တောင်ကြီးဈေးကွက်မှာ ရေခြံထွက်ပြောင်းသစ်ဝင်ရောက်

Fri, 09/22/2017 - 07:58 -- admin_ygn

တောင်ကြီးဈေးကွက်မှာ ရေ သွင်းပြောင်းလို့ခေါ်တဲ့  ရေခြံထွက်တဲ့ ပြောင်းသစ်တွေဝင်လာသလို   ပြောင်း (ဟောင်း) တွေက  ကုန်သွားသလောက် ဖြစ်နေပါပြီ။     ရေခြံပြောင်းတွေက တောင်ကြီး၊ ဆီဆိုင်၊ ရပ်စောက်  စတဲ့ မြို့တွေအပြင် လွိုင်ကော်ကလည်း ဝင် လာပါတယ်။မိုးကလည်းအဆက်မပြတ် ရွာနေတာရယ် ပြောင်းသစ်ကလည်း ရေခြံက ပြောင်းတွေဖြစ်လို့ အစိုဓာတ် တွေကတော့ များနေပါတယ်။ အသစ် ဝင်လာတဲ့ပြောင်းတွေကို တောင်ကြီးမြို့ နယ် တောင်လေးလုံး ကျေးရွာမှာရှိတဲ့ မြနဒီ  အခြောက်ခံစက်မှာ ခြောက် အောင် လှော်ပေးနေပါတယ်။ တစ်ပတ် ကို တောင်ကြီး^လွိုင်ကော်က ဝင်တဲ့ ပြောင်းက အိတ် ၁၅၀၀ ခန့် အဝင်ရှိနေ ပါတယ်။ ရာသီ ဥတုကြောင့် အစိုဓာတ် များလို့ မြနဒီ အခြောက်ခံစက်ကလည်း မလှော်နိုင်လောက်အောင် ဖြစ်နေပြီး အဝယ်တောင် ခဏရပ်ထားရတယ်လို့ သိရပါတယ်။  ရပ်စောက်မြို့နယ်က ထွက်တဲ့ ပြောင်းတွေကိုတော့ ရပ်စောက် မြို့မှာ တင်  တစ်ပိုင်တစ်နိုင်အခြောက် ခံတဲ့ စက်ရုံလေးတွေ ၁၀ လုံး ခန့်ရှိတာ ကြောင့် အဲဒီမှာပဲ  အခြောက်ခံကြပြီး ဈေးကွက်ကို  ပို့ကြတယ်လို့  သိရပါ တယ်။ ကိုးလပိုင်းအကုန်မှာတော့ ငါး လပိုင်းကစိုက်တဲ့ကုန်းခြံတွေက ပြောင်း တွေဈေးကွက်ကို ဝင်လာတော့မှာလို့ လည်း သိရပါတယ်။ ဈေးကွက်မှာတော့ ပြောင်းတစ်ပိဿာ     ပေါက်ဈေးက အဟောင်းဆိုရင် ၅၆၀ ကျပ်ရှိပြီး အသစ် ကတော့ အစိုဓာတ်ပေါ်မူတည်ပြီး ကျပ် ၂၅၀ မှ ကျပ် ၃၀၀ ဈေးပေါက်ေ ကြာင်း သိရပါတယ်။     
   ဧဧခိုင်(တောင်ကြီး)

Local Trade News

Pages