အိန္ဒိယနိုင်ငံက ရွှေထိန်းချုပ်မှုကို ပယ်ဖျက်

Wed, 12/17/2014 - 10:42 -- admin_ygn

   အိန္ဒိယနိုင်ငံရဲ့ အရန်ငွေကြေးအခြေအနေ ကောင်းမွန်မှုကြောင့် နိုင်ငံခြား  ငွေပေးငွေယူရှင်းတမ်းလိုငွေပြမှု မြင့်တက်လာမှာကို စိုးရိမ်မှုမရှိတော့ကြောင်း ဘဏ္ဍာရေးဝန်ကြီး  အရန်ဂျိတ်တလေက ဒီဇင်ဘာ ၉ ရက်နေ့က ပြောပါတယ်။ ရွှေတင်သွင်းမှုကိုထိန်းချုပ်တာလွန်ကဲလာရင် ရွှေတွေက မှောင်ခိုဈေးကွက်ထဲကို  ဝင်ရောက်သွား တတ်တဲ့အတွက် အလွန်ဆိုးဝါးတဲ့ကိစ္စတွေဖြစ်မှသာ  တင်းကျပ်တဲ့ အစီအမံတွေဆောင်ရွက်ဖို့ အစိုးရကစဉ်းစားမှာ ဖြစ်ကြောင်း မစ္စတာဂျိတ်တလေကပြောပါတယ်။ ပို့ကုန်ကျဆင်းလာတာနဲ့ သွင်းကုန်တွေမြင့်မားလာတာကြောင့် ကုန်သွယ်မှုလိုငွေမြင့်မားခဲ့ပါတယ်။ ဒါကြောင့် ယခုနှစ်ဒုတိယသုံးလပတ်မှာ ပြည်ပငွေပေးငွေယူရှင်းတမ်းမှာ လိုငွေပြခဲ့တာကိုတွေ့ရပါ တယ်။
   နိုင်ငံခြားငွေပေးငွေယူရှမ်းတမ်း လိုငွေပြမှုဟာ နိုင်ငံခြားငွေကြေးတွေ အဝင်နဲ့ အထွက်အသားတင်ခြားနား ချက်တွေဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားငွေပေးငွေယူရှင်း တမ်းက ၂၀၁၂-၁၃ ခုနှစ်ဘဏ္ဍာရေးနှစ်မှာ ၄ ဒသမ ၇ ရာခိုင်နှုန်းရှိရာကနေ ၂၀၁၃-၁၄ ခုနှစ်မှာ ၁ ဒသမ ၇ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပါတယ်။ ယခုလိုကျဆင်းရတာက ပို့ကုန် လုပ်ငန်းတွေအနည်းငယ် မြင့်တက်တာနဲ့ သွင်းကုန်အထူးသဖြင့် ရွှေတင်သွင်းမှုအကြီးအကျယ်ကျဆင်းခဲ့လို့ဖြစ်ပါတယ်။
   ကမ္ဘာ့ရေနံဈေးနှုန်းတွေကျဆင်း လို့ နိုင်ငံခြားငွေပေးငွေယူ ရှင်းတမ်းလိုငွေပြမှု ၂ ဒသမ ၁ ရာခိုင်နှုန်းအထိ ကျဆင်းတာက ဘဏ္ဍာရေးဝန်ကြီးပြောသလို ဝမ်းသာလောက်တဲ့ ကိစ္စမဟုတ်သေးကြောင်း ကွန်ဂရက်ပါတီ ခေါင်းဆောင် အာနန်ရှားများကပြောပါတယ်။ ရေနံတင်သွင်းမှုစရိတ်က အကြီးအကျယ်ကျဆင်းခဲ့ပေမယ့် နိုင်ငံရဲ့ သွင်းကုန်စရိတ် က မြင့်တက်နေပြီး ပို့ကုန်တွေကျဆင်းနေတဲ့ အခြေအနေက စိုးရိမ်စရာကောင်းကြောင်း သူကပြောပါတယ်။
   အစိုးရက  ရွှေတင်သွင်းတာကို ကန့်သတ်ပြီးတဲ့နောက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ နိုင်ငံခြားငွေပေးငွေရှင်းတမ်းလိုငွေပြမှုကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီနောက်ပိုင်း ၂၀၁၄ ခုနှစ် မှာ ကန့်သတ်ချက်တချို့ကိုရုပ်သိမ်းခဲ့ပါတယ်။

ဉာဏ်တင်

International Trade News

Pages