ဂန္ဓမာပန်းစိုက်ပျိုး မိသားစုများ အပိုဝင်ငွေတိုးပွားနေ

Fri, 09/22/2017 - 06:06 -- admin_ygn

       ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ ဘိုက်သရက်ကျေးရွာမှ ဥယျာဉ် ခြံစိုက်ပျိုးလုပ်ကိုင်သူများသည် ဂန္ဓမာပန်း စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ တိုးပွားလျက်ရှိကြောင်းသိရပါတယ်။ဂန္ဓမာပျိုးပင်များ ကို ယင်းမာပင် မြို့နယ်၊ ဇီးတောကျေးရွာမှ မှာယူစိုက်ပျိုး ကြပြီး ပျိုးပင်တစ်ပင်လျှင် ၈ ကျပ်နှုန်းဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးရာတွင် နှစ်ပေ အကျယ်မြေသားများပြုလုပ်၍ ပျိုးပင်တစ်ပင်နှင့် တစ်ပင်ခြောက်လက်မပတ် လည်အကွာတွင် တန်းပေး စိုက်ပျိုးကြသလို မြေဧကအကျယ်ပေါ် မူတည်၍ စိုက်ပျိုး ကြပြီး ညနေတိုင်း ရေဖျန်းပေးရပါတယ်။စတင်စိုက်ပျိုးသည့်အချိန်မှစပြီး လေးလအကြာမှာ ပန်းပွင့်စုံချိန်တွင် ကိုင်း ဖြတ်ရောင်းချကြပါတယ်။ သုံးခက်စည်းတစ်စည်းလျှင် ကျပ် ၅၀၀ ဖြင့် ရောင်းချ ရပါတယ်။ ပင်မမှသားတက်များ ဆက်လက်ထွက်လာပြီး နောက်တစ်ကြိမ် ဖြတ်ခူး ရောင်းချနိုင်ပါတယ်။ဂန္ဓမာပန်း တစ်ခါစိုက်လျှင် အနည်းဆုံး နှစ်ကြိမ်မှ သုံးကြိမ် ခန့်အထိ ပန်းပွင့်လေ့ရှိသလို သုံးကြိ မ်မြောက် ပွင့်ပြီးလျှင် အပွင့်များသေးငယ် သွားတာကြောင့် ဖယ်ရှားပြီးထပ်မံစိုက်ပျိုးကြရပါတယ်။ ဂန္ဓမာပန်းက ရာသီမရွေး စိုက်ပျိုးလို့ရပြီး ပြုစုပေးသလောက် ဝင်ငွေရတဲ့အတွက် ဂန္ဓမာပန်းစိုက်ပျိုးခြင်းဖြင့် မိသားစု ဝင်ငွေ နေ့စဉ်ရရှိလို့ အဆင်ပြေလျက်ရှိကြောင်း သိရပါတယ်။    

မိုးမိုးမြင့်

 

Local Trade News

Pages