ဆန်တင်ပို့မှု လျော့ကျ

Tue, 05/03/2016 - 04:47 -- admin_ygn

ဧပြီ ၃ ရက်မှ ၉ ရက်အထိ ရက်သတ္တပတ်အတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၁၀၆ သန်းဖိုးရှိ ဆန်တန်ချိန် ၃၀၂၀ ကို တင်ပို့ခဲ့ပါတယ်။  နိုင်ငံအလိုက် တင်ပို့မှုများမှာ တရုတ်နိုင်ငံသို့ ဧည့်မထဆန် တန် ၂၀၀၀ နဲ့ ငစိန်ဆန် ၃၂၁ တန်၊ စင်ကာပူနိုင်ငံသို့ ဇီယာဆန် ၂၄၉ တန်၊ အီးယူနိုင်ငံများသို့ ပေါင်းဆန် တန် ၄၀၀နဲ့ ဧည့်မထဆန် တန် ၅၀ တင်ပို့ခဲ့ပါတယ်။ ဆန်ကွဲတင်ပို့မှုမှာ အီးယူနိုင်ငံများသို့ ၁၉၉၆ တန်နဲ့ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၅၄၅  သန်းဖိုးရှိပါတယ်။သြင်္ကန်အပြီး ဧပြီ ၁၇ ရက်မှ ၂၃ ရက်အတွင်းမှာ ကန်ဒေါ်လာ ၄၂၉၀၀ ဖိုးရှိ ငစိန်ဆန် တန် ၁၃၀ ကို ပိုလန်တစ်နိုင်ငံတည်းသို့ တင်ပို့ပြီး ကန်ဒေါ်လာ ၅၄၀၀၀ တန်ဖိုးရှိ ဆန်ကွဲတန် ၂၀၀ ကို ဘယ်လ်ဂျီယံနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ကုန်သွယ်ရေးစခန်းများမှ တင်ပို့မှုမှာ ဧပြီလ ၁၆ ရက်မှ ၂၂ ရက်အထိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၁၁၁၆ တန်နဲ့ ဧည့်မထဆန် တန် ၅၀၀၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၅၄၁၃ တန်ခန့်ကို တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ဧပြီလအတွင်း သြင်္ကန်ရုံးပိတ်ရက်များရှိတာကြောင့် ဆန်တင်ပို့မှု လျော့ကျခဲ့ပါတယ်။          
   ယဉ်ယဉ်အေး

Local Trade News

Pages