၂၀၁၅ ခုနှစ်ဘတ်ဂျက်တွင် စင်ကာပူက စီးပွားရေးလုပ်ငန်းကုန်ကျစရိတ်လျှော့ချပြီး အက်စ်အမ်အီးများကိုကူညီမည်

Wed, 12/17/2014 - 10:33 -- admin_ygn

   စီးပွားရေးလုပ်ငန်းများ၏  ကုန်ကျစရိတ်ကိုလျှော့ချခြင်း၊ နိုင်ငံခြားလုပ်သားမူဝါဒကို   ညှိနှိုင်းဆောင်ရွက်ခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်းများက ပင်လယ်ရပ်ခြားတွင် လုပ်ငန်းထူထောင်ခြင်း၊ သုတေသနနှင့်ဖွံ့ဖြိုးရေးအစီအစဉ်များကိုကူညီခြင်းစသည့် လုပ်ငန်းများကို စင်ကာပူနိုင်ငံ၏ ၂၀၁၅ ဘတ်ဂျက်တွင် အလေးပေးဖော်ပြထားကြောင်း စင်ကာပူစီးပွားရေးလုပ်ငန်းဖက်ဒရေးရှင်း (Singapore Business Federation-SBF) ရဲ့ ပြောကြားချက်ကို ကိုးကားပြီး စီအင်အေသတင်းမှာဖော်ပြပါတယ်။
   SBF နဲ့အတိုင်ပင်ခံအဖွဲ့ PwC တို့ပူးပေါင်းပြီး ဒီဇင်ဘာ ၈ ရက်က ၂၀၁၅ ခုနှစ်ဘတ်ဂျက်အကြိုဆွေးနွေးပွဲကိုကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ရေနံဈေးနှုန်းတွေကျဆင်းမှု၊  တရုတ်စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးမှုနဲ့ ကမ္ဘာ့ဘဏ္ဍာရေးပတ်ဝန်းကျင်ပြောင်းလဲမှုစတဲ့ မကြာသေးမီကကြုံတွေ့ရတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကြောင့် စင်ကာပူကုမ္ပဏီ များအတွက်  အခွင့်အလမ်းတွေနဲ့စိန်ခေါ်မှုတွေပေါ်ပေါက်ခဲ့ကြောင်း SBF ကပြောပါတယ်။ နိုင်ငံခြားကိုထွက်ခွာပြီးလုပ်ငန်းဆောင်ရွက်ကြမယ့် စီးပွားရေးလုပ်ငန်းတွေအတွက်  အစိုးရရဲ့ ထောက်ပံ့မှုမှန်ကန်ဖို့အရေးကြီးကြောင်း PwC ကပြောပါတယ်။
   '' ကမ္ဘာ့နေရာအနှံ့အပြားမှာ အခွန်စနစ်ပြုပြင်ပြောင်းလဲမှုနဲ့  ဘဏ္ဍာ ရေးဆိုင်ရာတော်လှန်ရေးတွေ ဖြစ်နေပါတယ်။   ဒါကြောင့် အထူးသဖြင့် ကျွန်တော်တို့ရဲ့ အက်စ်အမ် အီးတွေက အပြည်ပြည်ဆိုင်ရာဈေးကွက်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို နားလည်ဖို့လိုပါတယ်လို့'' PwC Singapore ရဲ့ ဈေးကွက်ခေါင်းဆောင် အဘီဂျစ်ဂို့ရှ်ကပြောပါ တယ်။
    ဒါမှလည်း  အစိုးရကစာချုပ်တွေ ပြန်ချုပ်ဖို့  သို့မဟုတ်စာချုပ်အသစ်တွေ ချုပ်ဆိုဖို့   ဆောင်ရွက်ပေးသွားနိုင်မှာဖြစ်ပါတယ်။  စီးပွားရေးအသိုက်အဝန်းများထဲမှ  အမြင်သဘော ထားများကို SBF ရယူပြီးနောက် လာမယ့်နှစ်မှာဖြစ်ပေါ်လာမယ့် လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

ဉာဏ်တင်

International Trade News

Pages