ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်အတွက် ကုန်သွယ်မှုအကူအညီကအရေးပါ။

Mon, 07/25/2011 - 03:34 -- Anonymous (not verified)

ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက်ကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ဖို့အတွက် ကုန်သွယ်မှုအကူအညီ ကအရေးပါကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ဇူလိုင် ၁၉ ရက်ကပြောပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(ဒဗလျူတီအို)က ကျင်းပပေးတဲ့ တတိယအကြိမ်ကုန်သွယ်မှု အကူအညီ ကမ္ဘာလုံးဆိုင်ရာ သုံးသပ်မှု အစည်းအဝေးမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကုန်သွယ်မှုအကူအညီ ရရှိဖို့အတွက် အရင်းအမြစ်များ ကြိုးစားစုစည်းခဲ့ခြင်းကို ဘန်ကချီးကျူးပြောကြားခဲ့ပါတယ်။

ကမ္ဘာပေါ်ရှိဖွံ့ဖြိုးဆဲနိုင်ငံတွေက ကမ္ဘာ့စီးပွားရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်လာဖို့အတွက် အကူအညီပေးဖို့နဲ့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်လာဖို့အတွက် အကူအညီပေးဖို့နဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေကို ဒီနိုင်ငံတွေခံစားနိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း က ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းကို ကုန်သွယ်မှုအကူအညီ ကရောင်ပြန် ဟပ်ပေးနိုင်လိမ့်မယ်လို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် က ပြောပါတယ်။