြင့်တက်ခဲ့သော်လည်း ၉၂နဲ့ အဆင့်မြင့် ဒီဇယ် မှာ ဈေး ငြိမ်နေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်  ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ၅၄၀ ကျပ်၊ အောက်တိန်း (၉၂) ၅၄၀ ကျပ်၊ အောက်တိန်း (၉၅) ၆၂၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်၅၇၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရတယ်။ သြဂုတ် ၂၉ရက်မှာဒီဇယ်ဝယ်ဈေး ၁၀၇၀၀၀ ကျပ်၊ ရောင်းဈေး ၁၀၉၀၀၀ကျပ် နဲ့အရောင်းအဝယ်ဖြစ်သော်လည်း သြဂုတ် ၃၁ ရက်မှစပြီး ဝယ်ဈေး ၁၀၄၀၀၀ ကျပ်၊ ရောင်းဈေး ၁၀၈၀၀၀ ကျပ် နဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီ ပီပါဈေးမှာ သြဂုတ် ၂၉ ရက်တွင် ဝယ်ဈေး၁၂၀၀၀၀ကျပ်၊ ရောင်းဈေး၁၂၅၀၀၀ကျပ် နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့ပဲ အရောင်း အဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဓာတ်ဆီ ဈေးငြိမ်နေပေမယ့် ဒီဇယ်ဝယ် ဈေး ၃၀၀၀ ကျပ်၊ ရောင်းဈေး ၁၀၀၀ ကျပ် ဈေးကျခဲ့တယ်လို့ သိရပါတယ်။ တစ် ဂါလန်ဈေးမှာမပြောင်းပဲ ဒီဇယ်ရောဓာတ်ဆီပါ ယခင်တစ်ပတ်ဈေးဖြစ်တဲ့ တစ် ဂါလန်၂၈၀၀-၃၀၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။           
မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကဆိုင်များတွင် ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ၊ဒီဇယ်၊အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ   ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံး ဆီဆိုင်မှာ  ရောင်းချေ နတဲ့ တစ်လီတာဈေးနှုန်းများမှာ ဓာတ်ဆီ တစ်လီတာ ၆၄၅ ကျပ်၊ ဒီဇယ် ၅၃၈ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၅၈၀ ကျပ်၊အောက်တိန်း (၉၂) ၅၈၀ကျပ်နဲ့ ရောင်းချ နေပါ တယ်။ ပြင်ပလက်လီဆိုင်များ မှာအရောင်း အဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ သြဂုတ် ၂၉ ရက်က ဒီဇယ်ဝယ်ဈေး ၁၀၇၀၀၀ ကျပ်၊  ရောင်းဈေး ၁၁၀၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြဂုတ် ၃၁ ရက်မှစပြီး ဝယ်ဈေး၊ရောင်းဈေး ၁၀၀၀ကျပ် ဈေးမြင့်ခဲ့တယ်လို့ သိရပါ တယ်။ ဓာတ်ဆီဈေးမှာ သြဂုတ် ၂၉ ရက်တွင် ဝယ်ဈေး ၁၃၀၀၀၀ ကျပ်၊ ရောင်းဈေး ၁၃၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ် လုံး ဒီဈေးနဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာဒီဇယ် ၂၆၀၀ကျပ်၊ ဓာတ်ဆီ ၃၀၀၀ ကျပ်နဲ့အရောင်း အဝယ်ဖြစ် တယ်လို့ သိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ ၊ ဒီဇယ်မှာ ယခင်တစ်ပတ်နဲ့ယှဉ်ရင်  ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက ဆိုင်မှာ ရောင်းချနေတဲ့ တစ်ဂါလန်ဈေးနှုန်းများမှာ ဓာတ်ဆီတစ်ဂါလန် ၂၅၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၆၀၀ ကျပ်နဲ့ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလန် ၂၆၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန်၂၇၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရှိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ်ဓာတ်ဆီ၊ ဒီဇယ်နဲ့အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်  ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ ဈေးများမှာ ဓာတ်ဆီ တစ်ဂါလန် ၃၀၀၀ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၅၆၅ကျပ် ၊အောက်တိန်း တစ်ဂါလန် ၂၄၇၅ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၁၀၀ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၆၀၀ ကျပ်၊အောက်တိန်း တစ် ဂါလန် ၂၅၀၀ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

      DOT

Local Trade News

Pages