ကြို့ပင်ကောက်နွေစပါးထက် တောင်တွင်းနွေစပါးကို လူကြိုက်များ

Tue, 07/12/2016 - 05:26 -- admin_ygn

တောင်တွင်းဒေသတို့တွင် နွေစပါးများလှိုင်လှိုင်ထွက် ရှိနေပြီဖြစ်သော်လည်း  ကြို့ပင်ကောက်   နွေစပါးထက် တောင်တွင်းဒေသမှ  ထွက်ရှိသည့် နွေစပါး များကို လူ ကြိုက်များလျက်ရှိကြောင်း သိရှိရပါသည်။ကြို့ပင်ကောက်မှ ထွက်သော  နွေစပါးများမှာ အစို ဓာတ်များခြင်း၊ အကျိုးအကျေများ၍  စပါးအရည်အသွေး ညံ့သဖြင့် အစိုဓာတ် ၂၅ ရာခိုင်နှုန်းရှိသဖြင့် ပေါင် ၅၀ စပါး တင်း ၁၀၀ လျှင်  ကျပ် ၄၆၀၀၀၀ ရှိပြီး  ဝယ်သူအကြိုက် နည်းကြောင်း သိရ သည်။
တောင်တွင်းဒေသထွက် နွေစပါးများသည် အစို ဓာတ်နည်းခြင်း၊ အကျိုးအကျေသက်သာခြင်း၊ စပါးအရည် အသွေးကောင်းခြင်းကြောင့် အစိုဓာတ် ၂၀ ရာခိုင်နှုန်းသာ ရှိသဖြင့် ပေါင် ၅၀စပါးတင်း ၁၀၀ လျှင်  ကျပ် ၅၂၀၀၀၀ ဈေး ရှိပြီး ဝယ်သူအကြိုက်များကြောင်း ဆန်စပါးရောင်း ဝယ်သူများထံမှ သိရှိရပါသည်။      

ထွန်းမင်းထွန်း-ပြည်