ယက်ကန် ယက်ကန် စီးပွားရေးကြားက တိုးပွားလာနေသော ကိုရီးယား One-Price Shops များ

Fri, 01/16/2015 - 12:41 -- admin_ygn

   ကိုရီးယားစီးပွားရေးသိပ်မကောင်းလှသော အခြေအနေတွင် ပြည်တွင်းစားသုံးသူများက ပိုက်ဆံအိတ်များကို သိပ်မဖွင့်လိုသော်လည်း ဈေးသက်သာသော လူသုံးကုန်ပစ္စည်း အရောင်း ဆိုင်များတွင်တော့ ပိုက်ဆံအိတ်များ မဖြစ်မနေဖွင့်ရသည့် အနေအထားဖြစ်နေပါသည်။ ဂျပန်တွင်ယန်း ၁၀၀ ဆိုင်များကို ဖွင့်လှစ်လုပ်ကိုင်နေသော Daiso Korea  လက်လီအရောင်းဆိုင်များတွင် ကော်ဖီခွက်များ၊ ပန်းကန်ဆေးရေမြှုပ်များ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ဈေးနှုန်း ဝမ် ၅၀၀ မှ ဝမ် ၅ç၀၀၀ ကြားရှိ တန်ဖိုးနည်းလူသုံးကုန်ပစ္စည်း များ ရောင်းချလျှက်ရှိပါသည်။ Daiso ဆိုင်များ၏ ပျမ်းမျှလူသုံး ကုန်ပစ္စည်းများ ဈေးနှုန်းသည် ဝမ် ၁,၂၀၀(USD 1 = ဝမ် ၁,၀၈၈) ဖြစ်ပါသည်။
   ၁၉၉၇ ခုနှစ်က  Cheonho-dong  မြို့တွင် Daiso ဆိုင်စတင် ဖွင့်လှစ်ကတည်းက ယင်းနှစ်တွင် အရောင်းတန်ဖိုး ဝမ် ၁ ထရီလီယံ ရရှိခဲ့သည်။ ယင်းပမာဏသည် Daiso Korea ဆိုင်သည် ဝမ် ၁,၂၀၀ တန်ဖိုးရှိသော ကုန် ပစ္စည်းအမယ်ပေါင်း ၂ ဒသမ ၃၉ သန်း ခန့် နေ့စဉ်ရောင်းချ နေရသည်နှင့် တူညီသည်။ ဈေးဝယ်သူ ငါးသိန်းခန့်သည် Daiso ဆိုင်များသို့ နေ့စဉ်လာရောက်ဈေးဝယ်ကြသည်။  တည်ခင်းရောင်းချရသည့်ပစ္စည်းများကို ရောင်းချရာတွင် ဝယ်ယူရသည့် ဈေးနှုန်းများတက်နေခြင်းကိုကာမိအောင် ပြန် လည်ရောင်းချ ရသည့်အခါ ဈေးနှုန်းကိုက်ဖို့အတွက် ကုန်ကျစရိတ်များကိုသာ ဖြတ်တောက် ခြင်းနည်းလမ်းကို အသုံးပြုသင့်ပါ ကြောင်း၊ တစ်ဆင့်ပြန်လည်ရောင်းချ သည့် ကုန်ပစ္စည်းများကိုဝယ်ယူရာတွင် ဈေးနှုန်းမြင့်တက်မှုမရှိစေရန်အတွက် ကုန်ကျစရိတ်များကိုလျော့ချသည့်နည်းလမ်းအား အသုံးပြုခြင်းဖြင့်ဈေးနှုန်းသင့်တင့်မျှတမှုရှိအောင် ပြု လုပ်နေသည် ဟု Daiso  ကုမ္ပဏီ၏ စီအီးအို ဖြစ်သူ Park Jung-boo ကပြောဆိုသည်။
   ဈေးသက်သာသော ကုန်ပစ္စည်းများ အရောင်းတက်လာခြင်းကို အဝတ်အထည်များနှင့် အလှကုန်ပစ္စည်းများ ရောင်းချခြင်းလုပ်ငန်းတို့တွင်လည်း တွေ့နိုင်သည်။ ဂျပန်ကုမ္ပဏီ UNIQLOအဝတ်အထည်ဆိုင်ခွဲများ၏ ကိုရီးယားနိုင်ငံတွင်း အရောင်းစံချိန်သည် ၂၀၁၃ စက်တင်ဘာလမှ ယခုနှစ် သြဂုတ်လ အထိ ကျန်ခဲ့သော ၁၂ လ တာ ကာလ ထက် ၃၀ ရာခိုင်နှုန်းတက်လာပြီး၊ ဝမ် ၈၉၅ ဒသမ ၄ ဘီလီယံဖိုးရှိခဲ့သည်။  UNIQLO ၏ ဝမ် ၉,၉၀၀ တန်ဖိုးရှိ ဆောင်း ကာလဝတ်အတွင်းခံနှင့် ဝမ် ၂၉,၉၀၀ တန်ဖိုးရှိ ဂျင်းဘောင်းဘီ များ အရောင်းစံချိန် အထူးတိုးတက်ခဲ့သည်။ UNIQLO သည် ၎င်း၏ပြိုင်ဘက်များ ဖြစ်သော North Face နှင့် Bean Pole တို့အား ဝင်ငွေအရာတွင်များစွာ အသာစီးရသွားပြီ ဟု ဈေးကွက်လေ့လာသူများက သုံးသပ်ခဲ့ကြသည်။ UNIQLO အရောင်းဆိုင်များသည် ၂၀၀၅ ခုနှစ် တွင် လေးခုသာရှိရာမှ ယခုအခါ ကိုရီးယားနိုင်ငံအနှံ့ ဆိုင်ခွဲပေါင်း ၁၃၈ ဆိုင်အထိရှိလာပြီဖြစ်သည်။
   ဈေးသက်သာသည့် အလှကုန်ပစ္စည်းများဖြစ်သော Face Shop နှင့် Innisfree တို့သည်လည်း ကိုရီးယားတွင် ပိုမိုကျော်ကြားလာခဲ့သည်။  Face Shop သည် ဈေး သက်သာသော အလှ ကုန်ပစ္စည်းများကြားတွင် နံပါတ်တစ်ဖြစ်သည်။ ယမန်နှစ်က ဝမ် ၅၀၀ ဘီလီ ယံ အရောင်းစံချိန်ရှိခဲ့ပြီး၊ ယခုနှစ်တွင် ဝမ် ၆၀၀ ဘီလီယံအထိ အရောင်း ဝင်ငွေရှိနိုင်သည်ဟု ခန့်မှန်းထားခဲ့သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဆိုးလ်မြို့