သြစတြေးလျအရှေ့ပိုင်းကမ်းခြေတွင် မိုးသီးမုန်တိုင်းတိုက်ခတ်ရာ အမေရိကန်ဒေါ်လာ ၈၅ သန်းကျော်ဖိုး ပျက်စီးဆုံးရှုံး

Fri, 12/05/2014 - 12:24 -- admin_ygn

   သြစတြေးလျနိုင်ငံ အရှေ့ဘက်ကမ်းခြေတွင် အင်အားပြင်းထန်သည့်  မုန်တိုင်းနှင့်အတူ မိုးသီးများပါကြွေကျလာခဲ့ရာ ပျက်စီးဆုံးရှုံးမှုများမှာ သြစတြေးလျဒေါ်လာသန်းပေါင်း ၁၅၀ အထိ ရောက်ရှိသွားကြောင်းကွင်းစလန်ပြည်နယ်ဝန်ကြီးချုပ် ကမ်းဘဲလ်နယူးမန်းကပြောကြားခဲ့သည်။
   နိုဝင်ဘာလ ၂၇ရက်နေ့က တိုက် ခတ်ခဲ့သည့်   အဆိုပါမုန်တိုင်းသည် အင်အားအလွန်ပြင်းထန်ခဲ့ရာ   တစ်နာ ရီလျှင် ကီလိုမီတာ ၁၄၀ အထိရှိခဲ့သည်ဟု သြစတြေးလျ မိုးလေဝသဌာနက သတင်းထုတ်ပြန်ခဲ့သည်။
   အင်အားပြင်းမုန်တိုင်းနှင့်အတူ မိုးသီးများပါ ဆက်တိုက်ကြွေကျခဲ့သဖြင့်  ပျက်စီးဆုံးရှုံးမှုပမာဏများပြားရခြင်းဖြစ်သည်ဟုဆိုသည်။ မိုးသီးများ၏ အရွယ်အစားမှာ တင်း နစ်ဘောလုံး အရွယ်အစားခန့်ရှိသဖြင့်  မော်တော်ကားမှန်များ၊ အဆောက်အအုံများမှာများစွာ  ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ထို့ပြင် လေယာဉ်အငယ်စားလေးများမှာလည်း ပျက်စီးခဲ့ ရကြောင်း၊  သတ္တု ဖြင့် ပြုလုပ်ထားသည့်အိမ်ခေါင်မိုးများမှာလည်း မိုးသီးများကြောင့် ပျက်စီးခဲ့ရကြောင်းဖြင့် ကွင်းစလန်ပြည်နယ် ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
  အဆိုပါမုန်တိုင်းသည်နှစ်ပေါင်း ၃၀အတွင်း ဘရစ္စဘိန်းမြို့တွင် တိုက်ခတ်သည့်မုန်တိုင်းများအနက် အပြင်းထန်ဆုံးမုန်တိုင်းဖြစ်သည်ဟုဆိုသည်။ မုန်တိုင်းကြောင့်လမ်း များပေါ် တွင်ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ရသည်။
   ''မုန်တိုင်းက  သိပ်ကိုပြင်းထန်လွန်းပါတယ်။  မိုးသီးထိမှန်တာတွေကြောင့် ဒဏ်ရာရရှိသူ အနည်းအကျဉ်းလောက်ရှိပေမယ့် ဒဏ်ရာပြင်းထန်တဲ့သူမရှိပါဘူး။ ပျက်စီးမှုပမာဏ ကတော့ သြစတြေးလျဒေါ်လာသန်း ၁၅၀ အထိရှိနေပါပြီ''ဟု ကွင်းစလန်ပြည်နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
   ယင်းကဲ့သို့မုန်တိုင်းကျရောက်မှုကြောင့် လျှပ်စစ်မီးများပြတ်တောက်ခဲ့ရပြီး နိုဝင်ဘာလ ၂၉ရက်နေ့တွင်မှ လျှပ်စစ်မီးများ ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

မယ်သီတာ

 

International Trade News

Pages