အင်ဒိုနီးရှားနိုင်ငံတွင် အီးယူ၏ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၄ ဘီလီယံအထိရှိနေ

Tue, 12/23/2014 - 09:37 -- admin_ygn

   ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ အင်ဒိုနီးရှားနိုင်ငံတွင် အီးယူ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၄ ဒသမ ၀၁ ဘီလီယံခန့်ရှိ ခဲ့ပြီး အီးယူသည် အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအများဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်ဒေသဖြစ်လာခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ အီးယူ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံခန့် ရှိခဲ့ပါသည်။ ၂၀၁၃ ခုနှစ် တွင် အီးယူသည် အင်ဒိုနီးရှားနိုင်ငံရှိ ဓာတုဗေဒနှင့် ဆေးဝါးလုပ်ငန်းကဏ္ဍ၌ အများ ဆုံးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပြီး ပမာဏတန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၁၆ ဘီလီယံခန့် ရှိခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အီးယူသည် သတ္တုလုပ်ငန်းကဏ္ဍ၌ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၅၀၃ သန်းခန့်ပြုလုပ်ခဲ့ကာ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ၌ တတိယအများဆုံး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉၇ သန်းခန့် ပြုလုပ်ခဲ့ပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့

 

International Trade News

Pages