ကျုံပျော်မြို့နယ်တွင် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး ပီလောပီနံ စိုက်ပျိုးရေးနည်းပညာပေး သင်တန်း ဖွင့်လှစ်

Fri, 09/22/2017 - 06:08 -- admin_ygn

       ကျုံပျော်မြို့နယ်၏       ရေမြေ သဘာဝသည် ပီလောပီနံစိုက်ပျိုးရာတွင် အောင်မြေဖြစ်ထွန်းသော ဒေသတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အများ ဆုံးစိုက်ပျိုးလျက်ရှိသော မြို့နယ်တစ်ခု ဖြစ်၍ ပြည်တွင်းပြည်ပ ဈေးကွက် ဝင် ပီလော ပီနံလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက် ရေးအတွက်     အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့်     စနစ် တကျ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ဒေသခံ တောင်သူများ     ဝင်ငွေတိုးပွားလာပြီး မိမိတု့ိဒေသတွင်း  စီးပွားရေး လုပ်ငန်း များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည် ရွယ်၍ ယခုလို   သင်တန်းဖွင့်လှစ်ပို့ချ ရခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပီလောပီနံအသင်း ဥက္ကဋ္ဌ ဦးကျော်သူရ က ပြောပါသည်။
အဆိုပါ နည်းပညာပေးသင်တန်း ကို ကျုံပျော်မြို့၊ တရုတ်ဘုရားကျောင်း တွင် ဧရာဝတီတိုင်းဒေသကြီး ပီလော ပီနံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူ များ အသင်းနှင့် တရုတ်နိုင်ငံ Guangxi Cassava Research Institute မှ Pro- fessor and Deputy Director Mr.Li Jun  နှင့် Agronomist Ms.Luo Yan- chun တို့  ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး နည်းပညာပေးသင်တန်းကို စားသုံးသူ ရေးရာဦးစီးဌာန၊  မြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေး ဦးစီး ဌာန၊ တိုင်းပီလော ပီနံအသင်း  ဥက္ကဋ္ဌ ဦးကျော်သူရ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အမှု ဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျုံပျော် မြို့နှင့် လေးမျက်နှာမြို့နယ်များမှ   ပီလော ပီနံစိုက်တောင်သူ ၆၀ ဦးခန့် တက်ရောက် ခဲ့ပါသည်။စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်မှုကုန်ကြမ်းသီးနှံအဖြစ် ဈေးကွက် ရှိသော ပီလောပီနံများ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေး ပြည်ပဈေးကွက်တင်ပို့ရာတွင် အရည် အသွေးမီ တင်ပို့နိုင်ရန် သာမက ပီလော ပီနံနှင့် အခြားသီးနှံများ တွဲဖက်စိုက်ပျိုး နိုင်စေရန်နှင့် ခေတ်မီစက်ကိရိယာများ ကိုင်တွယ်အသုံးပြုတတ်စေရန် အပြင် ပြည်ပနိုင်ငံများတွင် ပီလောပီနံစနစ် တကျ စိုက်ပျိုးထုတ်လုပ်မှု၊ ကုန်ချော ထုတ်လုပ်မှု၊ အသုံးပြု မှု၊ ဈေးကွက် အခြေအနေတို့ကို ပရိုဂျက်တာဖြင့် ရှင်း လင်း သင်ကြားပို့ချပေးပြီး တက်ရောက် လာသူများမှလည်း သိလိုသည်များကို မေးမြန်းခဲ့ရာ သင်တန်းမှ တာဝန်ရှိ ဆရာ များက ပြန်လည် ဆွေးနွေးဖြေကြားပေး ခဲ့သည်။                   
   မင်းမင်းဦး (ပုသိမ်)

 

Local Trade News

Pages